အပြစ်မဲ့အသက်တွေ အလကားမဖြစ်စေဖို့ အဆုံးထိတိုက်သွားမယ်ဆိုတဲ့ ဒေါင်း

အပြစ်မဲ့အသက်တွေ အလကားမဖြစ်စေဖို့ အဆုံးထိတိုက်သွားမယ်ဆိုတဲ့ ဒေါင်း

ပရိသတ်ကြီးရေ… မင်းသား ဒေါင်း ကတော့ အမှန်တရားကိုချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပြီးတော့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်

သရုပ်ဆောင်နိုင်တဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့အပြင် ယောက်ကျားပီသတဲ့ ရုပ်ရည်သွင်ပြင်ရှိတာကြောင့် ပျိုမေတို့ချစ်ခင်အားပေးရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

ဒေါင်း ကတော့ ပရိသတ်ကြီးနဲ့အတူတူ အမှန်တရားဘက်က အမြဲတမ်းရပ်တည်နေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

သူဟာပြည်သူတွေနဲ့ဘက်နဲ့ရပ်တည်ခဲ့တာကြောင့် လက်ရှိမှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲခံထားရပါတယ်။

ဒေါင်း ကတော့ လမ်းပေါ်မှာစွန်းထင်းခဲ့ရတဲ့ ပြည်သူတွေရဲ့ ဦးခေါင်းထဲကသွေးတွေကို ဘယ်တော့မှမမေ့ဘူး လို့ဆိုလာပါတယ်။

ဘယ်တော့မှမမေ့ဘူး မင်းတို့ဘယ်လောက်သကာရည်လောင်းလောင်း ဒါဟာမကောင်းဖို့အတွက်အကြံဆိုတာ လမ်းပေါ်မှာစွန်းထင်းခဲ့ရတဲ့

ပြည်သူတွေရဲ့ ဦးခေါင်းထဲကသွေးတွေက မမေ့ဖို့ သတိပေးပြီးသား ငါတို့တွေ အဆုံးထိတိုက်မှာမင်းတို့ရဲ့အောက်တန်းစားနိုင်ငံရေးကို ထာဝရပျက်စီးဖို့ အမြစ်ကလှန်မှာ။

ငါတို့နိုင်ငံ ငါတို့ပြည်သူတွေကဒီလမ်းကိုရွေးတာ သကာရည်လောင်းလို့တော်လှန်ရေးမှာညောင်းသွားဖို့ငါတို့စိတ်မကူးဘူး။

လိပ်ဥတူးတူးဘုရားဖူးဖူးမင်းတို့အရူးကွက်ဟာမထူးဇာတ်မှန်း ငါတို့အားလုံးသိတယ်အသက်ပေးခဲ့တဲ့တော်လှန်ရေးသူရဲကောင်းများရဲ့သွေးစွန်းခဲ့တဲ့ပုံရိပ်တွေဟာငါတို့မင်းတို့ကိုအမြစ်လှန်ဖို့အရှုံးမပေး အားမလျှော့နောက်မဆုတ်စတမ်း ။

ဒါဟာသစ္စာတရားဆိုတာငါတို့ပြည်သူတွေအားလုံးသူရဲကောင်းဝိညာဉ်များအတွက်ပေးထားတဲ့ကတိစကားဘယ်တော့မှမမေ့ဘူး။ ” လို့ ဒေါင်း ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

ကဲ ပရိသတ်ကြီးရေ ဘယ်လိုပဲသကာရည်လောင်းလောင်း လမ်းပေါ်မှာစွန်းထင်းခဲ့ရတဲ့ ပြည်သူတွေရဲ့ ဦးခေါင်းထဲကသွေးတွေကို မမေ့သင့်ပါဘူးနော်။ ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Crd

Unicode













Crd

Leave a Reply

Your email address will not be published. Required fields are marked *