PDF မ်ားအား ထိန္းခ်ဳပ္၍ မရေအာင္ ျဖစ္လာဟု စစ္ဗိုလ္ခ်ဳပ္မ်ား ဝန္ခံ

PDF မ်ားအား ထိန္းခ်ဳပ္၍ မရေအာင္ ျဖစ္လာဟု စစ္ဗိုလ္ခ်ဳပ္မ်ား ဝန္ခံ

ဒီဇင္ဘာ ႐ုံးပိတ္ရက္မ်ား မတိုင္မီက ျပည္ထဲေရး ဝန္ႀကီး စိုးထြဋ္ မွ ေခၚယူသည့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး အစည္းအေဝးသို႔ ကာကြယ္ေရး၊ နယ္လုံ၊ အထက္တန္း ရဲ ဖက္ ႏွင့္ ေထာက္လွန္းေရး အရာရွိႀကီးမ်ား တက္ေရာက္ခဲ့ၾကရာမွ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ PDF မ်ားအား ထိန္းခ်ဳပ္၍ မရ ျဖစ္လာၿပီ ယခုႏွစ္ အတြင္း တိုက္ခိုက္မႈမ်ား ပိုမို ျပင္းထန္လာ ဖြယ္ ရွိသည္ဟု တသံတည္း ထြက္လာခဲ့ၾကေၾကာင္း ေခတ္သစ္ သို႔ ေပါက္ၾကားလာေသာ အစည္းအေဝး မွတ္တမ္း ကို ကိုးကား၍ ဧရာဝတီမွ သတင္း ေဖၚျပလာသည္

ထို႔ျပင္ လာမည့္ ဩဂုတ္လ ေ႐ြးေကာက္ပြဲကို လည္း ေအာင္ျမင္စြာ က်င္းပႏိုင္လိမ့္မည္ဟု အစည္းအေဝး တက္လာသူ တဦးတေလကမွ် မယူဆေၾကာင္းလည္း မွတ္တမ္းတြင္ ပါရွိလာသည္

ယင္းသည္ ပထမဆုံး အႀကိမ္ မင္းေအာင္လႈိင္ ႏွင့္ အထက္တန္း စစ္ဖက္ အရာရွိႀကီးမ်ား သေဘာကြဲလြဲလာေနၿပီ ဆိုေသာ အေထာက္အထား ျဖစ္၍ လြန္စြာ အေရးႀကီးေသာ သတင္းႀကီးပင္ ျဖစ္သည္။ထို႔ျပင္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရအား လူထု ၏ ေထာက္ခံမႈ မရေအာင္ မည္သို႔လုပ္ရမည္ ဆိုသည္ အေပၚလည္း အႀကံအိုက္ေနၾကၿပီ ျဖစ္သည္

ႏိုင္ငံတကာကလည္း မိမိတို႔ မွ “အၾကမ္းဖက္ အဖြဲ႕အစည္း” ဟု သတ္မွတ္ထားေသာ္လည္း ႏိုင္ငံတကာ အသိုက္အဝန္း ၏ ေထာက္ခံမႈ ရေနသည့္ အျဖစ္ကိုလည္း အံ့ဩတုန္လႈပ္ မႈ ႏွင့္ အတူ စိတ္ပ်က္ေနသည္ဟု ပါရွိသည္


စိုးထြဋ္မွ PDF မ်ားသည္ လ်ပ္တျပက္ ၿခဳံခို တိုက္ခိုက္ေနမႈ အဆင့္မွ ယခုအခါ ၁၀၇ မမ လက္နက္ႀကီး မ်ား သုံးလာသည့္ အေနအထား ေရာက္လာေနၿပီ ျဖစ္သည္ဟု ဆိုသည္။

ထိုလက္နက္မ်ား၏ ၇၅ ရာႏႈန္းသည္ စစ္ေဆးေရး ဂိတ္မ်ား ကို ျဖတ္ေက်ာ္ဝင္ေရာက္သြားေနသည္ဟု ေထာက္ျပခဲ့သည္။လူထုအား သတင္းေပးႏိုင္လွ်င္ ခ်ီးျမႇင့္ရန္ သတ္မွတ္ထားသည့္ ရံပုံ‌ေငြ သည္လည္း အေတာ္မ်ားမ်ား က်န္ေနေသး၍ လူထုဖက္က ထိုသို႔ လုပ္ရန္ လိုလားမႈ မရွိသည္ကို ျပဆိုေနသည္ဟု ပါရွိသည္


အားလုံးက ကရင္၊ ကခ်င္၊ ကယား ျပည္နယ္ မ်ား ႏွင့္ စစ္ကိုင္း၊ မေကြး၊ ပဲခူး၊ မႏၲေလးတိုင္း တို႔တြင္ PDF မ်ားသည္ ယခင္ အဖြဲ႕ငယ္ ေလးမ်ား အျဖစ္မွ ယခု အခါ အင္အား ႀကီးထြားလာေနၿပီ ျဖစ္ၿပီး ရဲစခန္း မ်ား ႏွင့္ စစ္စခန္းမ်ားကိုပင္ တိုက္ခိုက္လာခဲ့ရာ မေကြးတိုင္း ေဒသႀကီး အနီးအနား ရွိ ရဲစခန္းမ်ား အႀကိမ္ေပါင္း ၈၇ ႀကိမ္ တိုက္ခိုက္ခံရၿပီး ျဖစ္သည္ဟု ပါရွိသည္

တက္ေရာက္လာသူ အားလုံး က ေျပာႏိုင္လွ်င္ ၿပီးေရာ ဆိုကာ သူ႔ထက္ငါ အလုအယက္ ဝိုင္းေျပာေနေသာ္လည္း မည္သို႔မွ် တန္းမဝင္သည့္ အိုင္ဒီယာမ်ား ျဖစ္ေနသည္


ၿခဳံ၍ ၾကည့္မည္ ဆိုလွ်င္ မဲစာရင္းမွားသည္ ဆိုကာ အာဏာသိမ္းခဲ့ေသာ မင္းေအာင္လႈိင္ ခိုင္းသမွ် ျဖစ္ခ်င္ရာျဖစ္ လိုက္လုပ္ေပးေနရေသာ္လည္း မည္သို႔မွ် ေအာင္ျမင္ႏိုင္ျခင္း ရွိမည္ မဟုတ္သည္ကို စစ္ဖက္ ရဲဖက္ အရာရွိႀကီးမ်ား လက္ခံလာေနၾကၿပီ ဆိုသည္ကို ျပဆိုေနေပသည္

အဆိုပါ ၄၁ မ်က္ႏွာပါ အစည္းအေဝး မွတ္တမ္း သတင္း ေပါက္ၾကားမႈ သည္ စစ္တပ္ အတြင္း စိတ္ဓါတ္မ်ား ၿပိဳလဲ က်ဆင္းလာေနမႈ ကို မီးေမာင္းထိုးျပသလို ျဖစ္သြားခဲ့သျဖင့္ မွတ္တမ္းဌာန ႀကီးမႈး ရဲမႈးခ်ဳပ္ ေအာင္ေဌးျမင့္ ႏွင့္ ႐ုံးအဖြဲ႕ဝင္မ်ား ကို ထိန္းသိမ္းၿပီး စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ေနသည္ဟု ေခတ္သစ္ သတင္းက ဆိုသည္

အင္ဒို မွ “အရည္အခ်င္း ျပည့္ဝသူမ်ား” အုပ္ခ်ဳပ္ပါေစ ဟု မင္းေအာင္လႈိင္ကို ေျပာ

ဆြစ္ဇာလန္ ႏိုင္ငံ ဒါဗို ၌ လက္ရွိ က်င္းပေနေသာ ကမာၻစီးပြားေရး ဖိုရမ္ႀကီးတြင္ အင္ဒိုနီရွား၏ ေရေၾကာင္း ႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈ ညႇိႏႈိင္းေရး တာဝန္ခံ ဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ေဟာင္း ျဖစ္သူ လူဟြတ္ ပန္ေဂ်တန္ မွ ျမန္မာ စစ္တပ္ အေနျဖင့္ စီးပြားေရးသည္ ပိတ္ဆို႔ ဒဏ္ခတ္မႈ မ်ား ေၾကာင့္ ဒလၾကမ္း ထိုးဆင္းလာေနၿပီး ျပည္တြင္း ပဋိပကၡမ်ားလည္း ဆိုးဝါးလာေနၿပီ ျဖစ္၍ ေနာက္ဆုတ္ေပးၿပီး “အရည္အခ်င္း ရွိသည့္” ေခါင္းေဆာင္မ်ားကို တိုင္းျပည္အုပ္ခ်ဳပ္ခြင့္ ျပဳရန္ တိုက္တြန္းေၾကာင္း သူ၏ မိန႔္ခြန္းတြင္ ထည့္သြင္း ေျပာဆိုသြားခဲ့သည္ဟု Bloomberg သတင္း တြင္ ပါရွိလာခဲ့သည္

ျမန္မာ စစ္တပ္အေနျဖင့္ အင္ဒိုနီရွားကို နမူနာ ယူသင့္ေၾကာင္း၊ မိမိတို႔ သည္ ဆယ္စုႏွစ္ေပါင္း မ်ားစြာကတည္းက အစိုးရ ပိုင္း လုပ္ငန္းေဆာင္တာမ်ား အားလုံးကို ထိန္းခ်ဳပ္ထားမႈကို စြန႔္လႊတ္ကာ ေနာက္ဆုတ္ေပးခဲ့ၿပီး ျဖစ္သည္ဟု ဆိုသည္


ယခုအခါ ျမန္မာ တြင္ စစ္တပ္ မွ လူ အေျမာက္အျမား သည္ အစိုးရပိုင္း တြင္ ပါဝင္ေနၿပီး ကိုယ့္တြင္ အရည္ အခ်င္း မရွိပဲ ဘာလို႔ သမၼတ ျဖစ္ခ်င္ေနရလဲ” ဟု မင္းေအာင္လႈိင္ကို တိုက္႐ိုက္ ရည္ၫႊန္း ေျပာဆိုသြားခဲ့ျပန္သည္
“ျမန္မာ ကို အရည္အခ်င္း ရွိသူ အျခား တေယာက္ေယာက္ကို အုပ္ခ်ဳပ္ခြင့္ ျပဳလိုက္ပါ၊ ဒီလို လုပ္ေပးလိုက္ရင္ အင္ဒိုနီရွား မွာ ဘာျဖစ္ခဲ့လဲ ဆိုတာ ၾကည့္ပါ”

အင္ဒိုနီရွားသည္ ၁၉၆၆ တြင္ အာဏာသိမ္းယူၿပီး တိုင္ျပည္အား ကိုယ့္မင္း ကိုယ္ခ်င္း အုပ္ခ်ဳပ္ေနေသာ သမၼတ ဆူဟာတို အား ၁၉၉၈ တြင္ ျဖဳတ္ခ်ခဲ့ၿပီးေနာက္ ဒီမိုကေရစီ က်င့္သုံးလာခဲ့ရာမွ ႏွစ္ေပါင္း သုံးဆယ္ အတြင္း စီးပြားေရး လွ်င္ျမန္စြာ တိုးတက္လာေနေသာ ႏိုင္ငံလည္း ျဖစ္သည္။ (အင္ဒိုနီရွားသည္ G-20 ႏိုင္ငံ စာရင္းတြင္ ပါဝင္ႏိုင္ခဲ့သည့္ အေရွ႕ေတာင္အာရွ မွ တခုတည္းေသာ ႏိုင္ငံလည္း ျဖစ္သည္)

ျမန္မာ စစ္တပ္ ကိုယ္စားလွယ္မ်ားကို အာဆီယံ ထိပ္သီးအစည္းအေဝးသာမက မည္သည့္ အစည္းအေဝးမ်ိဳးကိုမွ တက္ခြင့္ မျပဳရန္ သမၼတ ဂ်ိဳကိုဝီ မွ ယမန္ႏွစ္ က အဆိုျပဳ တင္ျပထားခဲ့သည္

မစၥတာ ပန္ေဂ်တန္၏ မွတ္ခ်က္ ကို ထင္ျမင့္ခ်က္ တစုံတရာ ေပးရန္ အာဏာသိမ္း အဖြဲ႕၏ ေျပာခြင့္ရ ေဇာ္မင္းထြန္းအား ေမးျမန္းခဲ့ေသာ္လည္း အေၾကာင္းတစုံတရာ ပန္ၾကားျခင္း မရွိဟုလည္း သတင္းတြင္ ပါရွိခဲ့သည္

စကၤာပူ အစိုးရမွ တနလၤာေန႔က ထြက္ရွိလာေသာ ျမန္မာအေရး အႀကံေပး ေကာင္စီ၏ အစီရင္ခံစာပါ စကၤာပူသည္ ျမန္မာ စစ္တပ္ ၏ လက္နက္ထုတ္လုပ္ေရး တြင္ လိုအပ္ေသာ ပစၥည္းမ်ားကို ၾကားခံ အျဖစ္ တင္ပို႔ေပးေနသည္ ဆိုသည္ကို ျငင္းဆိုခဲ့ၿပီး လက္နက္မ်ား လႊဲေျပာင္းေပးျခင္း၊ စစ္ေရး တြင္ အသုံးျပဳႏိုင္ေသာ မည္သည့္ ပစၥည္းမ်ိဳးကို မဆို တင္ပို႔ေပးခဲ့ျခင္း မရွိဟု စကၤာပူ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန မွ ေက်ညာခ်က္ ထုတ္ျပန္ခဲ့သည္

“အခု‌ ေတာ့ ဘယ္လိုမွ လက္မခံႏိုင္ေတာ့မွန္း တကယ့္ကို ေသခ်ာသြားခဲ့ၿပီ” ဟူေသာ သီခ်င္းစာသား အတိုင္းပင္ ျဖစ္ေနေပေတာ့သည္


ျပည္သူတို႔၏ ခုခံ တြန္းလွန္စစ္ မုခ် ေအာင္ရမည္!!!

Hla Soewai

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဒီဇင်ဘာ ရုံးပိတ်ရက်များ မတိုင်မီက ပြည်ထဲရေး ဝန်ကြီး စိုးထွဋ် မှ ခေါ်ယူသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အစည်းအဝေးသို့ ကာကွယ်ရေး၊ နယ်လုံ၊ အထက်တန်း ရဲ ဖက် နှင့် ထောက်လှန်းရေး အရာရှိကြီးများ တက်ရောက်ခဲ့ကြရာမှ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF များအား ထိန်းချုပ်၍ မရ ဖြစ်လာပြီ ယခုနှစ် အတွင်း တိုက်ခိုက်မှုများ ပိုမို ပြင်းထန်လာ ဖွယ် ရှိသည်ဟု တသံတည်း ထွက်လာခဲ့ကြကြောင်း ခေတ်သစ် သို့ ပေါက်ကြားလာသော အစည်းအဝေး မှတ်တမ်း ကို ကိုးကား၍ ဧရာဝတီမှ သတင်း ဖေါ်ပြလာသည်

ထို့ပြင် လာမည့် ဩဂုတ်လ ရွေးကောက်ပွဲကို လည်း အောင်မြင်စွာ ကျင်းပနိုင်လိမ့်မည်ဟု အစည်းအဝေး တက်လာသူ တဦးတလေကမျှ မယူဆကြောင်းလည်း မှတ်တမ်းတွင် ပါရှိလာသည်

ယင်းသည် ပထမဆုံး အကြိမ် မင်းအောင်လှိုင် နှင့် အထက်တန်း စစ်ဖက် အရာရှိကြီးများ သဘောကွဲလွဲလာနေပြီ ဆိုသော အထောက်အထား ဖြစ်၍ လွန်စွာ အရေးကြီးသော သတင်းကြီးပင် ဖြစ်သည်။ထို့ပြင် အမျိုးသား ညီညွတ်ရေး အစိုးရအား လူထု ၏ ထောက်ခံမှု မရအောင် မည်သို့လုပ်ရမည် ဆိုသည် အပေါ်လည်း အကြံအိုက်နေကြပြီ ဖြစ်သည်

နိုင်ငံတကာကလည်း မိမိတို့ မှ “အကြမ်းဖက် အဖွဲ့အစည်း” ဟု သတ်မှတ်ထားသော်လည်း နိုင်ငံတကာ အသိုက်အဝန်း ၏ ထောက်ခံမှု ရနေသည့် အဖြစ်ကိုလည်း အံ့ဩတုန်လှုပ် မှု နှင့် အတူ စိတ်ပျက်နေသည်ဟု ပါရှိသည်

စိုးထွဋ်မှ PDF များသည် လျပ်တပြက် ခြုံခို တိုက်ခိုက်နေမှု အဆင့်မှ ယခုအခါ ၁၀၇ မမ လက်နက်ကြီး များ သုံးလာသည့် အနေအထား ရောက်လာနေပြီ ဖြစ်သည်ဟု ဆိုသည်။

ထိုလက်နက်များ၏ ၇၅ ရာနှုန်းသည် စစ်ဆေးရေး ဂိတ်များ ကို ဖြတ်ကျော်ဝင်ရောက်သွားနေသည်ဟု ထောက်ပြခဲ့သည်။လူထုအား သတင်းပေးနိုင်လျှင် ချီးမြှင့်ရန် သတ်မှတ်ထားသည့် ရံပုံ‌ငွေ သည်လည်း အတော်များများ ကျန်နေသေး၍ လူထုဖက်က ထိုသို့ လုပ်ရန် လိုလားမှု မရှိသည်ကို ပြဆိုနေသည်ဟု ပါရှိသည်

အားလုံးက ကရင်၊ ကချင်၊ ကယား ပြည်နယ် များ နှင့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေးတိုင်း တို့တွင် PDF များသည် ယခင် အဖွဲ့ငယ် လေးများ အဖြစ်မှ ယခု အခါ အင်အား ကြီးထွားလာနေပြီ ဖြစ်ပြီး ရဲစခန်း များ နှင့် စစ်စခန်းများကိုပင် တိုက်ခိုက်လာခဲ့ရာ မကွေးတိုင်း ဒေသကြီး အနီးအနား ရှိ ရဲစခန်းများ အကြိမ်ပေါင်း ၈၇ ကြိမ် တိုက်ခိုက်ခံရပြီး ဖြစ်သည်ဟု ပါရှိသည်


တက်ရောက်လာသူ အားလုံး က ပြောနိုင်လျှင် ပြီးရော ဆိုကာ သူ့ထက်ငါ အလုအယက် ဝိုင်းပြောနေသော်လည်း မည်သို့မျှ တန်းမဝင်သည့် အိုင်ဒီယာများ ဖြစ်နေသည်

ခြုံ၍ ကြည့်မည် ဆိုလျှင် မဲစာရင်းမှားသည် ဆိုကာ အာဏာသိမ်းခဲ့သော မင်းအောင်လှိုင် ခိုင်းသမျှ ဖြစ်ချင်ရာဖြစ် လိုက်လုပ်ပေးနေရသော်လည်း မည်သို့မျှ အောင်မြင်နိုင်ခြင်း ရှိမည် မဟုတ်သည်ကို စစ်ဖက် ရဲဖက် အရာရှိကြီးများ လက်ခံလာနေကြပြီ ဆိုသည်ကို ပြဆိုနေပေသည်

အဆိုပါ ၄၁ မျက်နှာပါ အစည်းအဝေး မှတ်တမ်း သတင်း ပေါက်ကြားမှု သည် စစ်တပ် အတွင်း စိတ်ဓါတ်များ ပြိုလဲ ကျဆင်းလာနေမှု ကို မီးမောင်းထိုးပြသလို ဖြစ်သွားခဲ့သဖြင့် မှတ်တမ်းဌာန ကြီးမှုး ရဲမှုးချုပ် အောင်ဌေးမြင့် နှင့် ရုံးအဖွဲ့ဝင်များ ကို ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ခေတ်သစ် သတင်းက ဆိုသည်

အင်ဒို မှ “အရည်အချင်း ပြည့်ဝသူများ” အုပ်ချုပ်ပါစေ ဟု မင်းအောင်လှိုင်ကို ပြော

ဆွစ်ဇာလန် နိုင်ငံ ဒါဗို ၌ လက်ရှိ ကျင်းပနေသော ကမ္ဘာစီးပွားရေး ဖိုရမ်ကြီးတွင် အင်ဒိုနီရှား၏ ရေကြောင်း နှင့် ရင်းနှီးမြုပ်နှံမှု ညှိနှိုင်းရေး တာဝန်ခံ ဝန်ကြီး ဗိုလ်ချုပ်ကြီး ဟောင်း ဖြစ်သူ လူဟွတ် ပန်ဂျေတန် မှ မြန်မာ စစ်တပ် အနေဖြင့် စီးပွားရေးသည် ပိတ်ဆို့ ဒဏ်ခတ်မှု များ ကြောင့် ဒလကြမ်း ထိုးဆင်းလာနေပြီး ပြည်တွင်း ပဋိပက္ခများလည်း ဆိုးဝါးလာနေပြီ ဖြစ်၍ နောက်ဆုတ်ပေးပြီး “အရည်အချင်း ရှိသည့်” ခေါင်းဆောင်များကို တိုင်းပြည်အုပ်ချုပ်ခွင့် ပြုရန် တိုက်တွန်းကြောင်း သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်ဟု Bloomberg သတင်း တွင် ပါရှိလာခဲ့သည်

မြန်မာ စစ်တပ်အနေဖြင့် အင်ဒိုနီရှားကို နမူနာ ယူသင့်ကြောင်း၊ မိမိတို့ သည် ဆယ်စုနှစ်ပေါင်း များစွာကတည်းက အစိုးရ ပိုင်း လုပ်ငန်းဆောင်တာများ အားလုံးကို ထိန်းချုပ်ထားမှုကို စွန့်လွှတ်ကာ နောက်ဆုတ်ပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်

ယခုအခါ မြန်မာ တွင် စစ်တပ် မှ လူ အမြောက်အမြား သည် အစိုးရပိုင်း တွင် ပါဝင်နေပြီး ကိုယ့်တွင် အရည် အချင်း မရှိပဲ ဘာလို့ သမ္မတ ဖြစ်ချင်နေရလဲ” ဟု မင်းအောင်လှိုင်ကို တိုက်ရိုက် ရည်ညွှန်း ပြောဆိုသွားခဲ့ပြန်သည်
“မြန်မာ ကို အရည်အချင်း ရှိသူ အခြား တယောက်ယောက်ကို အုပ်ချုပ်ခွင့် ပြုလိုက်ပါ၊ ဒီလို လုပ်ပေးလိုက်ရင် အင်ဒိုနီရှား မှာ ဘာဖြစ်ခဲ့လဲ ဆိုတာ ကြည့်ပါ”

အင်ဒိုနီရှားသည် ၁၉၆၆ တွင် အာဏာသိမ်းယူပြီး တိုင်ပြည်အား ကိုယ့်မင်း ကိုယ်ချင်း အုပ်ချုပ်နေသော သမ္မတ ဆူဟာတို အား ၁၉၉၈ တွင် ဖြုတ်ချခဲ့ပြီးနောက် ဒီမိုကရေစီ ကျင့်သုံးလာခဲ့ရာမှ နှစ်ပေါင်း သုံးဆယ် အတွင်း စီးပွားရေး လျှင်မြန်စွာ တိုးတက်လာနေသော နိုင်ငံလည်း ဖြစ်သည်။ (အင်ဒိုနီရှားသည် G-20 နိုင်ငံ စာရင်းတွင် ပါဝင်နိုင်ခဲ့သည့် အရှေ့တောင်အာရှ မှ တခုတည်းသော နိုင်ငံလည်း ဖြစ်သည်)

မြန်မာ စစ်တပ် ကိုယ်စားလှယ်များကို အာဆီယံ ထိပ်သီးအစည်းအဝေးသာမက မည်သည့် အစည်းအဝေးမျိုးကိုမှ တက်ခွင့် မပြုရန် သမ္မတ ဂျိုကိုဝီ မှ ယမန်နှစ် က အဆိုပြု တင်ပြထားခဲ့သည်

မစ္စတာ ပန်ဂျေတန်၏ မှတ်ချက် ကို ထင်မြင့်ချက် တစုံတရာ ပေးရန် အာဏာသိမ်း အဖွဲ့၏ ပြောခွင့်ရ ဇော်မင်းထွန်းအား မေးမြန်းခဲ့သော်လည်း အကြောင်းတစုံတရာ ပန်ကြားခြင်း မရှိဟုလည်း သတင်းတွင် ပါရှိခဲ့သည်


စင်္ကာပူ အစိုးရမှ တနင်္လာနေ့က ထွက်ရှိလာသော မြန်မာအရေး အကြံပေး ကောင်စီ၏ အစီရင်ခံစာပါ စင်္ကာပူသည် မြန်မာ စစ်တပ် ၏ လက်နက်ထုတ်လုပ်ရေး တွင် လိုအပ်သော ပစ္စည်းများကို ကြားခံ အဖြစ် တင်ပို့ပေးနေသည် ဆိုသည်ကို ငြင်းဆိုခဲ့ပြီး လက်နက်များ လွှဲပြောင်းပေးခြင်း၊ စစ်ရေး တွင် အသုံးပြုနိုင်သော မည်သည့် ပစ္စည်းမျိုးကို မဆို တင်ပို့ပေးခဲ့ခြင်း မရှိဟု စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ကျေညာချက် ထုတ်ပြန်ခဲ့သည်

“အခု‌ တော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း တကယ့်ကို သေချာသွားခဲ့ပြီ” ဟူသော သီချင်းစာသား အတိုင်းပင် ဖြစ်နေပေတော့သည်

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai


crd

Leave a Reply

Your email address will not be published. Required fields are marked *