ကျွဲကောင်း ကျွဲလှတစ်ကောင်ရဲ့ သုတ်သွေး ရောင်းပြီး တစ်လကို ဘတ် ၁သန်း ရရှိနေပြီး ဟန်ကျနေတဲ့ ထိုင်းလယ်သမား….

ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ကလာဆန္ ျပည္နယ္ရွိ နာမည္ေပးထားတဲ့ ကြၽဲေကာင္း ကြၽဲလွတစ္ေကာင္ရဲ႕ သုတ္ေသြးကို ေရာင္းၿပီး တစ္လကို ဘတ္ ၁သန္း ရရွိေနပါတယ္။

ကြိဳက္ယ္လို႔ ထိုင္းလိုေခၚတဲ့ ႏိုင္ငံတစ္ဝန္းက ေရကြၽဲ ေမြးျမဴသူေတြဟာ ဘတ္သန္း ၃၀ေလာက္တန္ဖိုးရွိတဲ့ စံျပ ထိုင္းေရကြၽဲ Big Billionရဲ႕ သုတ္ ေသြး ကို သားေဖာက္ဖို႔ ေၾကးႀကီးႀကီးေပးၿပီး ဝယ္ယူေနၾကပါတယ္။

ကြၽဲေမြးျမဴသူေတြက Big Billionလို ဘတ္သန္းနဲ႔ခ်ီတန္တဲ့ ကြၽဲေတြ ေမြးလာေအာင္သူ႔ရဲ႕ မ်ိဳးကို တိရစာၦန္ မ်ိဳးပြားမႈ ဆိုင္ရာေဆးပညာသုံးၿပီး ကြၽဲမေတြကို သားေဖာက္ေနၾကပါတယ္။

Big Billionေၾကာင့္ ေငြေၾကး အမ်ားအျပားရရွိေနေပမယ့္ သူဟာ လယ္ထဲမွာလည္း အလုပ္လုပ္တဲ့ ခိုင္းကြၽဲတစ္ေကာင္ ျဖစ္တယ္လို႔ ပိုင္ရွင္ မြန္ကိုးလ္ မြန္ဖတ္က ေျပာၾကားပါတယ္။

Big Billionဟာ ထြန္စက္မလိုရေလာက္ေအာင္ လယ္ထြန္ေပးႏိုင္ၿပီး သူ႔ရဲ႕ မစင္ကို ေျမၾသဇာအျဖစ္ အသုံးခ်လို႔ရတာေၾကာင့္ အမ်ားႀကီး အသုံးဝင္တဲ့ ကြၽဲတစ္ေကာင္ ျဖစ္တယ္လို႔ မြန္ဖတ္က ေျပာၾကားပါတယ္။


ဒါေပမယ့္ ထိုင္းမွာ ကြၽဲအလွၿပိဳင္ပြဲေတြ အတြက္ ကြၽဲေမြးသူေတြလည္းရွိၿပီး ဆုရတဲ့ ကြၽဲေတြကို ေလလံတင္ေရာင္းရင္ ဘတ္ သန္းနဲ႔ ခ်ီရရွိတတ္ပါတယ္။

မြန္ဖတ္တို႔ မိသားစုဟာ ကြၽဲေတြ သားေဖာက္ၿပီး ေရာင္းလို႔ရတဲ့ ေငြနဲ႔ သားသမီးေတြရဲ႕ ပညာေရး ကုန္က်စရိတ္ အတြက္ သုံးစြဲေနတာပါ။

ဒီကြၽဲေတြဟာ ႏြားေတြထက္ ေရာဂါဒဏ္ပိုခံႏိုင္သလို ေမြးျမဴရလြယ္ၿပီး ပိုအားေကာင္းသလို အက်င့္လည္း ေကာင္းတာေၾကာင့္ မြန္ဖတ္တို႔ မိသားစုဟာ ကြၽဲေတြကိုပဲ မ်ိဳး႐ိုးစဥ္ဆက္ ေမြးျမဴလာခဲ့သူေတြ ျဖစ္ပါတယ္။

မြန္ဖတ္ရဲ႕ ၿခံမွာ ကြၽဲေကာင္းကြၽဲလွေကာင္ေရ ၂၀ေက်ာ္ရွိေပမယ့္ Big Billionကေတာ့ အားလုံးထဲမွာ သူရဲေကာင္းပဲလို႔ ဆိုပါတယ္။


Unicode

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ကလာဆန် ပြည်နယ်ရှိ နာမည်ပေးထားတဲ့ ကျွဲကောင်း ကျွဲလှတစ်ကောင်ရဲ့ သုတ်သွေးကို ရောင်းပြီး တစ်လကို ဘတ် ၁သန်း ရရှိနေပါတယ်။

ကွိုက်ယ်လို့ ထိုင်းလိုခေါ်တဲ့ နိုင်ငံတစ်ဝန်းက ရေကျွဲ မွေးမြူသူတွေဟာ ဘတ်သန်း ၃၀လောက်တန်ဖိုးရှိတဲ့ စံပြ ထိုင်းရေကျွဲ Big Billionရဲ့ သုတ် သွေး ကို သားဖောက်ဖို့ ကြေးကြီးကြီးပေးပြီး ဝယ်ယူနေကြပါတယ်။

ကျွဲမွေးမြူသူတွေက Big Billionလို ဘတ်သန်းနဲ့ချီတန်တဲ့ ကျွဲတွေ မွေးလာအောင်သူ့ရဲ့ မျိုးကို တိရစ္ဆာန် မျိုးပွားမှု ဆိုင်ရာဆေးပညာသုံးပြီး ကျွဲမတွေကို သားဖောက်နေကြပါတယ်။

Big Billionကြောင့် ငွေကြေး အများအပြားရရှိနေပေမယ့် သူဟာ လယ်ထဲမှာလည်း အလုပ်လုပ်တဲ့ ခိုင်းကျွဲတစ်ကောင် ဖြစ်တယ်လို့ ပိုင်ရှင် မွန်ကိုးလ် မွန်ဖတ်က ပြောကြားပါတယ်။

Big Billionဟာ ထွန်စက်မလိုရလောက်အောင် လယ်ထွန်ပေးနိုင်ပြီး သူ့ရဲ့ မစင်ကို မြေသြဇာအဖြစ် အသုံးချလို့ရတာကြောင့် အများကြီး အသုံးဝင်တဲ့ ကျွဲတစ်ကောင် ဖြစ်တယ်လို့ မွန်ဖတ်က ပြောကြားပါတယ်။


ဒါပေမယ့် ထိုင်းမှာ ကျွဲအလှပြိုင်ပွဲတွေ အတွက် ကျွဲမွေးသူတွေလည်းရှိပြီး ဆုရတဲ့ ကျွဲတွေကို လေလံတင်ရောင်းရင် ဘတ် သန်းနဲ့ ချီရရှိတတ်ပါတယ်။

မွန်ဖတ်တို့ မိသားစုဟာ ကျွဲတွေ သားဖောက်ပြီး ရောင်းလို့ရတဲ့ ငွေနဲ့ သားသမီးတွေရဲ့ ပညာရေး ကုန်ကျစရိတ် အတွက် သုံးစွဲနေတာပါ။

ဒီကျွဲတွေဟာ နွားတွေထက် ရောဂါဒဏ်ပိုခံနိုင်သလို မွေးမြူရလွယ်ပြီး ပိုအားကောင်းသလို အကျင့်လည်း ကောင်းတာကြောင့် မွန်ဖတ်တို့ မိသားစုဟာ ကျွဲတွေကိုပဲ မျိုးရိုးစဉ်ဆက် မွေးမြူလာခဲ့သူတွေ ဖြစ်ပါတယ်။

မွန်ဖတ်ရဲ့ ခြံမှာ ကျွဲကောင်းကျွဲလှကောင်ရေ ၂၀ကျော်ရှိပေမယ့် Big Billionကတော့ အားလုံးထဲမှာ သူရဲကောင်းပဲလို့ ဆိုပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *