စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ယခု ဇန်နဝါရီလထဲ မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါဝင် အမျိုးသမီးနှစ်ဦး မုဒိန်းကျင့်ပြီးအသတ်ခံရကြောင်း သိရပါတယ်။
ရွှေဘိုမြို့ ပန်းခြံတောင်ဘက် လမ်းဘေး၌ ကန်စွန်းဥပြုတ်၊ ငုံးဥပြုတ်များ ဈေးထိုင်ရောင်းချနေ သော အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ဇန်နဝါရီ ၁၂ရက်နေ့ညက နေအိမ်သို့ ပြန်လည်ရောက်ရှိမလာပဲ ပျောက်ဆုံးသွားပြီး၊ယနေ့ ဇန်နဝါရီလ ၁၃ရက် ညနေပိုင်းတွင် ရွှေဘို မြို့ရှောင်လမ်းဘေးရှိ လယ်ကွင်းထဲ၌ မုဒိန်းကျင့်ပြီး၊ အသတ်ခံထားရတဲ့ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
” ကလေးမလေးက အမေကိုလုပ်ကျွေးနေတာ၊ တအားလိမ္မာတဲ့ခလေး လူချစ်လူခင်ပေါတယ်။ လိမ်မာတဲ့ခလေး အသက်ခံရတာ အားလုံးငိုရတယ်၊ဆေးသမားတွေစော်ကားပြီး သတ်သွားသလားမသိဘူး၊ လုပ်တဲ့သူတွေ ရက်စက်တယ်၊ အလောင်းက မြင်ရက်စရာမကောင်းကြောင်း ” ကလေးနှင့် နီးစပ်သူ တစ်ဦမှပြောပါတယ်။
အဆိုပါ မုဒိန်းကျင့်အသတ်ခံရသော ကလေးငယ်သည် ရွှေဘိုမြို့ အမှတ်(၈)ရပ်ကွက်မှ ဖြစ်ပြီး၊ ကလေး၏ ရုပ်အလောင်းကို လက်ရှိ ရွှေဘိုဆေးရုံ(ရင်ခွဲရုံ)၌ ပို့ဆောင်ထားကြောင်း သိရပါတယ်။
အလားတူယခုလ၊ဇန်နဝါရီ (၇)ရက်နေ့ကလည်းရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်မှ စိတ်မနှံ့တဲ့အသက် (၃၀)ကျော် အမျိုးသမီးတစ်ဦး နှစ်ရက် ခန့်နေအိမ်မှ ပျောက်ဆုံးသွားပြီး၊ရွှေဘိုမြို့နယ် အနောက်ရှိ၊ညောင် ပင်သာကျေးရွာဘက် တွင် မုဒိန်းကျင့်ပြီး အသတ်ခံထားရတဲ့ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့တယ်လို့လဲ သိရပါတယ်။
crd
Zawgyi
စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕တြင္ ယခု ဇန္နဝါရီလထဲ မွာ အသက္မျပည့္ေသးတဲ့ ကေလးငယ္အပါဝင္ အမ်ိဳးသမီးႏွစ္ဦး မုဒိန္းက်င့္ၿပီးအသတ္ခံရေၾကာင္း သိရပါတယ္။
ေ႐ႊဘိုၿမိဳ႕ ပန္းၿခံေတာင္ဘက္ လမ္းေဘး၌ ကန္စြန္းဥျပဳတ္၊ ငုံးဥျပဳတ္မ်ား ေဈးထိုင္ေရာင္းခ်ေန ေသာ အသက္(၁၁)ႏွစ္အ႐ြယ္ မိန္းကေလးငယ္ တစ္ဦး ဇန္နဝါရီ ၁၂ရက္ေန႔ညက ေနအိမ္သို႔ ျပန္လည္ေရာက္ရွိမလာပဲ ေပ်ာက္ဆုံးသြားၿပီး၊ယေန႔ ဇန္နဝါရီလ ၁၃ရက္ ညေနပိုင္းတြင္ ေ႐ႊဘို ၿမိဳ႕ေရွာင္လမ္းေဘးရွိ လယ္ကြင္းထဲ၌ မုဒိန္းက်င့္ၿပီး၊ အသတ္ခံထားရတဲ့႐ုပ္အေလာင္းေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။
” ကေလးမေလးက အေမကိုလုပ္ေကြၽးေနတာ၊ တအားလိမၼာတဲ့ခေလး လူခ်စ္လူခင္ေပါတယ္။ လိမ္မာတဲ့ခေလး အသက္ခံရတာ အားလုံးငိုရတယ္၊ေဆးသမားေတြေစာ္ကားၿပီး သတ္သြားသလားမသိဘူး၊ လုပ္တဲ့သူေတြ ရက္စက္တယ္၊ အေလာင္းက ျမင္ရက္စရာမေကာင္းေၾကာင္း ” ကေလးႏွင့္ နီးစပ္သူ တစ္ဦမွေျပာပါတယ္။
အဆိုပါ မုဒိန္းက်င့္အသတ္ခံရေသာ ကေလးငယ္သည္ ေ႐ႊဘိုၿမိဳ႕ အမွတ္(၈)ရပ္ကြက္မွ ျဖစ္ၿပီး၊ ကေလး၏ ႐ုပ္အေလာင္းကို လက္ရွိ ေ႐ႊဘိုေဆး႐ုံ(ရင္ခြဲ႐ုံ)၌ ပို႔ေဆာင္ထားေၾကာင္း သိရပါတယ္။
အလားတူယခုလ၊ဇန္နဝါရီ (၇)ရက္ေန႔ကလည္းေ႐ႊဘိုၿမိဳ႕၊ သက္သာပန္းေတာင္းရပ္မွ စိတ္မႏွံ႔တဲ့အသက္ (၃၀)ေက်ာ္ အမ်ိဳးသမီးတစ္ဦး ႏွစ္ရက္ ခန႔္ေနအိမ္မွ ေပ်ာက္ဆုံးသြားၿပီး၊ေ႐ႊဘိုၿမိဳ႕နယ္ အေနာက္ရွိ၊ေညာင္ ပင္သာေက်း႐ြာဘက္ တြင္ မုဒိန္းက်င့္ၿပီး အသတ္ခံထားရတဲ့ ႐ုပ္အေလာင္းျပန္လည္ေတြ႕ရွိခဲ့တယ္လို႔လဲ သိရပါတယ္။
crd