PDF ကို လက်nက်ထောက်ပံ့နေလို့ KIA လက်nက်စက်ရုံကိုboneကျဲပေးဖို့ ဘူးလက်လှဆွေက စစ်ကောင်စီကိုတောင်းဆို…..
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၇ ရက်

ကချင်လွတ်မြောက်ရေးတပ်မတော် -KIA တည်ဆောက်ထားတဲ့ လက်နက်ထုတ်လုပ်နေတဲ့စက်ရုံကို လေယာဥ်ဗုံးကျဲပေးဖို့ ဘူးလက်လှဆွေက စစ်ကောင်စီကိုမေးခွန်း ထုတ်တာင်းဆိုလိုက်ပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းမှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီသတင်း စာရှင်းလင်းပွဲမှာ ဘူးလက်လှဆွေက စစ်ကောင်စီပြောခွင့်ရကိုပြောဆိုခဲ့တာပါ။
စစ်ကောင်စီကိုဆန့်ကျင်နေတဲ့တော်လှန်ရေးအင်အားစုတွေကိုထောက်ပံ့ပေးဖို့ မူဝါဒချမှတ်ထားတယ်လို့ KIO အတွင်းရေးမှူး ကပြောဆိုထားပြီး PDF တွေကိုလက်နက်ထောက်ပံ့နေတဲ့အတွက် KIA ဌာနချုပ် လိုင်ဇာကို မတိုက် ခိုက်သေးရင်တောင် လက်နက်စက်ရုံကို လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်သင့်တယ်လို့ ဘူးလက်လှဆွေက ပြောဆိုခဲ့ပြီး တိုက်ခိုက်ဖို့အစီအစဥ်ရှိ၊မရှိကိုလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုမေးမြန်းခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရအနေနဲ့ ဘူးလက်လှဆွေရဲ့ တခြားမေးမြန်းမှုတွေကို ဖြေဆိုခဲ့ပြီး အဲ့ဒီ KIA ကို ဗုံးကျဲမယ့်မေးခွန်းနဲ့ ပတ်သက်လို့ တစုံတရာ ပြန်လည်ပြောကြားတာမျိုးမရှိခဲ့ပါဘူး။
Crd
Unicode

ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၇ ရက်


Crd