သတင်းပေါက်ကြားမူကြောင့် ကြို့ပင်ကောက် PDF စခန်းစီးနင်းခံရပြီး၊ ရဲဘော်အများအပြားဖမ်းဆီးခံရ\
သတင်းပေါက်ကြားမူကြောင့် ကြို့ပင်ကောက် PDF စခန်းစီးနင်းခံရပြီး၊ ရဲဘော်အများအပြားဖမ်းဆီးခံရ
ကြို့ပင်ကောက်

ပဲခူးရိုးမအနောက်ခြမ်းမှာတပ်စွဲထားတဲ့ ကြို့ပင်ကောက် ပီဒီအက်ဖ်စခန်းဟာ သတင်းပေါက်ကြားမှုကြောင့် သြဂုတ်လ ၂၆ ရက်မနေ့က စစ်ကောင်စီတပ်တွေရဲ့ စီးနင်းမှုကိုခံခဲ့ရပြီး စခန်းကျကာ ရဲဘော် ၁၉ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်
စစ်ကောင်စီစစ်ကြောင်းက စခန်းကိုအလွယ်တကူသိမ်းယူကာ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်
“စခန်းကျသွားတယ်၊ စခန်းမှာ ရဲဘော် ၅၀ ရှိပြီး ၁၉ ဦး ဖမ်းဆီးခံလိုက်ရတယ်၊ ၁၁ ဦးလည်း ပျောက်ဆုံးတယ်ဆိုပေမယ့် အချို့ အဆက်အသွယ်ရထားပါတယ်၊ နောက်တခုရှိတာက ကျနော်တို့စခန်းမှာ လအတော်ကြာနေသွားပြီး

စခန်းရဲ့ အတွင်းရေးကို အကုန်သိတဲ့ ကြို့ပင်ကောက် တိုင်းဒေသကြီးလွှတ်တော်အမတ် အောင်ကိုမင်းက စခန်းကနေ လွန်ခဲ့တဲ့လေးလလောက်က ပျောက်သွားပြီး ပြီးခဲ့တဲ့ ၁ လလောက်က စစ်ကောင်စီဆီမှာ လက်နက်ချသွားတာရှိတယ်
အဲလိုပဲ ကျနော်တို့ စခန်းက ဘဦးကလည်း လွန်ခဲ့တဲ့ ၁၅ ရက်လောက်က အညံ့ခံသွားတယ်၊ ဒါဟာ သတင်းပေါက်ကြားမှုကြောင့် စခန်းကို ကြက်ကလေး ဌက်လေး ဖမ်းသလို ဝင်ဖမ်းသွားတာလို့ ပြောလို့ရတယ်” လို့ စခန်းရဲ့ တာဝန်ခံက ပြောပါတယ်
စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ဖို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ ကလမ်းကြောင်းတခုကို ဆွဲမိုင်းဆွဲဖို့ ပြင်ဆင်နေချိန်မှာ စခန်းတည်နေရာကို သတင်းပေါက်သွားတဲ့အတွက် စခန်းအနီးကို ရောက်လာတဲ့

စစ်သား ၂ ဦးနဲ့ အနီးဆုံးနေရာမှာရှိနေတဲ့ မြေပြင်စခန်းတာဝန်ခံ တပ်ခွဲမှူးအဂ္ဂက AK 47 နဲ့အချက် ၂၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီက လက်နက်ကြီး ၈ ချက်ပစ်ကာ စခန်းကိုဝင်ရောက် စီးနင်းခဲ့တာလို့လည်း သိရပါတယ်
အဲဒီစခန်းကို အရင်ကစီးနင်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ထိုးဖောက်ဖို့ မလွယ်တာကြောင့် စစ်ကောင်စီတပ်တွေဟာ အနီးဝန်းကျင်မှာပဲ တပ်စွဲနေခဲ့ရတယ်လို့လည်း သိရပါတယ်

Credit -ေျမလတ္အသံ

Credit -မြေလတ်အသံ