မန္တလေးမှာ ရွေးကောက်ပွဲ မဲစာရင်းလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရ

မန္တလေး၊ ဇန်နဝါရီ ၁၈၊ ၂၀၂၃။

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီလ ၁၇ ရက်မနေ့ညနေက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force – MND အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မဟာအောင်မြေမြို့နယ်၊ ၃၇လမ်း၊ ၇၄လမ်းနဲ့ ၇၅ လမ်းကြားရှိ စကြာနွယ်စဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မနေ့ကညနေ ၅ နာရီဝန်းကျင်လောက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ပစ်ပြီးတော့ သူတို့ဘက်က ၃ ဦးလောက် ထွက်လာပြီး ဆဲဆိုကြိမ်းမောင်းနေတယ်။ ရပ်ကွက်မီးရှို့ပစ်မှာတွေရော ပါတယ်။

ရုံးထဲက လူဦးရေတော့ မသိရဘူး။ ထိခိုက်မှုတော့ မကြားရသေးဘူး” လို့ NMDအဖွဲ့မှ တာဝန်ရှိသူ နဂါးကြီးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီကျင်းပမယ့် တရားမျှတမှုမရှိတဲ့ အမည်ခံရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ တားဆီးသွားမှာဖြစ်ပြီး ပြည်သူလုထူအနေနဲ့ အယောင်ဆောင်ရွေးကောက်ပွဲမှာ မပါဝင်ဖို့နဲ့ စစ်အုပ်စုနဲ့ ဝေးဝေးနေကြဖို့လည်း သူက ဆက်ပြောပါတယ်။

NMD အဖွဲ့ဟာ ဇန်နဝါရီလ ၁၆ ရက်ကလည်း အောင်မြေသာစံမြို့နယ်၊ ၈၇ လမ်း ၂၃ လမ်းနဲ့ ၂၄ လမ်းကြားရှိ သီရီမာလာအရှေ့ရပ်ကွက်ရုံးနဲ့ အမရပူရမြို့နယ်၊ လဝကရုံးတို့ကိုလည်း တချိန်တည်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

မန္တလေးမြို့မှာ အခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစလို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ လဝကရုံးတွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ မကြာခဏတိုက်ခိုက်တာကို ခံနေကြရတာလည်း ဖြစ်ပါတယ်။

ပုံစာ – No More Dictatorship People Defence Force – MND တပ်ဖွဲ့ဝင်များ။

သတင်း – ခန့်အောင်၊ စာတည်း – လင်း

#မြေလတ်အသံ

crd

Leave a Reply

Your email address will not be published. Required fields are marked *