မောင်လေး စား”၊ “ကကြီးလုံးကြီး တချောင်းငင်ကို” ဆိုတဲ့သီချင်းတွေဟာ အတော်ဆိုးပဲ၊ အဲ့ထဲက “မောင်လေး စား” ဆိုတဲ့ သီချင်းကတော့ ပိုပြီး ကြားရတာ အဆိုးဆုံးပဲ။
အခုကလေးငယ်အတော်များများဟာလည်း တစ်တော့တွေကြည့် အဲ့သီချင်းနဲ့ အတုမယူသင့်တာတွေ လိုက်လုပ်ကြ၊ အမူအရာတွေပါ လိုက်လုပ်ပြီး မိဘတွေရှေ့ပါမကျန် ဆိုကြ ကကြတာတွေ့ မြင်ရတော့ အတော်စိတ်ပျက်ဖို့ကောင်းတယ်။
မိဘတွေ ကိုယ့်သားသမီးကို ဖုန်းပေးကိုင်ရင် အတုယူသင့်တာကိုပဲ အတုယူခိုင်း လေ့လာခိုင်းစေချင်တယ်၊ တခါတလေ မဟုတ်တဲ့ဟာတွေကို အဟုတ်ထင်နေတတ်ကြတယ်၊ ခုနောက်ပိုင်း အတုယူစရာ ဆိုရှယ်ပလက်ဖောင်းတွေကများလာတယ်၊ ကောင်းတာတွေရှိသလို ဆိုးတာတွေလည်းရှိတယ်၊ ကောင်းတာကို အတုယူလေ့လာဖို့ အားနည်းပြီး မကောင်းတာကို လေ့လာအတုယူဖို့ အားသန်တတ်ကြတယ်၊
အခုပြောသလို တစ်တော့တွေကြည့် အတုမယူသင့်တာတွေ အရွယ်နဲ့မအပ်စပ်တဲ့ အမူအကျင့်စရိုက်တွေ တတ်လာကြတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အတုယူမှားကြတာတွေလည်းရှိတယ်။ တစ်တော့ မှာကသိတဲ့အတိုင်း မျိုးစုံပလုံစုံပဲ။
ကလေးငယ်တစ်ယောက်ကို ပြုစုပျိုးထောင်တဲ့အခါမှာ နံပါတ်(၁) မိဘ၊ မိဘတွေရဲ့အနီးကပ် သွန်သင်ဆုံးမမှုဟာ အလွန်အင်မတန်အရေးကြီးဆုံးပါ။ ငယ်ငယ်ကတည်းက မထိန်းကွပ်နိုင်ရင် အဲ့ကလေးဟာ အကျင့်စာရိတ္တပျက်စီးတာပဲ။ အပြောအဆိုကအစ စရိုက်ဆန်လာတတ်တယ်။
ကလေးငယ်တွေရဲ့ရှေ့မှာ မကောင်းတတ်တဲ့ အပြောအဆို အမူအရာတွေကို ဆင်ခြင်ကြရတယ်။ ဥပမာ- ဖခင်ဖြစ်သူက မိခင်ကို ကလေးရှေ့မှာ ပစ္စည်းတစ်ခု ပစ်ပေးတယ်ဆိုပါစို့၊ ကလေးက အဲ့ဒါကို မြင်ပြီး သူကလည်း မြင်တာကို အတုယူပြီး ပစ္စည်းပေးရင် အဲ့လိုပစ်ပေးတတ်သွားတယ်။ ကန်ပေးရင် ကန်တဲ့အကျင့်၊ နင်ပဲငဆပြောရင် နင်ပဲငဆပြောတဲ့အကျင့် နားထဲကြားပြီး အတုယူ ပြောလိုက်ကြတော့တာပါပဲ။ မိဘတွေသတိထားမိကြမယ်လို့ထင်ပါတယ်။
နံပါတ်(၂) ဆရာ၊ ဆရာမ။ ဆရာ၊ဆရာမတွေဆိုတာ ဒုတိယမိဘတွေပဲ။ ကလေးကို ဘယ်လိုအကျင့်စရိုက်တွေသင်ပြပေးမှာလဲ၊ တနည်းအားဖြင့် စံပြ Role Models တွေပါ။ ကျောင်းတစ်ကျောင်းရဲ့အုပ်ချုပ်မှုပေါ်မူတည်ပြီး ဆရာ၊ဆရာမတွေရဲ့ ထိန်းကြောင်းမှု၊ သင်ပြမှု၊ ဆုံးမမှုတွေဟာလည်း ကွဲပြားကုန်ကြတယ်။
ကလေးငယ်တွေကို နည်းလမ်းမှန်မှန်ဘဝဖြတ်သန်းဖို့ ပညာတတ်ကြီးတွေ နိုင်ငံ့သားကောင်းတွေဖြစ်ဖို့ဆိုတာ ဒီဆရာဆရာမတွေရဲ့သင်ပြဆုံးမမှုကတဆင့် ဘဝကိုအစပြုပျိုးထောင်ကြရတယ်၊ ဆရာအသင်မှားရင် ကျောင်းသားဘဝပျက်တတ်ကြတယ်။ ကျောင်းရောက်ရင် ဆရာ၊ ဆရာမတွေက သင်ပြဆုံးမမယ်၊ အိမ်ရောက်ရင် မိဘတွေက လမ်းညွန်ဆုံးမကြမယ်၊ ဆရာတွေနှင့်မိဘတွေ နည်းလမ်းမှန်မှန်လမ်းကြောင်းနိုင်မှ ကလေးတွေဘဝ တန်ဖိုးရှိရှိကျော်ဖြတ်နိုင်မှာပါ။
အခုဆိုသိတဲ့အတိုင်း ဆရာဆရာမတွေကစပြီး မသင်သင့် မသင်အပ် မလုပ်ပြအပ်တဲ့ အမူအကျင့်တွေကို ယူနီဖောင်း တွေဝတ်ပြီး ကိုယ်တိုင်သရုပ်ဖော် ဆိုကြ ကပြကြတာတွေ မြင်လို့မကောင်းဘူး၊ အတော်စိတ်ပျက်စရာကောင်းတယ်။
ကျောင်းတစ်ကျောင်း၏ စာသင်နှစ်တစ်နှစ်ရဲ့ ပညာရေးစုံညီပွဲတော်ဆိုတာ ကျောင်းသားမိဘတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်လူကြီးတွေ၊ ဆရာ၊ ဆရာမကြီးတွေ၊ ကျောင်းသားကျောင်းသူတွေအားလုံးနဲ့အတူ တခမ်းတနားပြုလုပ်ကျင်းပကြရတဲ့ ပညာရေးစုံညီပွဲတော် ဆုနှင်းသဘင် အခမ်းအနားတစ်ခုပါပဲ၊ ထို့အပြင် ကျောင်းသား၊သူတွေရဲ့ အကအလှ တေးသရုပ်ဖော်တွေပါ ပြသကြရတဲ့ပွဲတစ်ခုလည်းဖြစ်တယ်။
ဒါပေမယ့် အဲ့လို တေးသရုပ်ဖော်နဲ့ ကပြ သီဆိုကြရတဲ့အခါမှာ ရသမပျက်ဖို့တော့လိုတာပေါ့၊ ကျောင်းကပွဲဟာ အပြင်လူမှုပတ်ဝန်းကျင်မှာပြုလုပ်လေ့ရှိတဲ့ စတိတ်ရှိူးပွဲမဟုတ်ဘူးလေ။ အဲ့ဒါကလည်း ကျောင်းရဲ့အုပ်ချုပ်မှုပိုင်းဆိုင်ရာ စီမံမှုပေါ်မူတည်၍ ကွဲပြားကြပြန်တယ်။
crd
crd