အူဝဲ ကမျက်နှာကို တံတွေးထွေးတဲ့အခန်းရိုက်ခဲ့ရပုံကို ပြောပြလိုက်တဲ့ လူကြမ်း စိုင်းအောင်တင့်
လူကြမ်းမင်းသား စိုင်းအောင်တင့်က ရုပ်ရှင်တော်တော်များများ ပါသလို လူကြမ်းမင်းသားဆိုတာနဲ့ ဦးစိုင်းကိုပြေးမြင်တဲ့အထိ ပရိသတ်တွေကြားထဲ နာမည်ရှိခဲ့တဲ့သူတစ်ဦးပါပဲနော်။




လူကြမ်းမင်းသားတစ်ဦးဖြစ်တဲ့အတက် လူတွေက လန့်ကြတဲ့အပြင် တချို့ မင်းသမီး အသစ်လေးတွေဆို ရိုက်ကွင်းကနေပါ လန့်ပြီး ပြန်တတ်ကြတယ်လို့ဆိုပါတယ်။
ဦးစိုင်းက သူ့အနုပညာ လမ်းကြောင်းမှာတွေ့ခဲ့ရသမျှ အတွေ့အကြုံတွေကို ” ခါတိုင်းလို ဦးစိုင်းတို့ ကာရိုက်တာအရ ရိုက်မယ်ပေါ့နော်..ဒါရိုက်တာချစ်ကောင်းက ကောင်မလေးကိုပြောလိုက်တော့ ကောင်မလေးက ဦးစိုင်းမျက်နှာကိုကြည့်ပြီး မျက်ရည်တောင်ကျတယ်..ကြောက်လို့တဲ့” ဟုဆိုကာသူ့အတွေ့အကြုံတွေကိုပြောပြသွားပါတယ်။




ဆက်ပြီးတော့ ဦးစိုင်းက သူ အူဝဲနဲ့ ကြုံခဲ့ရတဲ့အဖြစ်တစ်ခုကိုလည်း ” အူဝဲနဲ့ဆုံတာ .. အူဝဲအခန်းက ဦးစိုင်းကိုအရမ်းအမြင်ကတ်သွားပြီးတော့ တံတွေးနဲ့ထွေးရမှာ ..အဲ့တာအူဝဲကမလုပ်ဘူး ..ဟဲ့ အူဝဲ သမီးလုပ်မှ ကြည့်တဲ့ပရိသတ်ကပိုမြင်မှာပေါ့” လို့ ဇာတ်ဝင်ခန်းတစ်ခုမှာအူဝဲကို တိုက်တွန်းခဲ့ရတဲ့အကြောင်းပြောပြသွားတာပါ။
ပရိသတ်ကြီးရော ဦးစိုင်းအောင်တင့်ရဲ့ရုပ်ရှင်တွေကို သဘောကျနှစ်ခြိုက်ရဲ့လားဦးစိုင်းကိုပြောချင်တဲ့ ရင်ထဲကစကားလေးတွေရှိရင် မှတ်ချက်မှာပြောခဲ့ကြပါဦး
Crd
Unicode








Crd