19.Jan.2023 မှ 25.Jan.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
#တနင်္ဂနွေ
ဒီကာလအတွင်း ဆရာ၊ မိဘများ၏အလုပ်ကို ကူညီလုပ်ကိုင်ပေးခြင်းဖြင့် စီးပွားဖြစ်ထွန်းမည်။ မင်းစိုးရာဇာ များ၏ တာဝန်ကိုလည်း ထမ်းဆောင်ဖြစ်မည်။ ရာထူးမျှော်လင့်သူများအတွက် ရာထူးတတ်ချိန်ဖြစ်သည်။ စီးပွားရေး သမားများအတွက် သတင်းကောင်းကြားရပြီး အစုစပ်ရှယ်ယာများ ပါဝင်လုပ်ဆောင်ဖြစ်မည်။ အိမ်ထောင်ရေးတွင် တတ်ညီ၊ လက်ညီဖြင့် အလုပ်လုပ်ကိုင်ဖြစ်မည်။ နေအိမ်ကို အကောင်းဆုံးပြင်ဆင်ဖြစ်မည်
ပျော်ရွှင်စွာ ရယ်မော ပြောဆို၍ စားအတူ၊ သွားအတူ ရှိနေမည်။ အချစ်ရေးတွင် ချစ်မလို့ ကြံရွယ်ကာမျှနှင့်ပင် အမျက်ပေါ်လာတတ်သည်။ ချစ်သူရှိနေသောသူများလည်း လမ်းခွဲရတတ်သည်။ အချစ်နှင့်ပတ်သက်၍ စိတ်တိုင်းမကျဖြစ်နေစဉ် လေးစား မြတ်နိုး နောက်တစ်ဦးကို ရင်ထဲမှ တိတ်တခိုး ချစ်မိနေလိမ့်မည်။ ပညာရေးတွင် လက်တွေ့ထက် အတွေးအခေါ်နှင့် နှီးနှော ပြောဆိုမှု ပညာရပ်များကို စိတ်ဝင်စားနေမည်။
နောက်ပိုင်းတွင် အလွန်တော်သော ဆရာများနှင့် တွေ့လိမ့်မည်။ ဆရာသစ်များကြောင့် ပညာရေး ပိုမိုတော်လာမည်။ ကျန်းမာရေးမှာ ဆီးကျိတ်ရောင်ခြင်းနှင့်အတူ ဆီးရောဂါပါ ဖြစ်နိုင်ပါသည်။ ရင်ကျပ်၊ ချောင်းဆိုးရောဂါများလည်း ဖြစ်နိုင်ပါသည်။ သတိလက်လွတ်သွားမိစဉ် ဘယ်ဘက် ဒူးခေါင်း ဒဏ်ရာရနိုင်သည်။ အကျိုးပေးဂဏန်း ၃/၆/၅အထူးဟော လူအများရဲ့ယုံကြည်အားကိုးခြင်းကိုခံရတတ်ပါတယ်။ယတြာ စံပယ်ပန်းလေးတွေ ဘုရားမှာဝေနေအောင်လှူပေးပါ။
#တနင်္လာ
ဒီကာလအတွင်း ရစရာတွေ များစွာရှိနေသော်လည်း တောင်းရခက်ခဲနေမည်။ ကုန်ကျစရိတ်တွေများနေမည်။ အစုစပ်ရှယ်ယာများမှ ခွဲထွက်ဖြစ်မည်။ စီးပွားရေး ပြိုင်ဘက်များစွာ ပေါ်လာမည်။ လူမျိုးခြား၊ ဘာသာခြား များက သင့်ကို အကူအညီများစွာ ပေးကြလိမ့်မည်။ ချစ်သူများ စိတ်ဆိုးမှုတွေကွယ်ပျောက်ပြီး စာနာနားလည်မှုအပြည့်ဖြင့် ခွင့်လွှတ်နေဖြစ်မည်။ ပညာရေးကံအထူးကောင်းနေမည်။ လက်တွေ့အသုံးချပညာရပ်များကို လုပ်ငန်းရှင်များ၏ အကူအညီဖြင့် သင်ယူနေဖြစ်မည်။
တစ်ကိုယ်လုံးနာကျင်ကိုက်ခဲ ညောင်းညာနေမည်။ အထူးသဖြင့် ညာဖက်ပေါင် အကြောတတ်နေမည်။ မျက်နှာမှာ အဖုအပိန့်များပေါ်လာမည်။ ရည်ရွယ်ချက်များနေသည်။ အတွေးတွေ များနေ သည်။ အလုပ်တွေ တစ်ခုမက လုပ်ချင်နေသည်။ လုပ်လည်းလုပ်နေသည်။ လုပ်သော လုပ်ငန်းတိုင်းကို ကိုယ်ကလွဲ လို့ သူတစ်ပါးမသိအောင် လျှို့ဝှက်လုပ်ပါ။ရစရာရှိသောငွေကြေးများ မရတတ်သေးပါ။ ငွေလိမ်ခံရကိန်းရှိသည်။
စက်၊ ပစ္စည်း အဝင်အထွက်မြင်သည်။အလုပ်အကိုင် နှင့်ပတ်သတ်၍ ထစ်ငေါ့ပြီးမှအောင်မြင်မည်။ စက်၊ ရွှေ အဝင်အထွက် ရှိသည်။ မိဘသား ချင်းတို့ အတွက် စိတ်ရှုပ်ရတတ်သည်။စပ်တူရှယ်ယာမလုပ်သင့်ပါ။စကားပြော ဆင်ခြင် ပါ။ စကား ရှုပ်တတ်သည်။ အသွားအလာဆင်ခြင်ပါ။အကျိုးပေးဂဏန်း ၁/၅/၇အထူးဟော မလိုအပ်ဘဲ ငွေအပိုမသုံးမိပါစေနဲ့။ယတြာ နှင်းဆီပန်းဘုရားကပ်လှူလိုက်ပါ။
#အင်္ဂါ
ဒီကာလများအတွင်း ဇာတာရှင်သည် လက်ရှိအလုပ်နေရာကနေ တခြားကို ပြောင်းလဲချင်တဲ့စိတ်တွေ ပေါ် ပေါက် လာနေတတ်ပါတယ်။ မပြောင်းပါနှင့်။ နောက်ပြောင်းတဲ့ အလုပ်ကလည်း အကျိုးမပေးပါဘူး။ မထင်မှတ်တဲ့ ခရီးတွေ၊ မရည်ရွယ်တဲ့ ခရီးတွေလည်း သွားရတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့သူတွေအဖို့ အလုပ်မှာ ပျက်စီးဆုံးရှုံးမှုတွေ များနေရတတ်ပါတယ်။ ငွေပျောက်ခြင်း၊ ကြွေးတင်ခြင်း၊ ငွေအတွက် ဖြေရှင်းရခြင်း မျိုးလည်း ကြုံတွေ့ရတတ်ပါသည်။
အိမ်ထောင်သည်တွေအဖို့ အိမ်ထောင်ဖက်နဲ့ စိတ်ဝမ်းကွဲခြင်းမျိုး ကြုံတွေ့ရတတ် ပါသည်။ မြေတစ်ကွက် ဝင်လာတတ်ပါသည်။ ကိုယ့်ကို အကျိုးပေးမယ့် ပညာရပ်တစ်ခု သင်ကြားရတတ်ပါသည်။ ထီကံ ကောင်းတဲ့ ကာလဖြစ်နေ၍ ထီကံစမ်းပေးပါ။ နိုင်ငံခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်တတ်ပါတယ်။ ခရီးသွားဖို့ ကြံရွယ်ထားရင်တော့ ဒီကာလအတွင်း သွားလိုက်ပါ။ အောင်မြင်မှုတွေ ရတတ်ပါတယ်။
ဒီအချိန်မှာ အိမ်ပြင်၊ အိမ်ဆောက်ခြင်း၊ အရောင်းအဝယ်လုပ်ခြင်း တွေကို လုံးဝမလုပ်ပါနှင့်။ အဆင်မပြေတတ်ပါ။ အပျော် ခရီးလည်း လုံးဝမသွားပါနှင့်။ အသွားအလာ ဆင်ခြင်မှသာ ကံကောင်းပါလိမ့်မည်။ ကျန်းမာရေးလည်း နည်းနည်း ညံ့တတ် ပါတယ်။အကျိုးပေးဂဏန်း ၂/၃/၇အထူးဟော အိမ်တွင်းရေးပြဿနာလေးတွေများနေရတတ်ပါတယ်။ယတြာ ဆေးအလှူလေးတွေများများလုပ်ပေးပါ။
#ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်း လူကြီးများ၏ တာဝန်ပေးမှုများကို တစ်ခုပြီးတစ်ခုအောင်မြင်စွာ ဆောင်ရွက်နိုင်သဖြင့် အောင်မြင်မှုနှင့် ငွေကြေးများ ရရှိနေမည်။ လျှို့ဝှက်သော စီးပွားရေးသတင်းကောင်းများ ကြားရမည်။ အမျိုးသမီး များကြောင့် စီးပွားရေးများ နှောင့်နှေးကြန့်ကြာမည်။ သို့မဟုတ် ဆုံးရှုံးနိုင်သည်။ အိမ်ထောင်ဖက်ကြောင့် ဂုဏ်သိက္ခာ တတ်နေမည်။ သားသမီးတို့အတွက် လင်မယား စကားအနည်းငယ်ပြောရမည်။
ဆွေမျိုးများ အလုပ်ကိစ္စဖြင့် အိမ်သို့ ရောက် ရှိလာမည်။ ရင်းနှီးသူများ၏ ပညာရေးထောက်ပံ့ကူညီမှုများ ရရှိမည်။ အေးဆေးစွာ ပညာသင်ကြားလိုစိတ် များဖြစ်ပေါ်နေမည်။အလုပ်ထက်လူသားအများအကျိုးပြုပရဟိတများလုပ်ချင်နေဖြစ်မည်။ အချစ်ရေးတွင် အသက် ကြီးသူကိုမှ လေးလေး စားစား မြတ်နိုးတွယ်တာတတ်သည်။ နှလုံးသားထက် ဦးဏှောက်ကို ပိုမိုဦးစားပေးချစ်နေ မည်။ အတိုက်အခံတွေရှိ နေသည်။ ကျော်လွှားဖြစ်မည်။
ဆုံးဖြတ်ရခက်သော ပြသာနာတို့ကြုံတွေ့မည်။ မရောက် ဖူးသော ခရီးတို့ထွက်ဖြစ်မည်။ အရင်းနှီးဆုံး သူငယ်ချင်းများ စိတ်ဝမ်းကွဲမည်။အလုပ်အကိုင်တွင် တိုးတက်မှု ပြောင်း လဲမှု ရွှေ့ ပြောင်းမှုများ ဖြစ်မည်။မိသားစု အတွင်း ကြီးသူတစ်ယောက် ကျန်းမာရေး ချုုချာမည်။ မိမိရဲ့ကျန်းမာရေး မှာ အကြော၊ အဆစ်နှင့်ပတ်သတ်၍ ချုချာတတ်သည်။အကျိုးပေးဂဏန်း ၂/၅/၈အထူးဟော ကံအကောင်းလေးတွေများပါတယ်။ယတြာ ငှက်ပျော်သီးမှည့်တစ်ဖီး ရဟန်းတစ်ပါးကိုလောင်းလှူလိုက်ပါ။
#ကြာသပတေး
ဒီကာလအတွင်း စပ်တူရှယ်ယာများ အထူးအောင်မြင်မည် သို့မဟုတ် ကြားပွဲစားထံအပ်ထားသော လုပ်ငန်း များမှ အောင်မြင်မည်။ ရပ်နားထားသော အလုပ်များကို ပံ့ပိုးကူညီမည့်သူများ ရောက်လာမည်။ ကိုယ်ပိုင်အတတ် ပညာ နှင့် ဆိုင်သောအလုပ်များ လုပ်ဖြစ်မည်။ စျေးဆိုင်များရောင်းအား၊ ဝယ်အားကောင်း နေချိန်ဖြစ်သည်။ မြေယာ၊ ဆောက်လုပ်ရေး၊ စက်မှုဆိုင်ရာများ အကျိုးပေးမည်။ အခွန်နှင့် ကြော်ငြာများကြောင့် ငွေကုန်များမည်။ လူကြီး၊ မိဘ၊ ဆရာ များ၏ စောင့်ရှောက်မှုကို အထူးရနေချိန်ဖြစ်သည်။
မိမိအတတ်ပညာကို ထိရောက်စွာ အသုံးချဖြစ်မည်။ တပည့် များ၏ မှားယွင်းမှုများလည်း ကြုံတွေ့မည်။ အိမ်ထောင်ဖက်နှင့် အလွန်ကြည်နူးပျော်ရွှင်နေမည်။ လွမ်းဆွတ် ကုန်လွန် ခဲ့သော အချိန်နေ့ရက်များကို အစားထိုး၍ ပိုမိုအတိုးချ၍ ချစ်နေမည်။ အချစ်ရေးတွင် လူကြီးမိဘများ ကလည်း သဘောတူ၊ ကိုယ်တိုင်ကလည်း နစ်သက်ကြည်နူးဖွယ်ရာ အချစ်ရေးဖြစ်မည်။
ပညာရေးအတွက် စိတ်အေး နေရ မည်။ မိတ်ဆွေကောင်းတို့၏ ကူညီမှုကိုရရှိမည်။ ဆရာများနှင့် သဘောထားကွဲလွဲ တတ်သည်။ ဝမ်းဖော၊ ဝမ်းရောင် နှင့် အအေးပတ်၍ ဖျားနိုင်ပါသည်။ အစာအဆိပ်ဖြစ်တတ်သည်။ ဒီကာလမှာ သင်ဟာ အိမ်မှာနေရတာ မပျော်ပိုက်ပဲ ဖြစ်နေရပါ လိမ့် မည်။ အကျိုးပေးဂဏန်း ၁/၆/၉အထူးဟော စီးပွားကောင်းလာတတ်ပါတယ်။ယတြာ အကြော် ၅ခုဘုရားကပ်လှူလိုက်ပါ။
#သောကြာ
ဒီကာလအတွင်း အလုပ်အကိုင်များ အေးစက်နေချိန်၊ မိတ်ဆွေများ၊ ဆွေမျိုးများကြောင့် လုပ်ငန်းနှေးကွေး ကြန့်ကြာနေမည်။ ဘာလုပ်လုပ် စိတ်တိုင်းမကျ၊ မိမိအတတ်ပညာနှင့် ရင်းနှီးမြှပ်နှံမှု ငွေကြေးဓနအပေါ် မှီခို၍ ဖေးမ လုပ်ကိုင်နေရမည်။ အတတ်ပညာနှစ်ခု တစ်ပြိုင်နက်တည်း အသုံးပြုနေရမည်။ အရှုပ်ထုပ်များ ရှင်းနေရမည်။ ရန်ပြုခံရမည်။ ခရီးဝေးထွက်ဖြစ်မည်။ သူတစ်ပါး၏ သိမ်းသွင်းမှု ခံရတတ်သည်။
မိသားစုလုပ်ငန်းနှင့် မိခင်၏ အလုပ်များမှ ငွေဝင်မည်။ အေးစက်၍ လမ်းခွဲရန် ကြုံနေသော အိမ်ထောင်ရေးသည် အိမ်ထောင်ဖက်၏ အနေမှန်မှု ကြောင့် အစစ တည်ငြိမ်နေဆဲဖြစ်၏။ သို့သော် ပေါက်ကွဲလုလု ဗုံးပမာ အချိန်မရွေး လမ်းခွဲရန် အသင့်ဖြစ်နေမည်။ သို့မဟုတ်ပါက တစ်နယ်စီဝေးကွာ၍ လွမ်းမောဖွယ် အိမ်ထောင် ရေး ခရီးစဉ် ဖြစ်ပါသည်။ လူလွတ်များ ချစ်သူ ဝိုင်းဝိုင်း လည်၍ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင် ဖြစ်နေမည်။
အနီနားကလူထက် အဝေးက ချစ်သူကို ပိုမိုလှမ်း မျှော်နေမည်။ ပညာရေးကဏ္ဍမှာတော့ ပျော်ရွင်စွာပညာသင် ယူဖြစ်မည်။ အလုပ်နှင့်ပညာ တစ်ထပ်တည်း ကျနေ မည်။ ကျန်းမာရေး အားကောင်းပေမယ့် ဓါးရှနှင့် ဆီပူမီးပူလောင်၊ လျှပ်စစ်ဓါတ်လိုက်မှုများ ကြုံတွေ့နိုင်ပါသည်။ ဆေးစားလည်း မှားတတ် သည်။ အကျိုးပေးဂဏန်း ၁/၄/၃အထူးဟော အနည်းငယ်အလုပ်များ၍ ပင်ပန်းနေရတတ်ပါတယ်။ယတြာ ကိတ်မုန့်နှစ်ချပ် ကလေးတစ်ဦးကို ဝယ်ကျွေးလိုက်ပါ။
#စနေ
ဒီကာလအတွင်း လျှောက်လွှာများ၊ စာရင်းဇယားများကို အရေးတကြီး လုပ်ဆောင်နေဖြစ်မည်။ နာမည်ကြီး ၍ ဂုဏ်သိက္ခာမြင့်မားမည်။ ဧည့်သည်များ ရောက်လာတတ်သည်။ငွေဝင်ကောင်းမည်။ သက်သာစွာလုပ်ကိုင်ရင်း ငွေများ များ ရမည်။ မိဘနှင့် တူသော အမျိုးသမီးများ၏ ကူညီမှုကို ရရှိမည်။ စိန်နှင့် ယာဉ်ကားတို့မှ အကျိုး အမြတ်များရမည်။ အခြားလျှပ်စစ် ဆိုင်ရာ ပစ္စည်းများကြောင့် ငွေကုန်များမည်။ အိမ်ထောင်ရေးတာဝန်များ အလွန် ဖိစီးနေမည်။
ကြီးမား သောကျောက်တုံး ကြီးကို ရွက်ထားသကဲ့သို့ဖြစ်မည်။ အချစ်ရေးတွင်မသိမသာ အချစ်သစ် ကိုပြောင်းချင်သော်လည်း အဟောင်းကို လည်းမစွန့်နိုင် အချစ်ဝဲဂယက်ထဲ လည်နေမည်။ ပညာရေးတွင်ရှေးဟောင်း စာပေနှင့် အဘိဓမ္မာ၊ ဒဿနဘာသာရပ်များကိုလေ့လာခွင့်ရနေမည်။ ရှေးဟောင်းကျမ်းစာအုပ်များ ရလိမ့်မည်။ ဘာသာခြား ဆရာတို့၏ ကူညီမှု ကို ရမည်။
စိုက်ပျိုးရေးသမားများလမ်းနှင့်နီးသော သီးနှံစိုက်ခင်းများ ပိုး၊ ကြွက်တို့၏ ဖျက်ဆီး ခြင်း ခံရမည်။ ရေချိုးမှားတတ် သည်။ အအေးခံ များလွန်း၍ အကြောတတ်၊ လေဖြတ်မှုများ ကြုံတွေ့ရနိုင် ပါသည်။ အထူးသဖြင့် ခြေလက်ထုံကျဉ် နေမည်။ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရတတ်ခြင်း၊ ဒီကြားထဲ သွား တစ်ချောင်း ကလည်း ဒုက္ခပေးပါလိမ့်ဦးမည်။အကျိုးပေးဂဏန်း ၄/၆/၀အထူးဟော ဝီရိယအားကို အထူးစိုက်ထုတ်မှအဆင်ပြေမည်။ယတြာ ထမင်းဆီဆမ်းကို မြေပဲလေးဖြူးပြီးဘုရားကပ်လှူလိုက်ပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695
crd