မန္တလေး လမ်း(၃၀) မှားယွင်းပ-စ်ခ-တ်မှု မိသားစုကို တောင်းပန်


မန္တလေး လမ်း(၃၀) မှားယွင်းပစ်ခတ်မှု Tiger Force Mandalay အဖွဲ့ မိသားစုကို တောင်းပန်

MFP ၊ ဩဂုတ် – ၂၄

မန္တလေးမြို့ လမ်း (၃၀) နဲ့ (၅၇)လမ်းထောင့်မှာ မနေ့က ဖြစ်ပွါးခဲ့တဲ့ မှားယွင်းပစ်ခတ်မှုမှာ သေဆုံးသွားတဲ့မိသားစုနဲ့ ပြည်သူကို ညိုးငယ်စွာ တောင်းပန်တယ်လို့ Tiger Force Mandalay အဖွဲ့ တာဝန်ခံ ဗိုလ်လရောင်က ပြောပါတယ်။

ဖရဲသီးရဲ့ သတင်းပေးမှုအရ CID ရဲမှူး စိုးကိုကိုဟာ စစ်အုပ်စုအတွက် လျှို့ဝှက်စွာ တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုင်ကယ်နံပါတ်၊ လူပုံစံ၊ ယူနီဖောင်းနဲ့ပုံ၊ အိမ်အဝင်အထွက် အားလုံး ပေးပို့လာတာကြောင့် စုံစမ်းထောက်လှမ်းခဲ့ရာ အချက်အလက်တွေ ကိုက်ညီတဲ့အတွက် ရှင်းလင်းဖို့ လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး မရည်ရွယ်ဘဲ လူမှားပစ်ခဲ့မိတာကြောင့် အင်မတန် စိတ်မကောင်းဖြစ်ရတယ်လို့ Tiger Force Mandalay ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ကျွန်တော်တို့ အချက်အလက်တွေ ပေါက်သွားပြီး လုံခြုံရေးအရ ရှောင်နေရလို့ ခုမှ သေချာစုံစမ်းပြီး တောင်းပန်စာ ထုတ်ရတာပါ၊ ကျွန်တော်တို့က ပြည်သူ ကာကွယ်ဖို့နဲ့ အာဏာရှင်တော်လှန်ဖို့ အတွက်ပဲ လက်နက်ကိုင်တာပါ၊ ခုလို ပြည်သူကို မရည်ရွယ်ဘဲ မှားပစ်မိလို့ အတော်လေး စိတ်ထိခိုက်ရပါတယ်။

နစ်နာသူမိသားစုအတွက်လည်း အလွန်ဝမ်းနည်း စိတ်မကောင်းဖြစ်မိပါတယ်။ သေချာလေ တောင်းပန်ချင်ပေမယ့် လုံခြုံရေးအရ ရှောင်နေရလို့ပါ “ လို့ ဗိုလ်လရောင်က MFP ကို ပြောဆိုပါတယ်။

မှားယွင်းပစ်ခတ်မှုပြီးတဲ့နောက် CID ရဲမှူးဟာလည်း ဖြစ်စဉ်အနီးနားမှာ ရပ်ကြည့်နေခဲ့တယ်လို့ သတင်းပေးတွေပြောဆိုချက်အရ သိရပြီး အခုအခါမှာ ရဲမှူးဟာ မိသားစုနဲ့ပါ အဆက်အသွယ် ပြတ်နေတယ်လို့ ထပ်မံကြားသိရတဲ့အတွက် ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မရည်ရွယ်ဘဲဖြစ်သွားတဲ့အမှားအတွက် အခြားမည်သည့်တော်လှန်ရေးအဖွဲ့အစည်းနဲ့မှ မသက်ဆိုင်ဘဲ မိမိတို့မှာသာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိပြီး နစ်နာသူမိသားစုနဲ့တကွ မိဘပြည်သူတွေကို အနူးအညွတ် တောင်းပန်ပြီး နောင်တစ်ချိန်မှာ အပြစ်အတွက် ခံယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မႏၲေလး လမ္း(၃၀) မွားယြင္းပစ္ခတ္မႈ Tiger Force Mandalay အဖြဲ႕ မိသားစုကို ေတာင္းပန္

MFP ၊ ဩဂုတ္ – ၂၄

မႏၲေလးၿမိဳ႕ လမ္း (၃၀) နဲ႔ (၅၇)လမ္းေထာင့္မွာ မေန႔က ျဖစ္ပြါးခဲ့တဲ့ မွားယြင္းပစ္ခတ္မႈမွာ ေသဆုံးသြားတဲ့မိသားစုနဲ႔ ျပည္သူကို ညိဳးငယ္စြာ ေတာင္းပန္တယ္လို႔ Tiger Force Mandalay အဖြဲ႕ တာဝန္ခံ ဗိုလ္လေရာင္က ေျပာပါတယ္။

ဖရဲသီးရဲ့ သတင္းေပးမႈအရ CID ရဲမႉး စိုးကိုကိုဟာ စစ္အုပ္စုအတြက္ လၽွို႔ဝွက္စြာ တာဝန္ထမ္းေဆာင္ေနတယ္လို႔ ဆိုင္ကယ္နံပါတ္၊ လူပုံစံ၊ ယူနီေဖာင္းနဲ႔ပုံ၊ အိမ္အဝင္အထြက္ အားလုံး ေပးပို႔လာတာေၾကာင့္ စုံစမ္းေထာက္လွမ္းခဲ့ရာ အခ်က္အလက္ေတြ ကိုက္ညီတဲ့အတြက္ ရွင္းလင္းဖို႔ လုပ္ေဆာင္ခဲ့ရတာျဖစ္ၿပီး မရည္ရြယ္ဘဲ လူမွားပစ္ခဲ့မိတာေၾကာင့္ အင္မတန္ စိတ္မေကာင္းျဖစ္ရတယ္လို႔ Tiger Force Mandalay ရဲ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

“ ကၽြန္ေတာ္တို႔ အခ်က္အလက္ေတြ ေပါက္သြားၿပီး လုံျခဳံေရးအရ ေရွာင္ေနရလို႔ ခုမွ ေသခ်ာစုံစမ္းၿပီး ေတာင္းပန္စာ ထုတ္ရတာပါ၊ ကၽြန္ေတာ္တို႔က ျပည္သူ ကာကြယ္ဖို႔နဲ႔ အာဏာရွင္ေတာ္လွန္ဖို႔ အတြက္ပဲ လက္နက္ကိုင္တာပါ၊ ခုလို ျပည္သူကို မရည္ရြယ္ဘဲ မွားပစ္မိလို႔ အေတာ္ေလး စိတ္ထိခိုက္ရပါတယ္။

နစ္နာသူမိသားစုအတြက္လည္း အလြန္ဝမ္းနည္း စိတ္မေကာင္းျဖစ္မိပါတယ္။ ေသခ်ာေလ ေတာင္းပန္ခ်င္ေပမယ့္ လုံျခဳံေရးအရ ေရွာင္ေနရလို႔ပါ “ လို႔ ဗိုလ္လေရာင္က MFP ကို ေျပာဆိုပါတယ္။

မွားယြင္းပစ္ခတ္မႈၿပီးတဲ့ေနာက္ CID ရဲမႉးဟာလည္း ျဖစ္စဥ္အနီးနားမွာ ရပ္ၾကည့္ေနခဲ့တယ္လို႔ သတင္းေပးေတြေျပာဆိုခ်က္အရ သိရၿပီး အခုအခါမွာ ရဲမႉးဟာ မိသားစုနဲ႔ပါ အဆက္အသြယ္ ျပတ္ေနတယ္လို႔ ထပ္မံၾကားသိရတဲ့အတြက္ ဆက္လက္စုံစမ္းေနတယ္လို႔ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

မရည္ရြယ္ဘဲျဖစ္သြားတဲ့အမွားအတြက္ အျခားမည္သည့္ေတာ္လွန္ေရးအဖြဲ႕အစည္းနဲ႔မွ မသက္ဆိုင္ဘဲ မိမိတို႔မွာသာ တာဝန္ယူမႈ တာဝန္ခံမႈ အျပည့္ရွိၿပီး နစ္နာသူမိသားစုနဲ႔တကြ မိဘျပည္သူေတြကို အႏူးအညြတ္ ေတာင္းပန္ၿပီး ေနာင္တစ္ခ်ိန္မွာ အျပစ္အတြက္ ခံယူသြားမယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
crd

Leave a Reply

Your email address will not be published. Required fields are marked *