ပင်လည်ဘူးမြို့နယ်အတွင်းမှာ ကျပ်ငွေ သိန်း ၁၅၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ
ဇန်နဝါရီ ၁၃ ၊ ၂၀၂၃
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၁၁ ရက် ညနေ ၅ နာရီခွဲခန့်မှာ ကျပ်ငွေသိန်း ၁၅၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပင်လည်ဘူးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကြားမှာ ဇန်နဝါရီ ၁၁ ရက်က ခရိုင်ပြည်သူ့အုပ်ချုပ်ရေး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ မြို့နယ်ပြည်သူ့ကာကွယ်ရေး၊ မြို့နယ်ပြည်သူ့လုံခြုံရေး၊ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး အစရှိတဲ့ ပူးပေါင်းအဖွဲ့က နယ်မြေ ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါး(ဘိန်းဖြူ)ဆပ်ပြာခွက် – ၅၉၄ ခွက်၊ ၇၁၂၈ ဂရမ်၊ စုစုပေါင်း ကာလတန်ဘိုး ငွေကျပ်(၁၄၈၅)သိန်းကို မူးယစ်ဆေးဝါးကုန်သည် အမျိုးသမီး နှစ်ဦးနဲ့ အတူ ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိတဲ့ အမျိုးသမီးတရားခံနှစ်ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပင္လည္ဘူးၿမိဳ႕နယ္အတြင္းမွာ က်ပ္ေငြ သိန္း ၁၅၀၀ နီးပါးတန္ဖိုးရွိ မူးယစ္ေဆးဝါးေတြ ဖမ္းဆီးရမိ
ဇန္နဝါရီ ၁၃ ၊ ၂၀၂၃
စစ္ကိုင္းတိုင္း၊ ပင္လည္ဘူးၿမိဳ႕နယ္အတြင္းမွာ ဇန္နဝါရီ ၁၁ ရက္ ညေန ၅ နာရီခြဲခန႔္မွာ က်ပ္ေငြသိန္း ၁၅၀၀ နီးပါးတန္ဖိုးရွိတဲ့ မူးယစ္ေဆးဝါးေတြ ဖမ္းဆီးရမိတယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။
ပင္လည္ဘူးၿမိဳ႕နယ္အတြင္းရွိ ေက်းရြာႏွစ္ရြာၾကားမွာ ဇန္နဝါရီ ၁၁ ရက္က ခရိုင္ျပည္သူ႔အုပ္ခ်ဳပ္ေရး၊ ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရး၊ ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရး၊ ၿမိဳ႕နယ္ျပည္သူ႔လုံျခဳံေရး၊ ရပ္ေက်းျပည္သူ႔အုပ္ခ်ဳပ္ေရး အစရွိတဲ့ ပူးေပါင္းအဖြဲ႕က နယ္ေၿမ ကြင္းဆင္းစစ္ေဆးေဆာင္ရြက္ေနစဥ္ မူးယစ္ေဆးဝါး(ဘိန္းျဖဴ)ဆပ္ျပာခြက္ – ၅၉၄ ခြက္၊ ၇၁၂၈ ဂရမ္၊ စုစုေပါင္း ကာလတန္ဘိုး ေငြက်ပ္(၁၄၈၅)သိန္းကို မူးယစ္ေဆးဝါးကုန္သည္ အမ်ိဳးသမီး ႏွစ္ဦးနဲ႔ အတူ ဖမ္းဆီးရမိခဲ့တာပါ။
ဖမ္းဆီးရမိတဲ့ အမ်ိဳးသမီးတရားခံႏွစ္ဦးကို ဥပေဒအရ အေရးယူေဆာင္ရြက္နိုင္ေရး လုပ္ထုံးလုပ္နည္းမ်ားနဲ႔ အညီ ေဆာင္ရြက္ေနတယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
crd