အနုပညာသမားက အနုပညာပဲလုပ်စားတတ်တယ်ဆိုတဲ့ အနုပညာရှင်တွေကို ဒဲ့ပြောလိုက်တဲ့ လူရွှင်တော် ပိုးလေး
ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူငယ်ချင်းညီအစ်ကို ငါးယောက်နဲ့ ဖွဲ့စည်းထားပါတယ်။




ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံရပြီးနောက် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာဆိုရင် လပေါင်းများစွာ ကြာမြင့်နေပြီပဲဖြစ်ပါတယ်။
တော်လှန်ရေးခရီးလမ်းဟာ ခက်ခဲကြမ်းတမ်းပေမယ့် သူတို့တော်လှန်ရေးစိတ်ဓာတ်တွေဟာ အခုချိန်ထိခိုင်မာနေဆဲပဲဖြစ်ပါတယ်။
ပြည်သူချစ်အနုပညာရှင်များဖြစ်ကြတဲ့ ဟားငါးကောင်အဖွဲ့ကတော့ အမှန်တရားအတွက် လွတ်မြောက်နယ်မြေမှာ တိုက်ပွဲဝင်နေပါတယ်။




လူရွှင်တော် ပိုးလေး ကတော့ တော်လှန်ရေးကာလမှာ အနုပညာသမားက အနုပညာပဲလုပ်စားတတ်တယ်ဆိုတဲ့ အနုပညာရှင်တွေကို ဒဲ့ပြောလိုက်ပါတယ်။
” အနုပညာသမားက အနုပညာပဲလုပ်စားတတ်တာကို ဘာလို့အပြစ်ပြောနေကြတာလဲလို့ ပြောနေကြတဲ့ အနုပညာသမားများအတွက်ပါ။
မင်းတို့ကို့မေးမယ် ကိုဗစ်ကာလမှာ ဘာအနုပညာအလုပ်မှမလုပ်ပဲ ဘယ်လိုရှာဖွေစားသောက်ကြခဲ့ပါလဲ ငါကတော့ ကိုဗစ်ကာလမှာ ဈေးရောင်းစားခဲ့တယ်။




ခုချိန် အာဏာသိမ်းပြီးမှ မင်းအောင်လှိုင်နဲ့ အကြောင်းပေါင်းသင့်ပြီးမှ အနုပညာသမားက အနုပညာပဲလုပ်တတ်တာပါလို့ လီးမလို့ ဒီလိုလေသံတွေထွက်လာရတာလား
နောက်တစ်ခုထပ်ပြောမယ် ဘာမှမလုပ်တတ်ရင် ဖင်ခံစား လီးစကားတွေနဲ့ ပြည်သူတွေကို ဂျင်းမထည့်နဲ့ မအေလိုးများ” လို့ လူရွှင်တော် ပိုးလေး ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ မိသားစုကိုခွဲခွာပြီးတော့ ခက်ခဲကြမ်းတမ်းတဲ့တောတွင်းတစ်နေရာမှာ ရရာတာဝန်ကိုထမ်းဆောင်နေတာဟာ ဂုဏ်ယူဝမ်းမြောက်စရာပင်ဖြစ်ပါတယ်။




ဟားငါးကောင်အဖွဲ့ဝင်များ ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Crd
Unicode












Crd