တိုက်ပွဲဖြစ်တဲ့နေ့က နေပြည်တော်မှာ ဂေါက်ရိုက်နေတဲ့ စစ်တိုင်းမှူး မြတ်သက်ဦးက

တိုက်ပွဲဖြစ်တဲ့နေ့က နေပြည်တော်မှာ ဂေါက်ရိုက်နေတဲ့ စစ်တိုင်းမှူး မြတ်သက်ဦးက ကြာအင်းဆိပ်ကြီးတပ်ရင်း ၃ ခုကို ပိုက်ဆံနဲ့စားစရာပေးပြီးစည်းရုံးရေးပြန်ဆင်း

ဟိန်းစံ/ဧရာဝတီတိုင်းမ်

ဇန်နဝါရီလ ၁၃ ရက်

စစ်ကောင်စီတပ် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးက ကြာအင်းဆိပ်ကြီးတပ်နယ် မှာရှိတဲ့ တပ်ရင်းတွေနဲ့တွေ့ဆုံပြီး ပိုက်ဆံနဲ့ စားစရာတွေထောက်ပံ့ပေးခဲ့တယ်လို့ စစ် တပ်ထောက်ခံတဲ့ လူမှုကွန်ယက်တွေမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ဝါဒဖြန့်ဖော်ပြလာပါတယ်။

ကြာအင်းဆိပ်ကြီးအခြေစိုက် တပ်ရင်း ၃ ခုဖြစ်တဲ့ ခလရ ၂၈၃ ၊ ခလရ ၂၈၄၊ ခလရ ၃၂ စတဲ့နောက် တန်း တပ်ရင်းတွေကို ကရင်တော်လှန်ရေးပူးပေါင်းစစ်ကြောင်းတွေက ဇန်နဝါရီလ ၄ ရက်နေ့မနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့လို့ ခလရ ၂၈၄ တပ်ရင်း မှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိန်းမတွေ အပါအဝင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တာပါ။

တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ရင်းတွေကို စစ်တိုင်း မှူး ဗိုလ်ချုပ် မြတ်သက်ဦးက ဇန်နဝါရီလ ၁၀ ရက်နေ့က ပိုက်ဆံနဲ့စားစရာပေးပြီး လာရောက်တွေ့ ဆုံစည်းရုံးရေးဆင်းခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေးနေ့) က သူ့လက်အောက် တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးများနေတာ သိပေမယ့်လည်း နေပြည်တော်မှာ ဂေါက်ရိုက်မပြတ်ခဲ့ဘူးလို့ တပ်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

”တိုက်ပွဲဖြစ်တဲ့လွတ်လပ်ရေးနေ့မတိုင်ခင် တရက်ထဲက နေပြည်တော်မှာဗိုလ်ရှုသဘင်တက်ဖို့နဲ့ စစ်ခေါင်း ဆောင်တွေချည်းဂေါက်ပြိုင်ပွဲလုပ်တာရှိတယ်၊ အဲ့ဒီအတွက်နေပြည်တော်ရောက်နေတာ။ ဖြစ်တဲ့နေ့မှာ မနက်ပိုင်း ဗိုလ်ရှုပွဲပြီးလို့ ညနေပိုင်း သူတို့ (စစ်ခေါင်း ဆောင်)တွေ ဂေါက်ရိုက်ပြိုင်ပွဲမှာ ဂေါက်ရိုက်နေကြတာ။

မနက်ပိုင်းက အောက်မှာ (ကြာအင်းဆိပ်ကြီး) တိုက်ပွဲဖြစ်လို့အကျအဆုံးများနေတယ်ဆိုတာလည်း သူတို့(စစ်ခေါင်းဆောင်တွေ)အကုန်သိတယ်။အေးဆေးဘဲ ဂေါက်ရိုက်မပြတ်ဘူး” လို့ ရတခနဲ့နီး စပ်တဲ့တပ်သတင်းရင်းမြစ်တစ်ဦးကဧရာဝတီတိုင်း မ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှေ့တန်းစစ်ခန်းတွေမှာ ထိခိုက်သေဆုံးများပြားမှုတာတွေ နောက်တန်းတပ် ရင်းတွေ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုများပြားတာတွေမျိုးမှာ လက်ရှိကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိန်းမတွေ စိတ်မပျက်စေဖို့ အနိမ့်ဆုံးတိုင်းမှူးအဆင့်လောက်က ပိုက်ဆံနဲ့စားသောက်ဖွယ်ရာလေး တွေထောက်ပံ့ပြီး လာရောက်နှစ်သိမ့်တာဟာ စစ်ကောင်စီတပ်ရဲ့ ထုံးစံတစ်ခုလိုဖြစ်တယ်လို့ CDM တပ်မတော် သားအရာရှိတစ်ဦးကပြောပါတယ်။

”ဒါတွေကသူတို့လုပ်နေကျအကွက်တွေဘဲ။ ရှေ့ တန်း မှာ ဒီတပ်ရင်းတွေက ထိခိုက်သေဆုံးများပြီဆိုရင် အနိမ့်ဆုံး အဲ့ဒီတပ်ကိုကွပ်ကဲတဲ့ သက်ဆိုင်ရာ Area Commander (စစ်တိုင်းမှူး)ကိုလွှတ်ပြီး ပိုက်ဆံလေး၊ ခေါက်ဆွဲခြောက်ထုပ်လေးနဲ့ ဒီလိုဘဲနှစ်သိမ့်တာပေါ့။ အခုလည်းအဲ့ဒီလိုဘဲ ကြာအင်းဆိပ်ကြီးတပ်ရင်း ၃ ခု တိုက်ခိုက်ခံရတာမှာ တပ်ရင်းမှူးပါကျတဲ့အဆင့်ဆိုတော့ သူ(တိုင်းမှူး)မျက်နှာလေးလာပြပြီး နှစ်သိမ့်တာပေါ့။

နောက်တစ်ခုက ဖြစ်တဲ့နေ့မှာ အောက်မှာဖြစ်ချင်ရာဖြစ် သေလည်းအေယက်ကလူသေပေါ့၊ သူတို့ကတော့အအိပ်အစားမပျက်ဘူး၊နေမြဲဘဲ။

ပြီးကာမှသွားနှစ်သိမ့်လိုက်မယ်ဆိုတာမျိုး၊ မနှစ်သိမ့်ရင်လည်းအဲ့ကြာအင်းတပ်ရင်းတွေကအကုန်ပြေးတော့မှာသူတို့(စစ်ခေါင်း ဆောင်)တွေသိတယ်။ ဦး ၅ (စည်းရုံးရေး)ပြန်ဝင်တာ” လို့ လွတ်မြောက်နယ်မြေရောက် CDM တပ်မတော်သားအရာရှိတစ်ဦးကပြောပါတယ်။

ကြာအင်းဆိပ်ကြီးအခြေစိုက် နောက်တန်းတပ်ရင်း ၃ ခု တိုက်ခိုက်ခံခဲ့ရတဲ့တိုက်ပွဲမှာ ခလရ ၂၈၄ တပ်ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦးအထိသေဆုံးခဲ့တယ်လို့ တော်လှန်ရေး စစ်ကြောင်းတွေဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းမ်

Leave a Reply

Your email address will not be published. Required fields are marked *