ဆီးနှင်းမိုးများသာကျရောက်ပြီး ထူးကဲအအေးပိုနိုင်ပါတယ် ခန့်မှန်းပေးထားတာလေး နွေးနွေးထွေးထွေးကွေးရင်းဖတ်နော်..စုစုစံ

17/01/2023 မြန်မာတစ်နိုင်လုံးမှာမည်သည့်နေရာဒေသမှာမှ မိုးရွာသွန်းနိုင်တဲ့ အလားအလာမရှိပဲ နောက်၁၀ရက်အထိ ဆောင်းသီးနှံနှင့် ရာဘာခြစ်ကြသူတွေအကြိုက် ဆောင်းလေးညှင်း အေးမြသာယာတဲ့ရာသီဥတုကိုရရှိနေမယ်ဖြစ်ပါတယ်

High Amplitude Westerly cold air Massess at 200mb ,500mb
နှစ်တိုင်းကြုံကာနေမယ်ဟေမာန်ဆောင်းရယ်ဒီအလွမ်းရယ်ချစ်တဲ့သူမျှော်နေခဲ့တယ် ကိုယ့်အတွေးများလည်း၂၀၂၃ ဇန်နဝါရီလ ၁၉ရက်နေ့ ၂၀ရက်နေ့၂၁ရက်နေ့တွေမှာအမြင်ပေ ၁၈၀၀၀အမြင့်မှ ၃၉၀၀၀အမြင်ပေကြားမှာ လေအေးထု မြန်မာနိုင်ငံအရှေ့ပိုင်းမှအလယ်ပိုင်းကိုဖြတ်သန်းသွားမှာဖြစ်လို့ရှမ်းပြည်နယ် မန္တလေးတိုင်းမကွေးတိုင်း စစ်ကိုင်းတိုင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွေကိုဖြတ်သန်းသွားမှာဖြစ်လို့ အဆိုပါရက်တွေမှာ ၎င်းဒေသများတွင် ထူးကဲအအေးပိုနိုင်ပါတယ်

တစ်ပတ်အတွင်း ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ကြီးမှာ အအေးပိုလာပါဦးမယ်

မော်လိုက်ခရိုင် ကလေးခရိုင် တမူးခရိုင် ဂန့်ဂေါခရိုင် ဟားခါးခရိုင် မတူပီခရိုင်ဒေသတွေမှာ အအေးပိုနေပါဦးမယ်

နောက်တစ်ပတ်အတွင်း မော်လိုက်ခရိုင် ကလေးခရိုင် မုံရွာခရိုင် ရွှေဘိုခရိုင် ကန့်ဘလူခရိုင် စစ်ကိုင်းခရိုင်ဒေသတွေမှာ ဆောင်းလေညှင်းလေးက အအေးပိုစေနိုင်ပြီး မိုးရွာသွန်းနိုင်ခြင်းမရှိပါဘူး

မိုးမိတ် မိုးကုတ်တစ်ပတ်အတွင်းအအေးပိုနေပါဦးမယ် မိုးရွာနိုင်တဲ့အလားအလာမရှိပဲ ဆီးနှင်းမိုးများသာကျရောက်နိုင်ပါတယ်ကလောခရိုင် တောင်ကြီးခရိုင် တစ်ပတ်အတွင်း အအေးပိုနေပါဦးမယ် နွေးနွေးထွေးထွေးလေးနေထိုင်ကြပါ


မွၵ်ႇၵွၼ်ၵေႃႈ ပေႃးတေၵီႈထႅင်ႈယဝ်ႉလူး…….တောင်ပေါ်ချယ်ရီပွင့်သောလဆိုအိမ်ကိုသိပ်လွမ်းတယ်ရှမ်းပြည်နယ်မြောက်ပိုင်းအအေးပိုနိုင်ပါတယ်ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် တာချီလိတ်ခရိုင် မိုးမရှိပါဘူးအအေးပိုနေပါမယ်လွိုင်မွေတောင်ကြီး ချယ်ရီတွေလှိုင်လှိုင်ဖူးပွင့်ဝေဆာနေပြီပေါ့

မြစ်သားမြို့နယ် ကူမဲမြို့နယ် စမုံချောင်းတလျှောက်နှင် စမာရေသောက်ဧရိယာတွေမှာ မိုးရွာသွန်းနိုင်ခြင်းမရှိပဲ အေးမြသာယာရှိနေမှာဖြစ်ပြီးအအေးပိုစေနိုင်ကာ မြစ်သားကြက်သွန်စိုက်ခင်းတွေဖြစ်ထွန်းအောင်မြင်စေပါလိမ့်မယ်

ပြည်မှာဆောင်း
တလောကလုံးမှာ ခရမ်းနုရောင်လေးတွေ မှိုင်းမှိုင်းဝေနေ နှင်းဝတ်မှုန်တွေရဲ့ အတားအဆီးမဲ့နယ်ကျွန်မှုတွေ ရင်ခွင်မှာတွယ်ငြိလာတဲ့ အချစ်ဆိုတဲ့ကဗျာအနေဝေးရေဝေးမှာ ဆုံးရှုံးသွားရတော့မယ့် ပြည်မှာဆောင်း ပြန်သင့်မပြန်သင့် ဆုံးဖြတ်ခွင့်မရှိတော့တဲ့ ပြည်မှာဆောင်း နောက်နှစ်ပတ်အထိ ဆောင်းလေညှင်းလေးက အအေးပိုစေနိုင်ပါတယ်


လယ်ဝေး အေလာ ပျဥ်းမနား နေပြည်တော် တောင်ညို ရေဆင်း တပ်ကုန်း ရမည်းသင်း ရွာတန်း ရွှေဒါး ပျော်ဘွယ် တစ်ပတ်အတွင်းအအေးတွေပိုနေပါလိမ့်ဦးမယ်
မမုးရွားသွန်းခြင်းမရှိနိုင်ပါဘူး

တပ်ကုန်း နေပြည်တော် ပျဥ်းမနား လယ်ဝေး ဧလာ မိုးရွာသွန်းနိုင်ခြင်းမရှိပဲ အေးမြသာယာကြည်လင်နေမှာဖြစ်ပြီးမုံဆည် ကင်းသာဆည် ဆင်သေဆည် ငလိုက်ဆည် တောက်ပြိုဆည် ဖောင်းလောင်ဆည် ချောင်းမကြီးဆည် ရေဆင်းဆည် ပေါင်းလောင်းဆည် ရန်အောင်မြင်ဆည်တွေရဲ့ ရေသောက်ဧရိယာတစ်ခုလုံး ဆောင်းသီးနှံဖြစ်ထွန်းအောင်မြင်ကြမည်ဖြစ်ကာ လှေခွင်းတောင်ကြီးလည်း ချမ်းရှာလွန်းလို့ သူရိယနေမင်းကြီးကိုစောင့်မျှော်နေပါလိမ့်မယ်

ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေသကို ဆောင်းလေညှင်းလေးရောက်ရှိနေပြီး အေးမြသာယာနေမှာဖြစ်ပါတယ် ၂၄ရက်နေ့အထိ ဆောင်းလေညှင်းလေးပြန်လည်ထွက်ခွာသွားဖွယ်မရှိသလို မိုးလည်းမရှိပါဘူး


ဆောင်းလေညှင်းကအအေးတွေပို
ကန့်ဘလူ ကျွန်းလှ တကောင်း ထီးချိုင့် အင်းတော် ကသာ ကောလင်း ဝန်းသို ပင်လယ်ဘူးဒေသတွေမှာဆောင်းလေညှင်းလေးရောက်ရှိနေပြီး မိုးရွာသွန်းနိုင်ခြင်းမရှိသလို ဇန်နဝါရီလ လကုန်ပြီးအထိ ဆောင်းလေညှင်းလေးပြန်လည်ထွက်ခွာသွားဖွယ်မရှိပဲ ဖေဖော်ဝါရီလအထိအေးမြသာယာစေနိုင်ပါတယ်

ပခုက္ကူခရိုင်မြင်းခြံခရိုင် ညောင်ဦးခရိုင် ချောက်ခရိုင် မင်းဘူးခရိုင် မကွေးခရိုင် ဆောင်းလေညှင်းလေးရောက်ရှိနေကာ အအေးပိုစေနေနိုင်ပါတယ် ဇန်နဝါရီလ အတွင်း မိုးရွာနိုင်ဖွယ်မရှိပဲ အေးမြသာယာနေမှာပဲဖြစ်ပါတယ်

ငါးခြောက်နှင့် ဆားရာသီ
ရခိုင်ပြည်နယ်မြောက်ပိုင်း၂၀၂၃ ဇန်နဝါရီလ မှ မတ်လအထိ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မိုးရွာနိုင်ဖွယ်မရှိပဲအေးမြကြည်လင်သာယာနိုင်တဲ့အတွက် ငပိ ငါးခြောက်နှင့် အိမ်သုံးဆားလုပ်ငန်းများကိုတွင်ကျယ်စွာချဲ့ထွင်လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါတယ်


Climate change
မြန်မာနှင့်ရှေ့တောင်အာရှနိုင်ငံတွေသည် ၂၀၂၃ ဇန်နဝါရီလ တွင် ပုံမှန်ထက်ပိုမိုအေးမြစေပြီးအေးမြတဲ့ဆောင်းရာသီကိုရရှိစေပါတယ် လာနီညာသည်လည်းဆက်လက်တည်ရှိနေပြီး မတ်လ ဧပြီလ မေလတွေရောက်ရင်တော့ အယ်နီညိုနှင့်လာနီညာတို့ရဲ့ ကြားနေအဆင့်သို့ရောက်ရှိသွားနိုင်ပါသည်

ကြားနေ #ENSO သည် အများအားဖြင့် ရာသီဥတုဆိုးရွားပြင်းထန်ခြင်းမရှိပါဘူးမြန်မာ့ရာသီဥတုအခြေအနေအတွက် အချိန်နှင့်အမျှစောင့်ကြည့်ထောက်လှမ်းပေးနေပါတယ်


ရာသီဥတုနှင့်သဘာဝဘေးအန္တရာယ်များခန့်မှန်းပေးနိုင်ရန်အတွက် ကိုယ်ကျိုးမဖက် ဖြူစင်စေတနာမေတ္တာဖြင့်ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားပါမယ်

ISSUED TIME

17/01/2023 2:33PM(MMT)

#မင်း ဂွတ် သီး Su Su San


Credit

Leave a Reply

Your email address will not be published. Required fields are marked *