တော်လှန်ရေးခရီးမှာ ဆက်မပါနိုင်‌ တော့လို့ လိုအပ်ရင် သူ့ကိုပါ Boycott လုပ်နိုင်ကြောင်း ပြောပြလာတဲ့ ပြည်သူ့အချစ်တော်မင်းသားပိုင်တံခွန်

တော်လှန်ရေးခရီးမှာ ဆက်မပါနိုင်‌ တော့လို့ လိုအပ်ရင် သူ့ကိုပါ boycott လုပ်နိုင်ကြောင်း ပြောပြလာတဲ့ ပြည်သူ့အချစ်တော်မင်းသားပိုင်တံခွန်

မနေ့တုန်းက ပိုင်တံခွန်ကို Boycott လုပ်ဖို့ပြောတဲ့ Post တွေထဲက Comment တွေကို လိုက်ဖတ်ကြည့်ပြီး သိလိုက်တာတွေရှိတယ် ။

အခုအချိန် ချစ်ခြင်း ၊ မုန်းခြင်းမပါ Social Punishment ကို ထိထိရောက်ရောက် ပြန်လည်လုပ်ဆောင်တာဖြစ်ပါတယ် ။ ပိုင်တံခွန်ကိုယ်တိုင်လည်း လိုအပ်ရင် သူ့ကိုပါ boycott လုပ်နိုင်ကြောင်း တောင်းပန်စာနဲ့အတူတင်ထားတယ် ။

နားမလည်နိုင်တာက ပိုင်တံခွန်ဘက်ကမခံမရပ်နိုင်ထဖြစ်ကြတဲ့ လူတွေရဲ့ အတွေးအခေါ်ကိုပဲ ။ မန့်တစ်ခုမှာဆိုရင် ပိုင်တံခွန် ဒလန် လုပ်သွားခဲ့ရင်တောင် We Love ပိုင်တံခွန်တွေက ပိုင်တံခွန်ဘက်မှာပဲရှိနေမှာ ၊ ငါတို့ We love တွေကို လျော့မတွက်နဲ့တဲ့ ။

တကယ်တမ်း ကိုယ်အားပေးတဲ့ Idol တစ်ယောက်ဆိုရင် မှန်ကန်တဲ့လမ်းကြောင်းပေါ်လျှောက်နိုင်အောင် ဝိုင်းပြီး Support ပေးရမှာ ၊ တည့်မတ်ပေးရမှာလေ ။ အခုလိုဟာမျိုးကျ Fan လို့ မမြင်ဘူး ၊ ငြိမ်းသတ်မရတဲ့ နှာခေါင်းမီးတောက်နေတာလို့ပဲမြင်တယ် ။

သိထားရမှာက အခုပိုင်တံခွန်ကို BC လုပ်ကြတာဟာ တော်လှန်ရေးကိုပြန်မကူညီနိုင်လို့ လုံးဝမဟုတ်ဘူး ။ သာမန်ထက်ပိုတဲ့ အပျော်တွေကို ကမ္ဘာသိ အနုပညာရှင်တစ်ယောက်က လုပ်ပြမနေသင့်လို့ ဝိုင်းထိန်းကြတဲ့ သဘော ။ ဒါကို ပိုင်တံခွန်ကိုယ်တိုင်လည်း သဘောပေါက်တယ် ။

ထောင်ပြန်ကျပေးရမလားတို့ ၊ သေပေးရဦးမလား တို့လာမမေးနဲ့ ။ အနေအထိုင်တတ်ရင် ပြည်သူ့မေတ္တာ အလွယ်တကူပြန်ရမယ့် အနုပညာရှင်တစ်ယောက် ဖြစ်လို့ ဆင်ခြင်ပေးဖို့ပဲ လိုတာ ။ Fan ခေါင်းစဉ်တပ်ပြီး ဘာလုပ်လုပ်မှန်တယ်ဆိုတာမျိုး Boycott မှာမရှိဘူး ။ အရှေ့မှာ ဘစိုင်းက ဥပမာပဲ ။

Zawgyi

တော်လှန်ရေးခရီးမှာ ဆက်မပါနိုင်‌ တော့လို့ လိုအပ်ရင် သူ့ကိုပါ boycott လုပ်နိုင်ကြောင်း ပြောပြလာတဲ့ ပြည်သူ့အချစ်တော်မင်းသားပိုင်တံခွန်







Crd

Leave a Reply

Your email address will not be published. Required fields are marked *