အတွင်းခံရောင်းတဲ့ အမျိုးသမီးများကို Live လွင့်ပြီး ရောင်းချခြင်းမှ အစိုးရက တားမြစ်တဲ့အခါ အမျိုးသမီးအစား အမျိုးသားများက ရောင်းချနေကြတဲ့အဖြစ်

ယခုအချိန် တရုတ်နိုင်ငံမှာ ကုန်ပစ္စည်းများ Live လွင့်ရောင်းချခြင်းဟာ အလွန်ရေပန်းစားလာခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တရုတ်အာဏာပိုင်များက အဆိုပါစက်မှုလုပ်ငန်းကို စတင်ထိန်းချုပ်ခဲ့ပါတယ်။ အမျိုးသမီးအတွင်းခံဝတ်နေထိုင်ခြင်းမပြုရန် တားမြစ်ထားပါတယ်။

အကြောင်းရင်းမှာ ညစ်ညမ်းတဲ့ အကြောင်းအရာများကို ဖြန့်ဝေခြင်းလို့ မြင်သောကြောင့်ဖြစ်ပါတယ်။
အမျိုးသမီးများအတွင်းခံဘောင်းဘီကို Live လွင့်ဝတ်ဆင်ခြင်းမပြုရန် တားမြစ်လိုက်ခြင်းကြောင့် အတွင်းခံလုပ်ငန်းကို ပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။ ရောင်းသူက ကုန်ပစ္စည်းကို ဝယ်သူမြင်အောင် မစမ်းဝတ်ပြနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် အာဏာပိုင်များဟာ “ယောက်ျား” လို့ မဖော်ပြထားတဲ့အတွက် Page တော်တော်များများဟာ အမျိုးသမီးအတွင်းခံကို မိန်းကလေးအစား သေးသွယ်တဲါ ယောကျာ်းလေးတွေက ဝတ်ဆင်ကြပါတယ်။


ယခုလအစောပိုင်းမှာ ပျံ့နှံ့သွားခဲ့တဲ့ တွစ်တာအသုံးပြုသူတစ်ဦးရဲ့ ပို့စ်တစ်ခုမှ မော်ဒယ်နှစ်ဦးဟာ အတွင်းခံကို မရှက်မကြောက် ဝတ်ဆင်ထားတာကို တွေ့ခဲ့ရပါတယ်။ တချို့က ရယ်မောပြီး ဈေးသည်တွေက ရောင်းသူတို့ရဲ့ အကြံကို သဘောကျကြပါတယ်။ အချို့လူများက တားမြစ်ချက်ကြောင့် ဒဏ်ခတ်ခံရတဲ့ ရောင်းသူကို စာနာကြပြီး ထိုနည်းလမ်းကို အသုံးပြုကြပါတယ်။ လက်ရှိမှာ တရုတ်အစိုးရက ၎င်းလုပ်ရပ်များနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ လှုပ်ရှားဆောင်ရွက်မှု မရှိသေးပါဘူး


Zawgyi






crd

Leave a Reply

Your email address will not be published. Required fields are marked *