ဒေါ်အောင်ဆန်းစုကြည်အသုံးပြုခဲ့သည့် ယပ်တောင် ဒေါ်လာ ၁၆၀၀ (ကျပ်သိန်း၅၀ခန့်) ဖြင့်လေလံအောင်

ဒေါ်အောင်ဆန်းစုကြည်အသုံးပြုခဲ့သည့် ယပ်တောင် ဒေါ်လာ ၁၆၀၀ (ကျပ်သိန်း၅၀ခန့်) ဖြင့်လေလံအောင်

ရန်ကုန်၊ သြဂုတ် ၂၁

လူငယ့်ခေတ်

ဒေါ်အောင်ဆန်းစုကြည်အသုံးပြုခဲ့သည့် ယပ်တောင်အား ပြည်ပကာကွယ်ရေးထောက်ပံ့တပ်စု (ဂျပန်) မှ လေလံ တင်ရောင်းချရာ ဒေါ်လာ (၁၆၀၀)အမြင့်ဆုံးပေးကာ လေလံအောင်မြင်သွားကြောင်း ဦးဆောင်စီစဥ်သူများထံမှ သိရသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက အဆိုပါယပ်တောင်ကိုပိုင်ဆိုင်ခွင့်ရရှိသွားခြင်းဖြစ်ကာ အမေရိ ကန်ရောက် မြန်မာတစ်ဦးကလည်း ဒေါ်လာ ၁၀၀၀ တန်ဖိုးရှိလက်မှတ်ဝယ်လှူသွားကြောင်းလည်း ၎င်းတို့ကဆို သည်။

“မျှော်မှန်းထားတဲ့ ပမာဏတစ်ခုရတယ်လို့ ပြောလို့ရပါတယ်။ ပြည်သူအချင်းချင်းပူးပေါင်းမှုတွေတွေ့ရတယ်”ဟု ဦးဆောင်သူတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

အဆိုပါ ယပ်တောင်ကို သြဂုတ် (၈) ရက်ကစပြီး လေလံရောင်းချမှုပြုလုပ်ခဲ့ခြင်းဖြစ်ကာ သတ်မှတ်ရက်ထက် စော၍ ယမန်နေ့ (ဩဂုတ် ၂၀ ရက်) ညက လေလံအရောင်းပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ယပ်တောင်ရောင်းရငွေနှင့် လက်မှတ်ရောင်းချမှုမှရရှိသည့် အလှူငွေများကို ပြည်တွင်း၌ စစ်တပ်၏မီးရှို့ ဖျက်ဆီးခြင်းခံရသည့် ဒေသရှိပြည်သူများထံ ပေးပို့လှူဒါန်းမည်ဟုဆိုသည်။

အဆိုပါအလှူငွေအား NUGအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းသွားမည်ဟုလည်း ဦးဆောင်သူများက သတင်းထုတ်ပြန်ထားသည်။

Crd

Unicode

ေဒၚေအာင္ဆန္းစုၾကည္အသုံးျပဳခဲ့သည့္ ယပ္ေတာင္ ေဒၚလာ ၁၆၀၀ (က်ပ္သိန္း၅၀ခန္႔) ျဖင့္ေလလံေအာင္

ရန္ကုန္၊ ၾသဂုတ္ ၂၁

လူငယ့္ေခတ္

ေဒၚေအာင္ဆန္းစုၾကည္အသုံးျပဳခဲ့သည့္ ယပ္ေတာင္အား ျပည္ပကာကြယ္ေရးေထာက္ပံ့တပ္စု (ဂ်ပန္) မွ ေလလံ တင္ေရာင္းခ်ရာ ေဒၚလာ (၁၆၀၀)အျမင့္ဆုံးေပးကာ ေလလံေအာင္ျမင္သြားေၾကာင္း ဦးေဆာင္စီစဥ္သူမ်ားထံမွ သိရသည္။

မေလးရွားနိုင္ငံေရာက္ ျမန္မာနိုင္ငံသားတစ္ဦးက အဆိုပါယပ္ေတာင္ကိုပိုင္ဆိုင္ခြင့္ရရွိသြားျခင္းျဖစ္ကာ အေမရိ ကန္ေရာက္ ျမန္မာတစ္ဦးကလည္း ေဒၚလာ ၁၀၀၀ တန္ဖိုးရွိလက္မွတ္ဝယ္လႉသြားေၾကာင္းလည္း ၎တို႔ကဆို သည္။

“ေမၽွာ္မွန္းထားတဲ့ ပမာဏတစ္ခုရတယ္လို႔ ေျပာလို႔ရပါတယ္။

ျပည္သူအခ်င္းခ်င္းပူးေပါင္းမႈေတြေတြ႕ရတယ္”ဟု ဦးေဆာင္သူတစ္ဦးက လူငယ့္ေခတ္သို႔ေျပာသည္။

အဆိုပါ ယပ္ေတာင္ကို ၾသဂုတ္ (၈) ရက္ကစၿပီး ေလလံေရာင္းခ်မႈျပဳလုပ္ခဲ့ျခင္းျဖစ္ကာ သတ္မွတ္ရက္ထက္ ေစာ၍ ယမန္ေန႔ (ဩဂုတ္ ၂၀ ရက္) ညက ေလလံအေရာင္းပိတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ယပ္ေတာင္ေရာင္းရေငြႏွင့္ လက္မွတ္ေရာင္းခ်မႈမွရရွိသည့္ အလႉေငြမ်ားကို ျပည္တြင္း၌ စစ္တပ္၏မီးရွို႔ ဖ်က္ဆီးျခင္းခံရသည့္ ေဒသရွိျပည္သူမ်ားထံ ေပးပို႔လႉဒါန္းမည္ဟုဆိုသည္။

အဆိုပါအလႉေငြအား NUGအစိုးရ၏ လူသားခ်င္းစာနာေထာက္ထားေရးႏွင့္ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲေရး ဝန္ႀကီးဌာနမွတစ္ဆင့္ လႉဒါန္းသြားမည္ဟုလည္း ဦးေဆာင္သူမ်ားက သတင္းထုတ္ျပန္ထားသည္။

Crd

Leave a Reply

Your email address will not be published. Required fields are marked *