သမ္မတကြီး ဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေ့ဟု သတင်းထွက်ပေါ်

“သမ္မတကြီး ဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေ့ဟု သတင်းထွက်ပေါ်နေ”

မှန်ခဲ့ရင်‌တောင် အစိုးရိမ်မလွန်ကဲစေချင် ဒါဟာ စ်ိတ်စစ်ဆင်ရေးသာ ဖြစ်ပြီး ပြည်ပကို ကာပြန်ပြ တပ်တွင်းကို အစာပြေကြွေး ပြည်သူကို စိတ်တန်ပိုရိုက်ချိုးပြီး တလရကို နှိပ်ကွပ်လိုတဲ့ စိတ်ရေးအားသာမှု ရိုက်ချိုးမှု ဗျုဟာ အကွက်ရွေ့မှုတွေ ဖြစ်တဲ့အတွက်

စကစဟာ ထုံးစံမဲပြာကွက်နဲ့ပဲ ကြွက်မနိုင်ကျီမီး+ရှို့ မရမကကို ယုတ်ညစ်ကွက်နဲ့ ရှေ့တိုးလာနေတာ ဖြစ်တဲ့အတွက် မင်းအောင်လှ်ုင်ရဲ့ ယုတ်မာစဉ်းလဲမှုသဏ္ဍန်ကို ဖော်ပြနေတဲ့ အချက်ဖြစ်၍ သူမဿေချင်၍ ပတ်ကြမ်းတိုက်ပြ စိတ်ရေးအားသာမှုရအောင် လုပ်တဲ့အကွက်ဖြစ်၍

ပြည်သူတွေအနေနဲ့ ထူးပြီး နေလို့ ဿေလို့မဖြစ်တဲ့အချိန်မှာ ၀+က်ဖြစ်နေတောင် မစင်ကြောက်စရာမလိုပဲ မင်းအောင်လှ်ုင်ဟာ ဗေဒင်ဆိုမှန်ဘောင် ၀က်သား‌ဆိုပုတ်သည်နဲ့ အခြေနေမလှတဲ့အဆုံး မလုပ်သင့်တာတွေ လုပ်နေပြိး သူ့နိဂုံးကို ပိုပြီး မြန်ဆန်အောင် သက်တမ်းတိုးနေတာဟု မြင်မိ၍

ယခုလို လုပ်ဆောင်နေမှုတွေဟာ တလရ အမြန်အောင်စေမည့် အရာတွေပဲ ဖြစ်၍ ပေးဆပ်သူတို့နှလုံးသားမှာ အမေစုနဲ့ သမ္မတကြီးတို့ဟာ ထိပ်ဆုံးမှ ပါ၀င်နေသူတွေဟု မြင်ပြီး ပြည်သူဟာ တော်လှန်ရေးအောင်ဖို့သာ ဆက်လျက် ညီညွတ် ချီတက်နေရမည်ဆိုတာ သို့မှ မိမိနိုင်ငံ ပြည်သူ ခေါင်းဆောင်များ အားလုံး လွတ်ငြိမ်း အေးချမ်းကြမည် မဟုတ်ပ့ါလား !

#နန်းကြည်ညိုဝေ ????

 

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ ထောင်ဒဏ်ချမှတ်ခံရထားရတဲ့ အကျဉ်းသားတချို့ကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်ကနေ ဇန်နဝါရီ ၁၄ ရက်နေ့က တောင်ငူထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းမှာ သတင်းထွက်ပေါ်နေပါတယ်။

တောင်ငူထောင်ကမကြာခင်ကလွတ်လာတဲ့ ထောင်၀န်ထမ်းတွေနဲ့ နီးစပ်သူတဦးက “ဇန်နဝါရီ ၁၄ ရက်က Express ကား ၂ စီးဝင်လာတာ၊ သာမန်အကျဉ်းသားဆိုရင် ထောင်အပြင်မှာ ရပ်ပြီး လမ်းလျှောက်ဝင်ရတာ။ အခုက VIP တွေထင်တယ်။ အထဲအထိ မောင်းဝင်သွားတယ်။ နောက် ပြီး မနေ့က ညပိုင်းတာဝန်ကျတဲ့ ဝန်ထမ်းတွေက ခါတိုင်းဆို မနက်ကိုပြန်ထွက်ရတာ။ အခုသူတို့ ပြန်မထွက်ရဘူး။ Duty Change မပေးဘူး၊ နေ့သမားတွေလည်း အခုထိမဝင်ရဘူး။ သတင်းထွက်မှာစိုးလို့ ထင်တယ်၊ အပြင်မှာလည်း လုံခြုံရေးတွေ အများကြီးပဲတိုးချထားတယ်။ အရင်ကတည်းကလည်း သမ္မတကြီးကို ဒီကိုရွှေ့မယ်လို့ကြားထားတာ”လို့ပြောပါတယ်။

သမ္မတကြီးကို တောင်ငူထောင်ကို ရွှေ့လိုက်တဲ့ကိစ္စနဲ့ သီးခြားအတည်ပြုနိုင်ဖို့ တောင်ငူထောင်တာဝန်ရှိသူတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်ဖြေဆိုမယ့်သူ မရှိပါဘူး။

တောင်ငူ ထောင်ပတ်ဝန်းကျင်မှာတော့ တောင်ငူ ရဲတပ်ရင်း ၁၁ နဲ့ စစ်ကောင်စီတပ်အင်အား ၈၀ လောက် လုံခြုံရေးချထားပေမဲ့ ထောင်ဝင်စာ ပါဆယ်ပို့သူတွေကိုတော့ ခါတိုင်းလို ပဲ ပို့လို့ရသေးတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တယောက်က ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်မနက်ပိုင်းမှာဘဲ ရန်ကုန် အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို အကျဉ်းသားတွေ ကား ၄ စီးနဲ့ ပြောင်းသွားတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

သာယာ၀တီထောင်ကို ထောင်ဝင်စာပို့ပြီး ပြန်တဲ့သူတယောက်က “အချုပ်ကားတစ်စီးမှာ မိန်းကလေးတွေချည်းဘဲ၊ နောက်အချုပ်ကား ၃ စီးမှာ ယောကျ်ားလေးတွေ၊ စုစုပေါင်း အချုပ်ကား ၄ စီးရွှေ့လိုက်တယ်။ သာယာ၀တီထောင်ဘက်မှာကျတော့ သမ္မတကြီးကို သာယာ၀တီထောင်ကို ရွှေ့လိုက်ပြီလို့ အသံလွှင့်ထားတယ်”လို့ပြောပါတယ်။

တကယ်တမ်းမှာ သာယာ၀တီထောင်ကို ရောက်လာတဲ့ ထောင်ပြောင်းတွေက အင်းစိန်ထောင်က အကျဉ်းသားတွေဖြစ်ပြီး နေပြည်တော်ဘက်က လာသူတွေမဟုတ်သလို လူသိများထင်ရှားသူတွေလည်း မပါဘူးလို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက အာဏာစသိမ်းကတည်းက ဘာအပြစ်မှ မရှိဘဲ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိမှုတွေနဲ့ စွပ်စွဲပြီး ထောင်ဒဏ် စုစုပေါင်း ၁၂ နှစ်ချမှတ်ထားတာဖြစ်ပါတယ်။

 

နိုင္ငံေတာ္သမၼတႀကီး ဦးဝင္းျမင့္နဲ႔ ေထာင္ဒဏ္ခ်မွတ္ခံရထားရတဲ့ အက်ဥ္းသားတခ်ိဳ႕ကို စစ္ေကာင္စီက ေနျပည္ေတာ္အခ်ဳပ္ေထာင္ကေန ဇန္နဝါရီ ၁၄ ရက္ေန႔က ေတာင္ငူေထာင္ကို ေျပာင္းေရႊ႕လိုက္တယ္လို႔ အက်ဥ္းေထာင္အသိုင္းအဝိုင္းမွာ သတင္းထြက္ေပၚေနပါတယ္။

ေတာင္ငူေထာင္ကမၾကာခင္ကလြတ္လာတဲ့ ေထာင္၀န္ထမ္းေတြနဲ႔ နီးစပ္သူတဦးက “ဇန္နဝါရီ ၁၄ ရက္က Express ကား ၂ စီးဝင္လာတာ၊ သာမန္အက်ဥ္းသားဆိုရင္ ေထာင္အျပင္မွာ ရပ္ၿပီး လမ္းေလၽွာက္ဝင္ရတာ။ အခုက VIP ေတြထင္တယ္။ အထဲအထိ ေမာင္းဝင္သြားတယ္။ ေနာက္ ၿပီး မေန႔က ညပိုင္းတာဝန္က်တဲ့ ဝန္ထမ္းေတြက ခါတိုင္းဆို မနက္ကိုျပန္ထြက္ရတာ။ အခုသူတို႔ ျပန္မထြက္ရဘူး။ Duty Change မေပးဘူး၊ ေန႔သမားေတြလည္း အခုထိမဝင္ရဘူး။ သတင္းထြက္မွာစိုးလို႔ ထင္တယ္၊ အျပင္မွာလည္း လုံျခဳံေရးေတြ အမ်ားႀကီးပဲတိုးခ်ထားတယ္။ အရင္ကတည္းကလည္း သမၼတႀကီးကို ဒီကိုေရႊ႕မယ္လို႔ၾကားထားတာ”လို႔ေျပာပါတယ္။

သမၼတႀကီးကို ေတာင္ငူေထာင္ကို ေရႊ႕လိုက္တဲ့ကိစၥနဲ႔ သီးျခားအတည္ျပဳနိုင္ဖို႔ ေတာင္ငူေထာင္တာဝန္ရွိသူေတြကို တယ္လီဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းခဲ့ေပမဲ့ ဖုန္းကိုင္ေျဖဆိုမယ့္သူ မရွိပါဘူး။

ေတာင္ငူ ေထာင္ပတ္ဝန္းက်င္မွာေတာ့ ေတာင္ငူ ရဲတပ္ရင္း ၁၁ နဲ႔ စစ္ေကာင္စီတပ္အင္အား ၈၀ ေလာက္ လုံျခဳံေရးခ်ထားေပမဲ့ ေထာင္ဝင္စာ ပါဆယ္ပို႔သူေတြကိုေတာ့ ခါတိုင္းလို ပဲ ပို႔လို႔ရေသးတယ္လို႔ နိုင္ငံေရးအက်ဥ္းသား မိသားစုဝင္ တေယာက္က ေျပာပါတယ္။

ဇန္နဝါရီ ၁၄ ရက္မနက္ပိုင္းမွာဘဲ ရန္ကုန္ အင္းစိန္ေထာင္ကေန သာယာဝတီေထာင္ကို အက်ဥ္းသားေတြ ကား ၄ စီးနဲ႔ ေျပာင္းသြားတယ္လို႔ ေထာင္နဲ႔နီးစပ္သူေတြက ေျပာပါတယ္။

သာယာ၀တီေထာင္ကို ေထာင္ဝင္စာပို႔ၿပီး ျပန္တဲ့သူတေယာက္က “အခ်ဳပ္ကားတစ္စီးမွာ မိန္းကေလးေတြခ်ည္းဘဲ၊ ေနာက္အခ်ဳပ္ကား ၃ စီးမွာ ေယာက်္ားေလးေတြ၊ စုစုေပါင္း အခ်ဳပ္ကား ၄ စီးေရႊ႕လိုက္တယ္။ သာယာ၀တီေထာင္ဘက္မွာက်ေတာ့ သမၼတႀကီးကို သာယာ၀တီေထာင္ကို ေရႊ႕လိုက္ၿပီလို႔ အသံလႊင့္ထားတယ္”လို႔ေျပာပါတယ္။

တကယ္တမ္းမွာ သာယာ၀တီေထာင္ကို ေရာက္လာတဲ့ ေထာင္ေျပာင္းေတြက အင္းစိန္ေထာင္က အက်ဥ္းသားေတြျဖစ္ၿပီး ေနျပည္ေတာ္ဘက္က လာသူေတြမဟုတ္သလို လူသိမ်ားထင္ရွားသူေတြလည္း မပါဘူးလို႔ ေျပာပါတယ္။

နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ကို စစ္ေကာင္စီက အာဏာစသိမ္းကတည္းက ဘာအျပစ္မွ မရွိဘဲ ဖမ္းဆီးခဲ့ၿပီး ေနာက္ပိုင္းမွာ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅ (ခ)၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ၊ ရဟတ္ယာဥ္ဝယ္ယူမႈနဲ႔ပတ္သက္တဲ့ အဂတိမႈေတြနဲ႔ စြပ္စြဲၿပီး ေထာင္ဒဏ္ စုစုေပါင္း ၁၂ ႏွစ္ခ်မွတ္ထားတာျဖစ္ပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *