အရာတော်-မုံရွာလမ်းပေါ်တွင် ပြည်သူများထံက ငွေတောင်းခံနေသော စစ်ကောင်စီတပ်ဖွဲ့ ဗုံးချတိုက်ခိုက်ခံရ၍ ၃ ဦးသေဆုံး
ပါခြီး
မဇ္ဈိမ ။။ စစ်ကိုင်းတိုင်း ၊ အရာတော်-မုံရွာလမ်းပေါ်တွင် ခရီးသွားပြည်သူများအား ငွေကြေးကောက်ခံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ သုံးဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း Ngwe Dwin Revolution Force (NDRF)က ဇန်နဝါရီလ ၁၂ရက် နေ့တွင်ထုတ်ပြန်သည်။
ယင်းနေ့ နံနက် ၁၁နာရီအချိန်တွင် အရာတော်မြို့နယ် ၊ ကျွန်းဖိုပင်ကျေးရွာအနီးရှိ လမ်းမပေါ်တွင် အင်အား ၄၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်သားများက ခရီးသွားများကို အဓမ္မငွေတောင်းခံ(ဆက်ကြေးကောက်) နေကြောင်း သိရသောကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ကျနော်တို့ ဗုံးလေးလုံးချခဲ့တာပါ၊ သူတို့အပေါ်တည့်တည့်ကျတာ ၊ ဗုံးချပြီးမကြာခင်ဘဲ နာရေးကားတွေရောက်လာတယ်၊ သုံးယောက်ကတော့ အနည်းဆုံးပဲ၊ ငါးယောက် လောက်အထိ သေနိုင်တယ်လို့ ပြန်သိရတယ်” ဟု NDRF တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရာတော် – မုံရွာလမ်းပေါ်တွင် နေရာအတည်တကျဖြင့် ဂိတ်ဖွင့်လှစ် ငွေတောင်းခံခြင်းမရှိဘဲ ကျွန်းဖိုရွာ ၊ ကမ်းပြူရွာ စသည်ဖြင့် နေရာရွှေ့ပြောင်း၍ ပြည်သူများအပေါ် အကြောင်းအမျိုးမျိုးပြ စစ်ဆေးပြီး ငွေတောင်းခံလေ့ရှိကြောင်း ဆိုသည်။
ယင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လမ်းမပေါ် စစ်ဆေးရေးလုပ်သည့် သတင်းနှင့် လှုပ်ရှားမှုများကို နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လူအင်အားနှင့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ရရှိပြီး ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များနှင့် ပူးပေါင်းကာ သွားရောက်တိုက်ခိုက်လေ့ရှိကြောင်း တာဝန်ရှိသူက ဆက်ပြောသည်။
ယင်းသို့ ဗုံးချတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များသည် အနီးပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယခုစစ်ဆင်ရေးကို NDRF နှင့်အတူ Middle Revolutionary Technical Front (MRTF) ၊ သပြေညိုပြောက်ကျားတပ်ဖွဲ့ ၊ Ayadaw Bone Naing PDF (ABN- PDF) ၊ Danger Force LPDF ၊ ပတ္တမြားညီနောင် ၊ မိုင်းမင်းသား ၊ IBEX တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၄ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ အရာတော်မြို့၏ အနောက်ဘက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို NRDF က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

ရုပ်သံကြည့်ရန်