ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ
တမူး၊ ဇန္နဝါရီ ၁၉၊ ၂၀၂၃။
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တမူးမြို့က စစ်ကောင်စီလက်အောက်ခံ တမူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်မနက် ၁၀ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အာရှလမ်း၊ စော်ဘွားရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံရွေးကော်ရုံးကို တော်လှန်ရေးအင်အားစုတွေဘက်က စီးနင်း မီးရှို့ခဲ့တာဖြစ်ပြီး နာရီဝက်နီးပါးအကြာ မီးလောင်ကျွမ်းခဲ့လို့ ရုံးတွင်းစာရွက်စာတမ်းတွေနဲ့ ရုံးအဆောက်အဦး မီးလောင်ပျက်စီးခဲ့တယ်လို့ တမူး ABSDF တပ်ရင်း ၅ မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
”စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ လောင်တာ နာရီဝက်လောက် ကြာတယ်။ စာရွက်စာတမ်းတွေ အကုန်မီးလောင်ပြီး ရုံးအဆောက်အဦလည်း ပျက်စီးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရွေးကော်ရုံး မီးရှို့ဖျက်ဆီးတာကို တမူး ABSDF တပ်ရင်း ၅ နဲ့ တမူးပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တမူးက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပြီး ဒီဖြစ်စဉ်နဲ့ပက်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မြေလတ်အသံ
ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ
တမူး၊ ဇန်နဝါရီ ၁၉၊ ၂၀၂၃။

crd