ရှေ့ပြောနောက်ကြည့်
တောင်ပိုင်းတိုင်းစစ်ဒေသအတွက်ရံပုံငွေရှာတဲ့ပွဲမှာ Dr Sa Sa ပြောတဲ့စကားနဲ့ပတ်သက်လို့ ပွဲရှာသူတွေ ဖောင်းထုသူတွေလှောင်သလိုလို ပြောင်သလိုလို ရိသဲ့သဲ့အသံတွေထွက်လာတော့မယ်ဆိုတာ ကြိုကြားနေတယ်…..။




စစ်ရေးဗျူဟာတွေနားမလည်ပါဘူးအားလုံးသိကြတဲ့အတိုင်း ဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့ စီးရီးတွေဟာ ကျမတို့အတွက်မြင်ကွင်းအသစ်ကျပ်ချွတ်တွေပါ ဒါကြောင့်မို့ ဘယ်အရာကိုမှ မခန့်မှန်းတတ်ပါဘူး…..။
သို့သော်…..ချင်းပြည်နယ် အစွန်အဖျားကအိမ်တစ်အိမ်ရဲ့မီးဖိုချောင်ထဲမှာမွေးတဲ့ကလေး ၊ကိုယ့်မွေးနေ့တောင် ကိုယ်မသိတဲ့ ချင်းကလေး ၊အဲ့ကလေးဟာ ဆရာဝန်ဖြစ်သွားတယ် Dr Sa Sa တဲ့ရန်ကုန်လို မြို့ကြီးပြကြီးမှာတောင် ဆရာဝန်ဆိုတာတစ်အိမ် တစ်ယောက် မဖြစ်တဲ့ကာလမှာ နိုင်ငံခြားကရလာတဲ့ ဒေါက်တာဘွဲ့…..။




အင်္ဂလန်ဘုရင်မကြီးရဲ့သားအိမ်ရှေ့မင်းသားက အရေးတယူလုပ် ပညာသင်ထောက်ပံ့ပေးခဲ့ရတဲ့အထိ ဘက်ကင်ဟန်နန်းတော်ထဲ တံခါးမရှိ ဓါးမရှိဝင်ခွင့်ရတဲ့ မြန်မာနိုင်ငံသားဒေါက်တာဆာဆာ ဆိုတာ ကံကောင်းလို့ရလာတာမဟုတ်ဘူး ။ သူ ဒီလိုဘဝရဖို့ ယတြာချေခဲ့တာ မဟုတ်ဘူး…..။
သူဘယ်လောက်ဇွဲကောင်းတယ်သူဘယ်လောက် ယုံကြည်ချက်ခိုင်မာခဲ့တယ်သူ့ယုံကြည်ချက်ကို သူဘယ်လိုအကောင်အထည်ဖော်နိုင်ခဲ့တယ် ဆိုတာ ချင်းပြည်နယ် ဖလမ်းမြို့ကThe first airport in Chin လို့ပြောလို့ရတဲ့ဆူရ်ဘုန်လေဆိပ်ကြီးက သက်သေရှိတယ်…..။
ပြောချင်တာကတိုင်းပြည်ကို အင်မတန်သံယောဇဥ်ကြီးပြီးတိုင်းပြည်ကို တိုးတက်စေချင်တဲ့စေတနာနဲ့တိုင်းပြည် တည်ငြိမ်စဥ်က ချင်းတောင်လိုအရပ်မှာလေဆိပ်ကြီးရအောင် ကြိုးစားခဲ့တဲ့ Drဆာဆာ ဟာအခုလို သူ့တိုင်းပြည်ကိုဖျက်ဆီးသူ့ပြည်သူတွေကို နေ့စဥ်ရက်ဆက် သတ်ဖြတ်နေသူ တွေကို တိုက်ထုတ်ဖို့ Drဆာဆာ နေ့တိုင်းကြိုးစား နေမယ့်သူ ဆိုတာ မယုံမရှိပါနဲ့ သူပြောခဲ့တယ်ကိုယ့်ဘက်က အထိအခိုက်နည်းပြီး အောင်ပွဲရမယ့်Drone တိုက်ပွဲတွေအကြောင်း…..။




သတင်းသဲ့သဲ့ကြားလိုက်မိလားဥရောပတိုင်းပြည်တစ်ခုကနေ ကွန်မန်ဒိုသင်တန်းဆင်းလာတဲ့ pdf ရာဂဏန်းရှိတယ်ဆိုတဲ့သတင်းအခု သူ့နှုတ်က ထုတ်ပြောလာတဲ့ လေဆိပ် ၁ခု၂ခုသိမ်းပြီးရင် လက်နှက်တွေ မိုးရွာသလိုရမယ် ဆိုတာ
အဲ့တော့….” ပေါက်ကောင်ဖွင့်မယ် ဟာ! ကွာ! တောက်! ကျွတ်! တွေလက်ရှောင် ” လို့ပဲပြောရတော့မယ်ထင်ပါတယ်…..။မယုံသူတွေ ဘေးဖယ်နေပါယုံသူတွေနဲ့အလုပ်လုပ် ပါလိမ့်မယ် ။
လူတစ်ယောက်ရဲ့ခြေလှမ်းတွေကိုခန့်မှန်းကြတော့မယ်ဆိုရင် အနည်းဆုံးတော့သူ ဘာကောင်လဲ ? သူဘယ်က လာတာလဲ? ဆိုတာလောက်တော့ သိထားသင့်တယ်ထင်လို့ထင်ပါတယ်…..။
ဂျေလှသင်
14.8.2022 10 : 30 pm
#ေရွ႕ေျပာေနာက္ၾကည့္
ေတာင္ပိုင္းတိုင္းစစ္ေဒသအတြက္ရံပုံေငြရွာတဲ့ပြဲမွာ Dr Sa Sa ေျပာတဲ့စကားနဲ႔ပတ္သက္လို႔ ပြဲရွာသူေတြ ေဖာင္းထုသူေတြေလွာင္သလိုလို ေျပာင္သလိုလို ရိသဲ့သဲ့အသံေတြထြက္လာေတာ့မယ္ဆိုတာ ႀကိဳၾကားေနတယ္…..။




စစ္ေရးဗ်ဴဟာေတြနားမလည္ပါဘူးအားလုံးသိၾကတဲ့အတိုင္း ဒီေန႔တိုင္းျပည္မွာျဖစ္ေနတဲ့ စီးရီးေတြဟာ က်မတို႔အတြက္ျမင္ကြင္းအသစ္က်ပ္ခၽြတ္ေတြပါ ဒါေၾကာင့္မို႔ ဘယ္အရာကိုမွ မခန္႔မွန္းတတ္ပါဘူး…..။
သို႔ေသာ္…..ခ်င္းျပည္နယ္ အစြန္အဖ်ားကအိမ္တစ္အိမ္ရဲ့မီးဖိုေခ်ာင္ထဲမွာေမြးတဲ့ကေလး ၊ကိုယ့္ေမြးေန႔ေတာင္ ကိုယ္မသိတဲ့ ခ်င္းကေလး ၊အဲ့ကေလးဟာ ဆရာဝန္ျဖစ္သြားတယ္ Dr Sa Sa တဲ့ရန္ကုန္လို ၿမိဳ႕ႀကီးျပႀကီးမွာေတာင္ ဆရာဝန္ဆိုတာတစ္အိမ္ တစ္ေယာက္ မျဖစ္တဲ့ကာလမွာ နိုင္ငံျခားကရလာတဲ့ ေဒါက္တာဘြဲ႕…..။
အဂၤလန္ဘုရင္မႀကီးရဲ့သားအိမ္ေရွ႕မင္းသားက အေရးတယူလုပ္ ပညာသင္ေထာက္ပံ့ေပးခဲ့ရတဲ့အထိ ဘက္ကင္ဟန္နန္းေတာ္ထဲ တံခါးမရွိ ဓါးမရွိဝင္ခြင့္ရတဲ့ ျမန္မာနိုင္ငံသားေဒါက္တာဆာဆာ ဆိုတာ ကံေကာင္းလို႔ရလာတာမဟုတ္ဘူး ။ သူ ဒီလိုဘဝရဖို႔ ယၾတာေခ်ခဲ့တာ မဟုတ္ဘူး…..။
သူဘယ္ေလာက္ဇြဲေကာင္းတယ္သူဘယ္ေလာက္ ယုံၾကည္ခ်က္ခိုင္မာခဲ့တယ္သူ႔ယုံၾကည္ခ်က္ကို သူဘယ္လိုအေကာင္အထည္ေဖာ္နိုင္ခဲ့တယ္ ဆိုတာ ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕ကThe first airport in Chin လို႔ေျပာလို႔ရတဲ့ဆူရ္ဘုန္ေလဆိပ္ႀကီးက သက္ေသရွိတယ္…..။
ေျပာခ်င္တာကတိုင္းျပည္ကို အင္မတန္သံေယာဇဥ္ႀကီးၿပီးတိုင္းျပည္ကို တိုးတက္ေစခ်င္တဲ့ေစတနာနဲ႔တိုင္းျပည္ တည္ၿငိမ္စဥ္က ခ်င္းေတာင္လိုအရပ္မွာေလဆိပ္ႀကီးရေအာင္ ႀကိဳးစားခဲ့တဲ့ Drဆာဆာ ဟာအခုလို သူ႔တိုင္းျပည္ကိုဖ်က္ဆီးသူ႔ျပည္သူေတြကို ေန႔စဥ္ရက္ဆက္ သတ္ျဖတ္ေနသူ ေတြကို တိုက္ထုတ္ဖို႔ Drဆာဆာ ေန႔တိုင္းႀကိဳးစား ေနမယ့္သူ ဆိုတာ မယုံမရွိပါနဲ႔ သူေျပာခဲ့တယ္ကိုယ့္ဘက္က အထိအခိုက္နည္းၿပီး ေအာင္ပြဲရမယ့္Drone တိုက္ပြဲေတြအေၾကာင္း…..။
သတင္းသဲ့သဲ့ၾကားလိုက္မိလားဥေရာပတိုင္းျပည္တစ္ခုကေန ကြန္မန္ဒိုသင္တန္းဆင္းလာတဲ့ pdf ရာဂဏန္းရွိတယ္ဆိုတဲ့သတင္းအခု သူ႔ႏႈတ္က ထုတ္ေျပာလာတဲ့ ေလဆိပ္ ၁ခု၂ခုသိမ္းၿပီးရင္ လက္ႏွက္ေတြ မိုးရြာသလိုရမယ္ ဆိုတာ
အဲ့ေတာ့….” ေပါက္ေကာင္ဖြင့္မယ္ ဟာ! ကြာ! ေတာက္! ကၽြတ္! ေတြလက္ေရွာင္ ” လို႔ပဲေျပာရေတာ့မယ္ထင္ပါတယ္…..။မယုံသူေတြ ေဘးဖယ္ေနပါယုံသူေတြနဲ႔အလုပ္လုပ္ ပါလိမ့္မယ္ ။
လူတစ္ေယာက္ရဲ့ေျခလွမ္းေတြကိုခန္႔မွန္းၾကေတာ့မယ္ဆိုရင္ အနည္းဆုံးေတာ့သူ ဘာေကာင္လဲ ? သူဘယ္က လာတာလဲ? ဆိုတာေလာက္ေတာ့ သိထားသင့္တယ္ထင္လို႔ထင္ပါတယ္…..။
ေဂ်လွသင္
14.8.2022 10 : 30 pm