တပ်ပျက်နေပြီဆိုတော့ မြုံကျဘူး ခုကြည့်လေ
” တပ်မ (၆၆)မှတပ်သားတစ်ဦးအလင်းဝင်လာ ဒိုက်ဦးမြို့ အခြေစိုက် ခဘရ(၃၀)တပ်သားအများအပြားထွက်ပြေးနေဟုသတင်းထွက်ပေါ် ” တဲ့ ( ဗိုလ်မှုးကိုယ်တိုင်ဦးစီးသော စစ်သား ၄၀ကျော် ထွက်ပြေးဟု ကြားသိရ )
နောက်ဆုံးစစ်အတွက် သတိထားရမယ်ဆိုပေမယ့် ကိုယ့်ဘက်က အတွေ့ကြုံရင့်ကျက်မှုနဲ့ စစ်ရေး ဖွဲ့စည်းပုံ ကျစ်လစ်လာမှုရယ် အင်အားတောင့်တင်းကောင်းလာမှုရယ် အရင်ထက် ငွေကြေး ရိက္ခာ အဆင်ပြေမှု စစ်ရေးအားသာမှုတွေက ဘက်ပြောင်း CDM ခိုလှုံ အလင်းဝင်ရောက်လာသူတွေအတွက် အဆင်ပြေပြီး နည်းပညာနဲ့ လနက်သစ်တွေကြောင့်လည်း ဆေ့ဖြစ်ရုံမက ဝင်လာသူတွေရော နောက်ကျန်စခတွေပါ မတိုးနိုင် မလှန်နိုင်တော့
ခုလို End Game ကာလမှာ စစ်ရေးသက်သာစေဖို့နဲ့ ရန်သူတပ်ပျက် အားလျော့စေဖို့ ဘက်ပြောင်းလာသူ ခိုဝင်လာသမျှ welcome လုပ်ရမည်ဆိုတာနဲ့ ထိုအတွက် NUG မှ သီးသန့် target ထားပြီး ပြင်ဆင် ဆောင်ရွက်နေတယ်ဆိုတာ နှစ်ဖက် စစ်ရေးအတွက် အတော် အားတက်ရပါတယ်
သဘောသည် ခုခါ မအလရဲ့ အကြမ်းဖက် ယုတ်မာမှုများနေ စစ်ကို မနားပဲ အဿေခံ တိုက်ခိုင်းနေသည်ကို အောက်ခြေတပ်သားများလည်း အမြင်မှန်ရ သိရှိလာသည့်အပြင် ဖရဲသီးမှဆိုပြီး စစ်တပ်က ဖမ်းမည့်သူစာရင်းတွေကို ကြိုအသိပေး ထုတ်ပြန်နေခြင်းတွေဟာလည်း သတင်းရရှိသူ ဖမ်းမိန့်ကျထားသူများမှ ဖမ်းချင်စိတ်မရှိပဲ မအလစခတွေ အတင်းကြပ် ဖိအားပေး စေခိုင်းလို့သာ လုပ်ဆောင်နေရ၍ မလုပ်ဆောင်ချင်ကြောင်း ပေါ်လွင်နေမှုကို ကြိုသတင်းပေးပြီး ရှောင်ခိုင်းနေခြင်းတွေကို ကြည့်ရင် သိနိုင်သလို ရန်သူတပ်ပျက်ပြီး ဖွဲ့စည်းပုံပါ ထိခိုက် ကဆန့်လျားထိ ဖြစ်သွားဖို့ဆိုရင် အင်အားလျော့နည်း စစ်ရေးသက်သာသွားစေဖို့ ခုလို အမြင်မှန် အသိတရားရသူတွေကို လက်ခံ ကြိုဆိုပြိး သက်သေအဖြစ် ထားရှိကြရမည်ဆိုတာ စစ်ပွဲအခြေနေမှန်ဖြစ်သောကြောင့် နောက်လာမည့် သူများအားလည်း NUG ရဲ့ စီမံချက်နဲ့အညီ သေချာလက်ခံပြိး ဆောင်ရွက်သွားကြဖို့လိုသည်ဆိုတာ သို့ဆို သေချာနေပါပြီ အခွင့်ရေး မရကြသေးလို့သာ နောက်ဆို ဒီထက်ပိုများပြားသော ဘက်ပြောင်းသူတွေ ပိုမိုရောက်ရှိ လာပါလိမ့်မည်ဆိုတာ ဒါသည်ပင် တပ်ပျက် တပ်ပြိုခြင်းနဲ့ အလွယ်တကူ စစ်ရေး နိုင်ခြင်းပင် မဟုတ်ပါလော !
နန်းကြည်ညိုဝေ
တပ်မ(၆၆)မှ တပ်သားတစ်ဦး အလင်းဝင်လာ
ဒိုက်ဦးမြို့ အခြေစိုက် ခလရ(၃၀)တပ်သား အများအပြားထွက်ပြေးနေဟု သတင်းထွက်ပေါ်
ရဲခေါင်/People’s Spring
တပ်မ(၆၆)လက်အောက်ခံ ခလရ – ၁၀၂မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံ ဖြင့် CDM ဝင်ရောက်လာကြောင်း ကရင်နီပြည်သူ့ရင်ခွင်မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ယနေ့(ဇန်နဝါရီ၁၈ရက်)နံနက်ပိုင်းက အသက် (၂၃)နှစ်အရွယ် စစ်ကောင်စီတပ်သားစိုးဝင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၀သို့ လက်နက်အပြည့် အစုံရောက်ရှိလာခဲ့ခြင်းဟု ဆိုသည်။
“ကျွန်တော်သိရသလောက် သူတို့တပ်တွင်းမှာလုံးဝ အဆင်မပြေတော့လို့ မနေ့ကညက ထွက် ပြေးလာတာလို့ လောလောဆယ်သိရတယ်။ကျန်တာတော့ တပ်ရင်းက စိစစ်နေဆဲပဲ”ဟု အထက် ပါတာဝန်ရှိသူက ရှင်းပြသည်။
ထို့အပြင် ၎င်းသည် ကရင်နီပြည်သို့ ရောက်ရှိလာသည်မှာ (၆)လရှိနေပြီး ယခင်တပ်တွင်း သုံးနှစ်ကျော်တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ဖောက်ခွဲရေးတာဝန်ယူထားရကြောင်း ထွက်ဆိုထားသည်။
CDM ဝင်လာသည့် တပ်သားထံမှ MA-1 တစ်လက်၊ ကျည်ဘောက် ၄ဘောက်၊ ကျည်ဆံ ၂၆၀နှင့် လက်ပစ်ဗုံးတစ်လုံးပါရှိသည်။KNDF တပ်ရင်း-၁၀ တပ်ရင်းမှ လက်နက်နှင့်အတူ CDM ပြုလုပ်သည့်တပ်သားကို ဂုဏ်ပြုငွေ ကျပ်သိန်း ၃၀ပေးအပ်ချီးမြင့်ထားကြောင်းလည်း သိရသည်။
ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ (၁၀၂)တပ်ရင်းသည် ယမန်နှစ် စက်တင်ဘာ ၂၂ ရက်က တပ်တွင်းပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ခလရ (၁၀၂)တပ်သည် ကရင်နီဒေသတွင်းတိုက်ပွဲများ၌ လက်နက်ကြီးပစ်ကူပေးနေသည့် တပ်စခန်းဖြစ်သည်။
ထို့အပြင် ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာ ခလရ(၃၀)တပ်ရင်းမှ ဗိုလ်မှူးကိုယ်တိုင်ဦးစီးသော စစ်သား(၄၀)ကျော်သည် လွန်ခဲ့သော ဇန်နဝါရီ ၁၄ ရက်ကစ၍ တပ်တွင်းမှ ပျောက်ဆုံးထွက်ပြေးမှုရှိခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်က အသိပေးသည်။
(ယနေ့ နံနက်ပိုင်းက အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား၊ ဓာတ်ပုံ – ကန္တရဝတီ)
စစ်ကောင်စီတပ်သားတစ်ဦး KNLA တပ်မဟာ(၅) ထံ လက်နက်နှင့်အတူ အလင်းဝင်
မောင်မောင်/People’s Spring
စစ်ကောင်စီစစ်တပ် (ခမရ – ၄၃၄)မှ တပ်သားချစ်ကောင်းသည် လက်နက်နှင့်အတူ အလင်းဝင် လာကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၅) က ယနေ့ သတင်းထုတ်ပြန်သည်။တပ်သား ချစ်ကောင်းသည် ဇန်နဝါရီ ၁ရက် တွင် MA-1 တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆံ များနှင့်အတူ လက်နက်ချအလင်းဝင် လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။
စစ်ကောင်စီ ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များအားလုံးက ပြည်သူလူထု၏ အခွင့်အရေးကို ဆန့်ကျင်ချိုးဖောက်နေခြင်းကြောင့် KNLAတပ်မဟာ(၅)ထံ လက်နက်ချခဲ့ခြင်းဖြစ်သည်ဟု တပ်သားချစ်ကောင်း၏ ပြောကြားချက်ကို ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီခေါင်းဆောင်ပိုင်းက ငယ်သားများအပေါ် အနိုင့်ကျင့်ခြင်း၊အပြင်သွားလာခွင့်မပြုခြင်း၊ စားသောက်ရေး၌ အခက်အခဲကြုံရခြင်းများ ရှိသည်ဟု အဆိုပါ တပ်သားက ပြောကြားသည်။ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ကောင်းမွန်စွာကြိုဆိုလက်ခံခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ပေးခဲ့ကြောင်း KNLA တပ်မဟာ(၅) က ထုတ်ပြန်သည်။
(အလင်းဝင်လာသော တပ်သား ချစ်ကောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – KNU-Mutraw News)