facebook သုံးသူများအားလုံးအရေးကြီးသတင်းပါ စ-စ်ကောင်စီကို ဆ-န့်ကျင်သည့် လူမှုကွန်ရက်စာမျက်နှာအောက်တွင် မှတ်ချက် ရေးသူကို စ-စ်ကောင်စီတ-ပ်….

စစ်ကောင်စီကို ဆန့်ကျင်သည့် လူမှုကွန်ရက်စာမျက်နှာအောက်တွင် မှတ်ချက် ရေးသူကို စစ်ကောင်စီတပ်ဖမ်းဆီး

မန္တလေး(မဇ္ဈိမ)။ ။ စစ်ကောင်စီကို ဆန့်ကျင်သည့် လူမှုကွန်ရက်စာမျက်နှာ အောက်တွင် မှတ်ချက်ရေးသည့် Facebook သုံးစွဲသူ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မန္တလေးမြိုတွင်နေထိုင်သူ Ma Linn Khit အမည်ဖြင့် Facebook အသုံးပြုနေသည့် အဆိုပါအမျိုးသမီးသည် မန္တလေး လမ်း ၃၀ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရေးသားထားသော ပို့စ်တစ်ခုတွင် ၎င်း၏ယူဆချက်ကို မှတ်ချက်ပြု Comment ဝင်ရောက်ရေးသားခဲ့ရာမှ စစ်ကောင်စီ၏ လော်ဘီများက ယခုကဲ့သို့ အသုံးချ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မလင်းခေတ်က သပြေညိုသတင်းလွှာအောက်ကပို့စ်တစ်ခုမှာ Comment ဝင်ရေးတာကို စစ်လော်ဘီတွေက Screen Shot ရိုက်ယူထားပြီး ဖမ်းခိုင်းတယ်။ အဲဒါကို စစ်တပ်ကဝင်ဖမ်းသွားတာ။ ဖမ်းခေါ်သွားပြီး အခု ဘယ်ရောက်နေလဲမသိလို့ မိသားစုက စိတ်ပူနေကြတယ်” ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ထိုသို့ ဥပဒေမဲ့ ဖမ်းဆီးနေခြင်းကို စစ်ကောင်စီ၏ ဝါဒဖြန့် နေ့စဉ်ထုတ် သတင်းစာများတွင် “ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံဆော် ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ” ခေါင်းစဉ်ဖြင့် နေ့စဉ်ဖော်ပြနေသည်ကို တွေ့ရသည်။

“မန္တလေးမှာ တော်လှန်ရေးနဲ့ဆန့်ကျင်ဘက် စစ်လော်ဘီအုပ်စုရဲ့ Telegram Channel ရှိတယ်။ လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)ကလုပ်ထားတာလို့သိရတယ်။ အဲ့ဒီမှာ စစ်တပ်အသိုင်းအဝန်းပါတယ်။ ကြံ့ခိုင်ရေးတွေ ၊ မဘသတွေပါတယ်။ နောက်ပြီးတော့ စစ်တပ် ထောက်ခံတဲ့သတင်းသမားတချို့ပါတယ်။ Facebook ပေါ်ကနေစောင့် ကြည့်ပြီး စစ်တပ်ဆန့်ကျင်သူတွေကို အထောက်အထားယူပေးတယ်။ ဝါဒဖြန့်တယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်အုပ်စုလော်ဘီများသည် စစ်ကောင်စီဆန့်ကျင်ရေးပို့စ်များနှင့် သတင်းများ အောက်တွင် Comment ဝင်ရေးသူများအား နာမည်နှင့်တကွလိုက်လံစုံစမ်းကာ၊ ဖမ်းဆီးစေခိုင်းခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများပြုလုပ်နေ၍ မိမိတို့၏ Facebook အကောင့်များကို Locked ချထားကြရန် တော်လှန်ရေးအင်အားစုများက အသိပေးလျက်ရှိသည်။

စာတည်း။ ။မောင်ကောင်း
credit

Leave a Reply

Your email address will not be published. Required fields are marked *