ဈေးတွေတတ်လူထုကြပ်တည်းလာတာမြင်ပြီး ငယ်ဘ၀က စားသောက်ခဲ့ရပုံကို ပြောပြလာတဲ့ပန်ဆယ်လို

ဈေးတွေတတ်လူထုကြပ်တည်းလာတာမြင်ပြီး ငယ်ဘ၀က စားသောက်ခဲ့ရပုံကို ပြောပြလာတဲ့ပန်ဆယ်လို

ဒေါ်လာစျေးတွေတက်၊ ဆီစျေးတွေတက်၊ လူထုက ကြပ်တည်းလာတဲ့အခါ ချွေတာရေးအတွက် ပိုစ့်လေးတွေ တင်လာကြတာ တွေ့ရပါတယ်။

သတိရမိတယ်။ ကိုယ်တွေငယ်ငယ်တုန်းက ထမင်းစားရင် အသားတုံးလေးတစ်တုံးနှစ်လုံးနဲ့ လောက်အောင် စားနိုင်ရင် လိမ္မာလိုက်တာလို့ ချီးကျူးခံရတဲ့ခေတ်မှာ ကလေးဘဝကို ဖြတ်သန်းခဲ့ဖူးတယ်။ အကျိုးဆက်ကတော့ ဘူဖေးတွေဘာတွေ စားတဲ့အခါ မစားတတ်တော့ဘူး။ ဟင်းတွေအများကြီး မစားတတ်တော့ဘူး။ အသားတွေ အများကြီး မစားတတ်တော့ဘူး။

အမှန်တကယ်က ကိုယ်တွေဆို ငယ်ငယ်တုန်းက နယ်အနေအထားနဲ့ နေနိုင်စားနိုင် အဆင်ပြေတဲ့ လူတန်းစားထဲမှာ ပါခဲ့တယ်။ ဘာလို့ အသားနည်းနည်းနဲ့ စားတတ်အောင် လူကြီးတွေက လေ့ကျင့်ပေးခဲ့လဲဆိုတော့ သူတို့ဖြတ်သန်းခဲ့တဲ့ ရှားပါးတဲ့ နိုင်ငံအခြေအနေကနေ အကျင့်ပါလာတဲ့ အခြေအနေပဲ။

အရွယ်လေးရောက်လာတဲ့အခါ ထမင်းတစ်ပန်းကန်ကြီးနဲ့ အသားဟင်းလေး တစ်တုံးနှစ်တုံးနဲ့စားတာဟာ မှားနေတယ်ဆိုတာ သိလာရတယ်။ အခြားနိုင်ငံတွေရဲ့ စားသောက်နေထိုင်တဲ့ ပုံစံတွေကို မြင်လာရတော့ အတော်ကြီး လွဲနေတယ်ဆိုတာ သိလာရတယ်။ ဒါပေမယ့် ဒါတွေဟာ ရှားပါးတဲ့ ခေတ်ကြီးကို ဖြတ်သန်းခဲ့ရတဲ့ လူကြီးမိဘတွေက အော်တိုလက်ဆင့်ကမ်းလာမိတဲ့ အလေ့အကျင့်တွေပဲ။

အခုလည်း ခေတ်ကာလဟာ တပတ်လည်ပြီး ရှားပါးတဲ့ခေတ်ကို ပြန်ရောက်လာတော့မယ်။ ချွေတာကြမယ်၊ စုဆောင်းကြမယ်၊ အပိုမသုံးဖို့၊ အပိုမစားဖို့ ရှောင်ရန်ဆောင်ရန်နည်းလေးတွေ ပြောလာကြတယ်။

စနစ်ကျတာ၊ ချွေတာစုဆောင်းတာဟာ မကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် ချွေတာသင့်တာထက်၊ ပုံမှန်ချွေတာရမယ့် အရာတွေထက် ပိုပြီး ကုတ်ကပ်ချွေတာနေရတယ်ဆိုတာမျိုးက ကိုယ်တွေရဲ့ ပုံမှန်ရပ်တည်နိုင်စွမ်းကို ခေတ်စနစ်ဆိုးကြီးက ဖျက်ဆီးနေပြီဆိုတာလေး မမေ့လျော့မိဖို့ပါပဲ။

ပုံမှန်အခြေအနေထက် ချွေတာရတယ်၊ အသုံးလျှော့ရတယ်၊ စစ်စီရတယ်ဆိုတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်ကို လုပ်ရမယ့်အခြေအနေတစ်ခု မဟုတ်ဘူး။ ကိုယ်တွေရဲ့ ရပိုင်ခွင့်တွေ ထိပါးခံရတာ ရိုက်ချိုးခံရတာ။

ဒီစနစ်ဆိုးကြီးကို ပြန်အမြစ်မတွယ်ခင်မှာ တွန်းလှန်ကြရမယ်၊ ရုန်းကန်ကြရမယ်။ သားသမီးတွေကို အာဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံမျိုးကို သင်ပေးဖို့ထက် လိုအပ်တာထက် ချွေတာရေးပုံစံကို သင်ပေးရတဲ့ခေတ်ကြီးကို ပြန်မသွားရအောင်ပါ။

ဖက်ဆစ်စစ်တပ်ကို အပြီးအမြစ်ဖြတ်ရအောင်ပါ။

Crd

Leave a Reply

Your email address will not be published. Required fields are marked *