ပျောက်ကြားစစ်ကနေ တန်ပြန်ထိုးစစ်ဆင်နိုင်ရေးအတွက် မဟာမိတ်တွေနဲ့ အတူတကွကြိုးစားနေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား

ပျောက်ကြားစစ်ကနေ တန်ပြန်ထိုးစစ်ဆင်နိုင်ရေးအတွက် မဟာမိတ်တွေနဲ့ အတူတကွကြိုးစားနေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား

ဩဂုတ် ၂၄ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာဗျူဟာခံစစ် (ပျောက်ကြားစစ်) ကနေ တန်ပြန်ထိုးစစ်ဆင်နိုင်ရေးအတွက် လိုအပ်ချက်တွေ အမြန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ မဟာမိတ်တွေနဲ့ အတူတကွကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

‘မဟာဗျူဟာခံစစ်(ပျောက်ကြားစစ်)ကနေ တန်ပြန်ထိုးစစ်ဆင်နိုင်ရေး လိုအပ်ချက်တွေ အမြန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ NUGနဲ့ မဟာမိတ်တွေ အတူတကွ ကြိုးစားနေကြတယ်။

ကိုယ့်နယ်မြေထဲ ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ဗျူဟာမြောက် ချေမှုန်းနိုင်ဖို့အတွက်လည်း စနစ်တကျ ပြင်ဆင်လုပ်ဆောင်နေကြတယ်။’ လို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့တာပါ။

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဦးရည်မွန်က ဒီနေ့မှာ လွတ်မြောက်ရေးသို့ ဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ရာမှာ အခုလို ထည့်သွင်းရေးသားခဲ့တာဖြစ်ပြီးတော့ လေ့ကျင့်မှု၊ စုဖွဲ့မှု၊ ကွပ်ကဲမှု ကောင်းတဲ့ တပ်တွေဟာ မြေပြင်မှာ ပိုပြီး ထိထိရောက်ရောက် အလုပ်လုပ်နိုင်တာ တွေ့ရတယ် ဆိုတာနဲ့ ဒီရက်ပိုင်း အညာဒေသတွေဖြစ်တဲ့ ကသာ၊ကောလင်း၊ ကန့်ဘလူနဲ့ တောင်းပိုင်းဖြစ်တဲ့ ကရင်ပြည်နယ်မှာတော့ မြဝတီ၊ ကော့ကရိတ်တို့က တိုက်ပွဲတွေကို ကြည့်ရင် ဒီအချက်ကို သိနိုင်တယ်လို့ ပြောကြားထားတာပါ။

‘PDFနဲ့ မဟာမိတ်တွေဟာ ရန်သူစစ်ကြောင်းတွေကို အထိနာအောင် ချေမှုန်းနိုင်ရုံသာမက အရာရှိတွေပါဝင်တဲ့ သုံ့ပန်းတွေ လက်ရဖမ်းနိုင်တာ၊စစ်လက်နက်ပစ္စည်းတွေ သိမ်းပိုက်နိုင်တာကိုပါ တွေ့လာရတယ်။ စနစ် တကျ လေ့ကျင့်၊စုဖွဲ့၊ကွပ်ကဲ၊တပ်ဆင်ထားတဲ့ တပ်ရင်း တပ်ဖွဲ့တွေနဲ့ PDFဟာ ပရော်ဖက်ရှင်နယ် တပ်မတော်တစ်ခုအဖြစ် ပုံပေါ်လာပြီ ဖြစ်တယ်။ LDFတွေအပါအဝင် တော်လှန်ရေးအင်အားစုအားလုံး ဒေသအလိုက် စုစည်းမှု၊ကွပ်ကဲမှု ပိုအားကောင်းအောင်လည်း အားစိုက်နေကြတယ်။’ လို့ ဦးရည်မွန်က ပြောထားပါတယ်။

ဒါအပြင် ရွာစဉ်တွေ လှည့်ပြီးတော့ ကျေးရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေလုပ်နေတဲ့ အကြမ်းဖက် စစ်တပ်ကိုလည်း ဘယ်နှစ်လအထိခံ မလဲဆိုတာကို စောင့်ကြည်မယ်ဆိုပြီးလည်း ရေးသားထားတာ တွေ့ရပါတယ်။

Crd

Unicode

ေပ်ာက္ၾကားစစ္ကေန တန္ျပန္ထိုးစစ္ဆင္နိုင္ေရးအတြက္ မဟာမိတ္ေတြနဲ႔ အတူတကြႀကိဳးစားေနတယ္လို႔ ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္ေျပာၾကား

ဩဂုတ္ ၂၄ ၊ ၂၀၂၂

အမ်ိဳးသားညီညြတ္ေရးအစိုးရအေနနဲ႔ မဟာဗ်ဴဟာခံစစ္ (ေပ်ာက္ၾကားစစ္) ကေန တန္ျပန္ထိုးစစ္ဆင္နိုင္ေရးအတြက္ လိုအပ္ခ်က္ေတြ အျမန္ဆုံး ျဖည့္ဆည္းနိုင္ဖို႔ မဟာမိတ္ေတြနဲ႔ အတူတကြႀကိဳးစားေနတယ္လို႔ အမ်ိဳးသားညီညြတ္ေရး အစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္က ေျပာၾကားလိုက္ပါတယ္။

‘မဟာဗ်ဴဟာခံစစ္(ေပ်ာက္ၾကားစစ္)ကေန တန္ျပန္ထိုးစစ္ဆင္နိုင္ေရး လိုအပ္ခ်က္ေတြ အျမန္ဆုံး ျဖည့္ဆည္းနိုင္ဖို႔ NUGနဲ႔ မဟာမိတ္ေတြ အတူတကြ ႀကိဳးစားေနၾကတယ္။

ကိုယ့္နယ္ေျမထဲ ဝင္လာတဲ့ စစ္ေကာင္စီစစ္ေၾကာင္းေတြကို ဗ်ဴဟာေျမာက္ ေခ်မႈန္းနိုင္ဖို႔အတြက္လည္း စနစ္တက် ျပင္ဆင္လုပ္ေဆာင္ေနၾကတယ္။’ လို႔ ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္က ေျပာၾကားခဲ့တာပါ။

ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးျဖစ္သူ ဦးရည္မြန္က ဒီေန႔မွာ လြတ္ေျမာက္ေရးသို႔ ဆိုၿပီး ေဖ့စ္ဘြတ္ခ္မွာ ေရးသားခဲ့ရာမွာ အခုလို ထည့္သြင္းေရးသားခဲ့တာျဖစ္ၿပီးေတာ့ ေလ့က်င့္မႈ၊ စုဖြဲ႕မႈ၊ ကြပ္ကဲမႈ ေကာင္းတဲ့ တပ္ေတြဟာ ေျမျပင္မွာ ပိုၿပီး ထိထိေရာက္ေရာက္ အလုပ္လုပ္နိုင္တာ ေတြ႕ရတယ္ ဆိုတာနဲ႔ ဒီရက္ပိုင္း အညာေဒသေတြျဖစ္တဲ့ ကသာ၊ေကာလင္း၊ ကန္႔ဘလူနဲ႔ ေတာင္းပိုင္းျဖစ္တဲ့ ကရင္ျပည္နယ္မွာေတာ့ ျမဝတီ၊ ေကာ့ကရိတ္တို႔က တိုက္ပြဲေတြကို ၾကည့္ရင္ ဒီအခ်က္ကို သိနိုင္တယ္လို႔ ေျပာၾကားထားတာပါ။

‘PDFနဲ႔ မဟာမိတ္ေတြဟာ ရန္သူစစ္ေၾကာင္းေတြကို အထိနာေအာင္ ေခ်မႈန္းနိုင္႐ုံသာမက အရာရွိေတြပါဝင္တဲ့ သုံ႔ပန္းေတြ လက္ရဖမ္းနိုင္တာ၊စစ္လက္နက္ပစၥည္းေတြ သိမ္းပိုက္နိုင္တာကိုပါ ေတြ႕လာရတယ္။ စနစ္ တက် ေလ့က်င့္၊စုဖြဲ႕၊ကြပ္ကဲ၊တပ္ဆင္ထားတဲ့ တပ္ရင္း တပ္ဖြဲ႕ေတြနဲ႔ PDFဟာ ပေရာ္ဖက္ရွင္နယ္ တပ္မေတာ္တစ္ခုအျဖစ္ ပုံေပၚလာၿပီ ျဖစ္တယ္။ LDFေတြအပါအဝင္ ေတာ္လွန္ေရးအင္အားစုအားလုံး ေဒသအလိုက္ စုစည္းမႈ၊ကြပ္ကဲမႈ ပိုအားေကာင္းေအာင္လည္း အားစိုက္ေနၾကတယ္။’ လို႔ ဦးရည္မြန္က ေျပာထားပါတယ္။

ဒါအျပင္ ရြာစဥ္ေတြ လွည့္ၿပီးေတာ့ ေက်းရြာေတြကို မီးရွို႔တာ၊ ျပည္သူေတြကို သတ္ျဖတ္တာေတြလုပ္ေနတဲ့ အၾကမ္းဖက္ စစ္တပ္ကိုလည္း ဘယ္ႏွစ္လအထိခံ မလဲဆိုတာကို ေစာင့္ၾကည္မယ္ဆိုၿပီးလည္း ေရးသားထားတာ ေတြ႕ရပါတယ္။

Crd

Leave a Reply

Your email address will not be published. Required fields are marked *