စစ်ကောင်စီတပ်တွေ ရှေ့တန်းထွက်ရမှာကြောက်လို့ ကြံခင်းမြို့နယ်က တောတွေထဲမှာ PDF ရှိတယ်ဆိုပြီး ဟန်ဆောင်စစ်ကြောင်းထိုးနေ
ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၃ ရက်
အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့အချို့ဟာ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အတွင်းက ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ သစ်တောတွေကို ဇန်နဝါရီလ ၁၁ရက်နေ့ကစပြီး PDFတွေကို စစ်ကြောင်းထိုးရှာဖွေနေတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။
“၁၁ရက်နေ့ထဲက ရိုးမထဲမှာ PDFတွေရှိတယ်ဆိုပြီး တောနင်းဖို့စခန်းလာချနေကြတာပဲ။ မဲဇလီပေချောင်းနားမှာတစ်ဖွဲ့ ကျို့ပင်စုကျေးရွာနားမှာတစ်ဖွဲ့ အင်အားကတော့ တစ်ဖွဲ့ကို ၅၀ ကျော်လောက်ရှိမယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကရင်ပြည်နယ် ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးများနေတာကြောင့် အဲ့ဘက်ကို ရှေ့တန်းထွက်ရမှာကြောက်တာကြောင့် ခုလို ဧရာ၀တီတိုင်းအတွင်းက သစ်တောတွေမှာ PDF စခန်းတွေရှိတယ်ဆိုပြီး ဟန်ဆောင်ကာ စစ်ကြောင်းထိုးပြနေတာလို့ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောပါတယ်။
“သူတို့က ရှေ့တန်းမထွက်ချင်တော့ ဘာ PDF မှ မရှိတဲ့တောတွေထဲမှာ စစ်ကြောင်းထိုးရှာပြနေတာပေါ့ဗျာ။ ဧရာဝတီတိုင်းမှာ ရှာသမျှတခါမှ တွေ့တယ်လည်း မကြားမိပါဘူးဗျာ။
သက်သက်မဲ့ အကြောင်းမရှိအကြောင်းရှာပြီး တောထဲ စစ်ကြောင်းထိုးနေကြတာ”လို့ ပုသိမ်မြို့ခံ စစ်မှုထမ်းဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ိကို ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ရိုးမအစပ်မှာ နေထိုင်တဲ့ ကျေးရွာပြည်သူတွေကို တောအတွင်း သစ်၊ ဝါးခုတ်ယူခြင်းမပြုဖို့နဲ့ တောအတွင်းနေထိုင်ပြီး လုပ်ကိုင်စားသောက်နေသူတွေကို ရွာကို ပြန်လာနေဖို့ အကြောင်းကြားနှင်ထုတ်နေတာကြောင့် ဒေသခံတွေက မတရားဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်။
ဧရာ၀တီတိုင်းက ရခိုင်ရိုးမနဲ့ထိဆက်နေတဲ့ ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊ မော်တင်လမ်းသစ်တောတွေအတွင်းမှာ စစ်ကောင်စီက တောနင်းရှာဖွေတာတွေအမြဲပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
စစ္ေကာင္စီတပ္ေတြ ေရွ႕တန္းထြက္ရမွာေၾကာက္လို႔ ႀကံခင္းၿမိဳ႕နယ္က ေတာေတြထဲမွာ PDF ရွိတယ္ဆိုၿပီး ဟန္ေဆာင္စစ္ေၾကာင္းထိုးေန
ဧရာဝတီတိုင္းမ္
ဇန္နဝါရီလ ၁၃ ရက္
အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္လက္ေအာက္ခံ တပ္ဖြဲ႕အခ်ိဳ႕ဟာ ဧရာဝတီတိုင္း၊ ႀကံခင္းၿမိဳ႕နယ္အတြင္းက ရခိုင္ရိုးမနဲ႔ ထိစပ္ေနတဲ့ သစ္ေတာေတြကို ဇန္နဝါရီလ ၁၁ရက္ေန႔ကစၿပီး PDFေတြကို စစ္ေၾကာင္းထိုးရွာေဖြေနတယ္လို႔ေဒသခံေတြဆီကေန သိရပါတယ္။
“၁၁ရက္ေန႔ထဲက ရိုးမထဲမွာ PDFေတြရွိတယ္ဆိုၿပီး ေတာနင္းဖို႔စခန္းလာခ်ေနၾကတာပဲ။ မဲဇလီေပေခ်ာင္းနားမွာတစ္ဖြဲ႕ က်ိဳ႕ပင္စုေက်းရြာနားမွာတစ္ဖြဲ႕ အင္အားကေတာ့ တစ္ဖြဲ႕ကို ၅၀ ေက်ာ္ေလာက္ရွိမယ္”လို႔ ေဒသခံတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။
ကရင္ျပည္နယ္ ဘက္မွာ တိုက္ပြဲေတြျပင္းထန္ေနၿပီး စစ္ေကာင္စီဘက္က အက်အဆုံးမ်ားေနတာေၾကာင့္ အဲ့ဘက္ကို ေရွ႕တန္းထြက္ရမွာေၾကာက္တာေၾကာင့္ ခုလို ဧရာ၀တီတိုင္းအတြင္းက သစ္ေတာေတြမွာ PDF စခန္းေတြရွိတယ္ဆိုၿပီး ဟန္ေဆာင္ကာ စစ္ေၾကာင္းထိုးျပေနတာလို႔ စစ္မႈထမ္းေဟာင္းတစ္ဦးက ေျပာပါတယ္။
“သူတို႔က ေရွ႕တန္းမထြက္ခ်င္ေတာ့ ဘာ PDF မွ မရွိတဲ့ေတာေတြထဲမွာ စစ္ေၾကာင္းထိုးရွာျပေနတာေပါ့ဗ်ာ။ ဧရာဝတီတိုင္းမွာ ရွာသမၽွတခါမွ ေတြ႕တယ္လည္း မၾကားမိပါဘူးဗ်ာ။
သက္သက္မဲ့ အေၾကာင္းမရွိအေၾကာင္းရွာၿပီး ေတာထဲ စစ္ေၾကာင္းထိုးေနၾကတာ”လို႔ ပုသိမ္ၿမိဳ႕ခံ စစ္မႈထမ္းေဟာင္းတစ္ဦးက ဧရာဝတီတိုင္းမ္ိကို ေျပာပါတယ္။
လက္ရွိမွာ စစ္ေကာင္စီတပ္ေတြဟာ ရိုးမအစပ္မွာ ေနထိုင္တဲ့ ေက်းရြာျပည္သူေတြကို ေတာအတြင္း သစ္၊ ဝါးခုတ္ယူျခင္းမျပဳဖို႔နဲ႔ ေတာအတြင္းေနထိုင္ၿပီး လုပ္ကိုင္စားေသာက္ေနသူေတြကို ရြာကို ျပန္လာေနဖို႔ အေၾကာင္းၾကားႏွင္ထုတ္ေနတာေၾကာင့္ ေဒသခံေတြက မတရားဖမ္းဆီးခံရမွာကို စိုးရိမ္ေနၾကပါတယ္။
ဧရာ၀တီတိုင္းက ရခိုင္ရိုးမနဲ႔ထိဆက္ေနတဲ့ ႀကံခင္းၿမိဳ႕နယ္၊ ေရၾကည္ၿမိဳ႕နယ္၊ သာေပါင္းၿမိဳ႕နယ္နဲ႔ ပုသိမ္၊ေခ်ာင္းသာ၊ေငြေဆာင္၊ င႐ုတ္ေကာင္း၊ ေမာ္တင္လမ္းသစ္ေတာေတြအတြင္းမွာ စစ္ေကာင္စီက ေတာနင္းရွာေဖြတာေတြအျမဲျပဳလုပ္ေလ့ရွိတယ္လို႔ ေဒသခံေတြဆီကေနသိရပါတယ္။
crd