လွတ်မြောက်နယ်မြေမှာ အားတင်းပြီး ကြိုးစားရုန်းကန်နေရတဲ့အကြောင်းပြောပြလာတဲ့ မူးလာ

Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယျဥ်ပြိုင်ရင်း တစ်စတစ်စနာမည်ကြီးလာခဲ့တဲ့ မူးလာ ကိုတော့ ပရိသတ်တိုင်း မှတ်မိကြအုန်းမယ်ထင်ပါတယ်။

ထူးခြားတဲ့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ရော့ခ်သီချင်းတွေ သီဆိုရတာကို ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင်အားပေးမူ့ကို ရရှိထားပါတယ်။ မူးလာ ဟာ သူ့ချစ်ရတဲ့ပရိသတ်တွေကို မူလီလေးတွေလို့ ချစ်စနိုးခေါ်တတ်ပါသေးတယ်။

လက်ရှိမှာ မူးလာ ကတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီးတော့ ကျရာတာဝန်တွေကို ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားလေးတစ်ဦးဖြစ်တဲ့ စောခရစ် မူးလာ ဟာ

လွတ်မြောက်နယ်မြေမှာ ကြိုးစားရုန်းကန်နေရတဲ့အကြောင်းကို ပရိသတ်တွေကို ရင်ဖွင့်လိုက်ပါတယ်။ ” မရှိရှိတဲ့အားကိုတင်းပြီး ကြိုးစားနေတယ် မလိမ်ညာပဲပြောရရင် မောနေပြီပေါ့ဗျာ ခဗျားတို့ အားတွေပိုပိုလိုအပ်နေတယ် ခဗျားတို့ရဲ့ မေတ္တာ တွေ ပိုလိုအပ်နေတယ်” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ မူလီတို့ချစ်တဲ့ မူးလာ လေးကတော့ ပြည်သူတွေရဲ့မေတ္တာတွေကို အရမ်းလိုအပ်နေပါတယ်နော်။ ဒါကြောင့် အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသွားခဲ့ပေးပါအုန်းနော်။

Crd

Zawgyi






Crd

Leave a Reply

Your email address will not be published. Required fields are marked *