ဆိုလျားကူးရွာ အနီးတို-က်-ပွဲတွင် ကျဆုံးခဲ့သော အသက်(၁၉) နှစ်အရွယ် ရဲဘော် မောင်စီနီးလို

ဆိုလ်ားကူး႐ြာ အနီးတိုက္ပြဲတြင္ က်ဆုံးခဲ့ေသာ အသက္(၁၉) ႏွစ္အ႐ြယ္ ရဲေဘာ္ ေမာင္စီနီးလို၏ အသုဘအခမ္းအနား ယေန႔ျပဳလုပ္

ရဲေခါင္/People’s Spring

ကရင္နီ(ကယား)ျပည္နယ္၊ ဆိုလ်ားကူးေက်း႐ြာ အနီးတိုက္ပြဲတြင္ က်ဆုံးခဲ့ေသာ အသက္(၁၉) ႏွစ္အ႐ြယ္ ရဲေဘာ္ ေမာင္စီနီးလို၏ အသုဘ အခမ္းအနားကို ယေန႔(ၾသဂုတ္ ၁၄ ရက္) ျပဳလုပ္ခဲ့ေၾကာင္း လြိဳင္ေကာ္ PDFက ထုတ္ျပန္သည္။

ယခုလ ၉ ရက္ေန႔ နံနက္ ၁၀ နာရီ မိနစ္ ၄၀ ခန္႔က ဆိုလ်ားကူး ေက်း႐ြာတစ္ဝိုက္ ျဖစ္ပြားခဲ့ေသာ တိုက္ပြဲတြင္ ရဲေဘာ္ ေမာင္စီနီးလိုသည္ အၾကမ္း ဖက္စစ္ေကာင္စီႏွင့္ ထိပ္တိုက္ရင္ဆိုင္ၿပီး လြတ္ လပ္ေရးအတြက္ အသက္ေပးလႉသြားခဲ့ျခင္းျဖစ္ သည္။

ထို႔ေၾကာင့္ ယေန႔ နံနက္ ၈ နာရီအခ်ိန္တြင္ ေမာင္စီနီးလို၏ အသုဘ အခန္းအနားကို ျပည္သူ႔ကာကြယ္ေရးတပ္ – လြိဳင္ေကာ္မွ ဦးစီးက်င္းပခဲ့သည္။

ရဲေဘာ္ ေမာင္စီနီးလိုသည္ အၾကမ္းဖက္ စစ္ေကာင္စီအား ႐ြတ္႐ြတ္ခြၽံခြၽံ တိုက္ပြဲဝင္ ေတာ္လွန္ခဲ့ၿပီး မိမိေက်း႐ြာ မိမိေဒသ မိမိျပည္နယ္ မိမိတိုင္းျပည္အတြက္ ဂုဏ္ေရာင္ထြန္းေျပာင္ေစခဲ့သည့္ သူရဲေကာင္းတစ္ဦး ျဖစ္ေၾကာင္း လြိဳင္ေကာ္ PDF က အသိေပးသည္။

အေရးေတာ္ပုံေအာင္ျမင္သည္အထိ က်ားကုတ္ က်ားခဲ ဆက္လက္ တိုက္ပြဲဝင္သြားဦးမည္ျဖစ္ ေၾကာင္းလည္း ရဲေဘာ္စီနီးလိုအပါအဝင္ ႏိုင္ငံႏွင့္အဝန္းရွိ သူရဲေကာင္းမ်ားအားလုံးကို တိုင္ တည္ကာ လြိဳင္ေကာ္ PDF ကတိျပဳသည္။

ဆိုလ်ားကူးေက်း႐ြာ ႏွင့္ အနီးတစ္ဝိုက္သို႔ အၾကမ္းဖက္စစ္တပ္မ်ားမွ စစ္ေၾကာင္း ၃ ေၾကာင္း၊ အင္အား ၂၀၀ခန႔္ ျဖင့္ စစ္ေၾကာင္းထိုးလာခဲ့ရာမွ စတင္ကာ မဟာမိတ္တပ္မ်ားႏွင့္ ထိေတြ႕မႈ ျဖစ္ပြားခဲ့သည္။

ယခုလ ၉ ရက္မွ စ၍ ယေန႔ ၁၂ ရက္ထိ လြိဳင္ ေကာ္ PDF အျပင္ KA၊ KNDF၊ အလယ္ပိုင္းတိုင္း အထူးစစ္ဆင္ေရး၊ တပ္ရင္း (၁၁၀၁)၊ ဒီေမာဆို PDF၊ တပ္ရင္း (၁၁၀၇)၊ မိုးၿဗဲ PDF၊ KRU ႏွင့္ KGZ စသည့္မဟာမိတ္မ်ားမွ အတူတကြ ပူးေပါင္း တိုက္ပြဲဝင္ခဲ့သည္။

တိုက္ပြဲကာလအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္မွ ႏွစ္ဦးေသဆုံးသည္ကို မ်က္ျမင္အတည္ျပဳႏိုင္ၿပီး အျခား က်ရႈံးထိခိုက္မႈ မ်ားရွိေသာ္လည္း အေရအတြက္ကို ဆက္ၿပီးအတည္မျပဳႏိုင္ေသး ေပ။

ဓာတ္ပုံ – လြိဳင္ေကာ္ PDF

Crd

Unicode
ဆိုလျားကူးရွာ အနီးတိုက်ပွဲတွင် ကျဆုံးခဲ့သော အသက်(၁၉) နှစ်အရွယ် ရဲဘော် မောင်စီနီးလို၏ အသုဘအခမ်းအနား ယနေ့ပြုလုပ်

ရဲခေါင်/People’s Spring

ကရင်နီ(ကယား)ပြည်နယ်၊ ဆိုလျားကူးကျေးရွာ အနီးတိုက်ပွဲတွင် ကျဆုံးခဲ့သော အသက်(၁၉) နှစ်အရွယ် ရဲဘော် မောင်စီနီးလို၏ အသုဘ အခမ်းအနားကို ယနေ့(သြဂုတ် ၁၄ ရက်) ပြုလုပ်ခဲ့ကြောင်း လွိုင်ကော် PDFက ထုတ်ပြန်သည်။

ယခုလ ၉ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က ဆိုလျားကူး ကျေးရွာတစ်ဝိုက် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ရဲဘော် မောင်စီနီးလိုသည် အကြမ်း ဖက်စစ်ကောင်စီနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး လွတ် လပ်ရေးအတွက် အသက်ပေးလှူသွားခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် ယနေ့ နံနက် ၈ နာရီအချိန်တွင် မောင်စီနီးလို၏ အသုဘ အခန်းအနားကို ပြည်သူ့ကာကွယ်ရေးတပ် – လွိုင်ကော်မှ ဦးစီးကျင်းပခဲ့သည်။

ရဲဘော် မောင်စီနီးလိုသည် အကြမ်းဖက် စစ်ကောင်စီအား ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင် တော်လှန်ခဲ့ပြီး မိမိကျေးရွာ မိမိဒေသ မိမိပြည်နယ် မိမိတိုင်းပြည်အတွက် ဂုဏ်ရောင်ထွန်းပြောင်စေခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်ကြောင်း လွိုင်ကော် PDF က အသိပေးသည်။

အရေးတော်ပုံအောင်မြင်သည်အထိ ကျားကုတ် ကျားခဲ ဆက်လက် တိုက်ပွဲဝင်သွားဦးမည်ဖြစ် ကြောင်းလည်း ရဲဘော်စီနီးလိုအပါအဝင် နိုင်ငံနှင့်အဝန်းရှိ သူရဲကောင်းများအားလုံးကို တိုင် တည်ကာ လွိုင်ကော် PDF ကတိပြုသည်။

ဆိုလျားကူးကျေးရွာ နှင့် အနီးတစ်ဝိုက်သို့ အကြမ်းဖက်စစ်တပ်များမှ စစ်ကြောင်း ၃ ကြောင်း၊ အင်အား ၂၀၀ခန့် ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာမှ စတင်ကာ မဟာမိတ်တပ်များနှင့် ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

ယခုလ ၉ ရက်မှ စ၍ ယနေ့ ၁၂ ရက်ထိ လွိုင် ကော် PDF အပြင် KA၊ KNDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး၊ တပ်ရင်း (၁၁၀၁)၊ ဒီမောဆို PDF၊ တပ်ရင်း (၁၁၀၇)၊ မိုးဗြဲ PDF၊ KRU နှင့် KGZ စသည့်မဟာမိတ်များမှ အတူတကွ ပူးပေါင်း တိုက်ပွဲဝင်ခဲ့သည်။

တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ပြီး အခြား ကျရှုံးထိခိုက်မှု များရှိသော်လည်း အရေအတွက်ကို ဆက်ပြီးအတည်မပြုနိုင်သေး ပေ။

ဓာတ်ပုံ – လွိုင်ကော် PDF

Crd

Leave a Reply

Your email address will not be published. Required fields are marked *