ေ႐ႊဘိုၿမိဳ႕တြင္ အသက္ ၁၁ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး မုဒိမ္းက်င့္သတ္ျဖတ္ခံရၿပီး တရားခံ ရွာမေတြ႕ေသး
ရန္ကုန္၊ ဇန္နဝါရီ ၁၅
စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕တြင္ အသက္ ၁၁ ႏွစ္အ႐ြယ္မိန္းကေလးတစ္ဦး မုဒိမ္းက်င့္သတ္ျဖတ္ခံခဲ့ရ ေၾကင္း ေ႐ႊဘိုၿမိဳ႕နယ္ လြတ္လပ္ေသာ ေထာက္ပို႔ေရး အဖြဲ႕ထံမွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္ သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္
ေ႐ႊဘိုၿမိဳ႕ပန္းၿခံေတာင္ဘက္ လမ္းေဘး၌ ကန္စြန္းဥျပဳတ္၊ ငုံးဥျပဳတ္၊ ပိန္းဥျပဳတ္မ်ား ေရာင္းခ်ေသာ အသက္ ၁၁ ႏွစ္အ႐ြယ္ မပြားစိန္သည္ ဇန္နဝါရီလ ၁၂ ရက္ညပိုင္းတြင္ ေနအိမ္ျပန္လည္ေရာက္ရွိ လာျခင္းမရွိဘဲ ေပ်ာက္ဆုံးသြားသျဖင့္ လိုက္လံရွာေဖြရာ ဇန္နဝါရီလ ၁၃ ရက္ ညေနပိုင္းတြင္ ေ႐ႊဘို ၿမိဳ႕ေရွာင္လမ္းေဘး ရွိလယ္ကြင္းထဲ၌ မုဒိမ္းက်င့္သတ္ျဖတ္ခံထားရသည့္ ႐ုပ္အေလာင္းကို ျပန္လည္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္
“ ကေလးမေလးက ကန္စြန္းဥ၊ ငုံးဥ၊ ပိန္းဥ ျပဳတ္ေလးတြကို ပန္းၿခံေရွ႕နဲ႔ သံလမ္းဦးေအာင္ေဇယ် ေၾကး ႐ုပ္နားမွာ ေရာင္းၿပီး မိဘကို လုပ္ေကြၽးေနတာ၊ ဒီကိစၥနဲ႔ပတ္သက္ၿပီး တစ္ၿမိဳ႕လုံးက ေဒါသ ထြက္ေန ၾကတယ္၊
ရဲစခန္းက ရဲေတြက PDF ဖမ္းဖို႔ေလာက္ပဲ သီးသန႔္ျဖစ္ေနတယ္၊ ခိုးဆိုးလုယက္မႈေတြ ျဖစ္ တိုင္း ဘယ္ေတာ့မွ လက္သည္မေပၚဘူး” ဟု ေ႐ႊဘိုၿမိဳ႕နယ္ လြတ္လပ္ေသာ ေထာက္ပို႔ေရး အဖြဲ႕ထံမွ တာဝန္ရွိသူတစ္ဦးက ေျပာဆိုသည္
မုဒိမ္းက်င့္သတ္ျဖတ္ခံရသည့္ အသက္ ၁၁ ႏွစ္အ႐ြယ္ မိန္းကေလးမပြားစိန္သည္ ေ႐ႊဘိုၿမိဳ႕၊ အမွတ္ ၈ ရပ္ကြက္တြင္ အဖြား၊ မိခင္၊ အမျဖစ္သူတို႔ႏွင့္ အတူေနထိုင္ေၾကာင္း၊ ၎၏ ႐ုပ္အေလာင္းကို ျပန္လည္ေတြ႕ရွိခ်ိန္တြင္ မုဒိမ္း က်င့္ကာ ရက္ရက္စက္စက္သတ္ျဖတ္ခံထားရေၾကာင္း၊ ယမန္ေန႔ ဇန္နဝါရီလ ၁၄ ရက္ မြန္းလြဲ ၃ နာရီခန႔္တြင္ ၾသဂႋုလ္ၿပီးစီးခဲ့ေၾကာင္း သိရသည္
“ေ႐ႊဘိုၿမိဳ႕ေပၚမွာက လူမသိ၊ သူမသိအဖမ္းခံရတာ၊ လက္သည္မေပၚဘဲ အသတ္ခံရတာေတြ အမ်ားႀကီးပဲ၊ တရား႐ုံးဆိုရင္လည္း ပြဲေဈးတန္းႀကီးလို လူစည္ေနတာ၊
ဒီကိစၥကိုလည္း အေသးစိတ္ကြင္းဆက္ေတြ ခ်ိတ္ဆက္မိေအာင္လိုက္ေနတယ္၊ အေသးစိတ္သိရတာနဲ႔ ေျပာျပပါ့မယ္” ဟု ေ႐ႊဘိုၿမိဳ႕နယ္ လြတ္လပ္ ေသာ ေထာက္ပို႔ေရး အဖြဲ႕ထံမွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္ သစ္သတင္းဌာနထံသို႔ ေျပာၾကား သည္
အလားတူ ၿပီးခဲ့သည္ ဇန္နဝါရီလ ၇ ရက္ေန႔ကလည္း ေ႐ႊဘိုၿမိဳ႕၊ သက္သာပန္းေတာင္းရပ္ကြက္မွ စိတ္မႏွံ႔သူ အသက္ ၃၀ ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ ေနအိမ္မွ ႏွစ္ရက္ခန႔္ေပ်ာက္သြားၿပီး ေ႐ႊဘိုၿမိဳ႕ အေနာက္ဘက္ရွိ ေညာင္ပင္သာေက်း႐ြာဘက္တြင္ မုဒိမ္းက်င့္သတ္ျဖတ္ခံထားရသည့္ ႐ုပ္ အေလာင္းကို ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း သိရသည္
ရွှေဘိုမြို့တွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး တရားခံ ရှာမတွေ့သေး
ရန်ကုန်၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် အသက် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရ ကြေင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေး အဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်
ရွှေဘိုမြို့ပန်းခြံတောင်ဘက် လမ်းဘေး၌ ကန်စွန်းဥပြုတ်၊ ငုံးဥပြုတ်၊ ပိန်းဥပြုတ်များ ရောင်းချသော အသက် ၁၁ နှစ်အရွယ် မပွားစိန်သည် ဇန်နဝါရီလ ၁၂ ရက်ညပိုင်းတွင် နေအိမ်ပြန်လည်ရောက်ရှိ လာခြင်းမရှိဘဲ ပျောက်ဆုံးသွားသဖြင့် လိုက်လံရှာဖွေရာ ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းတွင် ရွှေဘို မြို့ရှောင်လမ်းဘေး ရှိလယ်ကွင်းထဲ၌ မုဒိမ်းကျင့်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်
“ ကလေးမလေးက ကန်စွန်းဥ၊ ငုံးဥ၊ ပိန်းဥ ပြုတ်လေးတွကို ပန်းခြံရှေ့နဲ့ သံလမ်းဦးအောင်ဇေယျ ကြေး ရုပ်နားမှာ ရောင်းပြီး မိဘကို လုပ်ကျွေးနေတာ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်မြို့လုံးက ဒေါသ ထွက်နေ ကြတယ်၊
ရဲစခန်းက ရဲတွေက PDF ဖမ်းဖို့လောက်ပဲ သီးသန့်ဖြစ်နေတယ်၊ ခိုးဆိုးလုယက်မှုတွေ ဖြစ် တိုင်း ဘယ်တော့မှ လက်သည်မပေါ်ဘူး” ဟု ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေး အဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်
မုဒိမ်းကျင့်သတ်ဖြတ်ခံရသည့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးမပွားစိန်သည် ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက်တွင် အဖွား၊ မိခင်၊ အမဖြစ်သူတို့နှင့် အတူနေထိုင်ကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိချိန်တွင် မုဒိမ်း ကျင့်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခံထားရကြောင်း၊ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် သြင်္ဂိုလ်ပြီးစီးခဲ့ကြောင်း သိရသည်
“ရွှေဘိုမြို့ပေါ်မှာက လူမသိ၊ သူမသိအဖမ်းခံရတာ၊ လက်သည်မပေါ်ဘဲ အသတ်ခံရတာတွေ အများကြီးပဲ၊ တရားရုံးဆိုရင်လည်း ပွဲဈေးတန်းကြီးလို လူစည်နေတာ၊
ဒီကိစ္စကိုလည်း အသေးစိတ်ကွင်းဆက်တွေ ချိတ်ဆက်မိအောင်လိုက်နေတယ်၊ အသေးစိတ်သိရတာနဲ့ ပြောပြပါ့မယ်” ဟု ရွှေဘိုမြို့နယ် လွတ်လပ် သော ထောက်ပို့ရေး အဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်
အလားတူ ပြီးခဲ့သည် ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်မှ စိတ်မနှံ့သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် နေအိမ်မှ နှစ်ရက်ခန့်ပျောက်သွားပြီး ရွှေဘိုမြို့ အနောက်ဘက်ရှိ ညောင်ပင်သာကျေးရွာဘက်တွင် မုဒိမ်းကျင့်သတ်ဖြတ်ခံထားရသည့် ရုပ် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်
crd