သေရဲလျှင် လူဦးရေစာရင်းဆက်ကောက်ကြဟု ထားဝယ်PDF သတိပေး
ထားဝယ် PDF တွေ ရှ-င်းတယ်ပြတ်ပြတ်သားသား လုပ်ပြပြီးမှထပ်ပြီးတော့ သတိပေးလိုက်ပြီ
” ေ-သ-ရဲလျှင် လူဦးရေစာရင်းဆက်ကောက်ကြပေါ့ “တဲ့လေဇန်နဝါရီ ၉ နံနက် ၁၁ နာရီခန့်တနင်္သာရီတိုင်း လောင်းလုံံးမြိ့ုနယ်ကမြောကင်းကျေးရွာ စစ်တပ်လုံခြုံရေးယူပြီး လူဦးရေစာရင်းလိုက်လံကောက်ယူနေသောစစ်အုပ်စုဝင်ကို ထားဝယ် ပကဖလောင်းလုံး ပကဖနဲ့ Dawei Guerrilla Revolutionary Force-DGRF တို့ ပ-စ်ခ-တ်ရှ-င်းလင်းခဲ့ပြီးနောက် DGRF တာဝန်ရှိသူတဦးက ေ-သ-ရဲလျှင်လူဦးရေစာရင်း ဆက်ကောက်လို့သတိပေးလို့ MPA မှာ ဖော်ပြ
သေရဲလျှင် လူဦးရေစာရင်း ဆက်ကောက်ကြပါဟု Dawei Guerrilla Revolutionary Force- DGRF (ထားဝယ်-ပကဖ) ၏ တာဝန်ရှိသူတစ်ဦးက သတိပေးလိုက်သည်။
စစ်ကောင်စီစိတ်ကူးယဉ်နေသောရွေးကောက်ပွဲအတွက် တစ်အိမ်တက်ဆင်း လူဦးရေစာရင်း လိုက် ကောက်နေသူများကို DGRF က အထက်ပါအတိုင်းသတိပေးလိုက်ခြင်းဖြစ်သည်။
ဇန်နဝါရီလ ၉ရက်နေ့ နံနက် ၁၁နာရီခန့်က တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကမြောကင်း ကျေးရွာတွင် စစ်တပ်လုံခြုံရေးရယူကာ လူဦးရေစာရင်းလိုက်လံကောက်နေသည့် အကြမ်းစစ်တပ်နှင့် လူတစ်စုကို ထားဝယ် ပကဖ နဲ့ လောင်းလုံး ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် DGRFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကထိုသို့ ထပ်မံသတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
“ မနေ့က မနက်ပိုင်းလောက်က ကမြောကင်း မူလတန်းကျောင်းနားမှာ ဖြစ်တာ။လောင်းလုံ ပကဖနဲ့ ထားဝယ် ပကဖတို့ပူးပေါင်းလုပ်ဆောင်တာပါ။စစ်တပ်ကလုံခြုံရေးလိုက်ပေးတာကို အထင်ကြီးပြီး လက်ကိုင်တုတ်ကောင်တွေသေရဲရင်ဆက်လုပ်ပေါ့” ဟု ၎င်းကပြောသည်။
မင်းအောင်လှိုင်ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်သလို တရားမဝင်ရွေး ကောက်ပွဲ ဖြစ်အောင်လုပ်ဆောင်နေမှုများ ကိုလည်း အပေါ်လက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်း ၎င်းကဆိုသည်။“ စစ်တပ်နဲ့ နီးကပ်စွာမနေပါနဲ့။ရွေးကောက်ပွဲအတွက် မဲလိုက်ကောက်နေမယ်ဆို ထားဝယ် ပကဖအနေနဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကို လုံးဝတာဝန်ယူမှာမဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယမန်နေ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား၁ဦးသေပြီး တဦး ဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့ကာ ၎င်းတို့ထံမှ Ak 47 သေနတ်တစ်လက်၊ကျည် ၂၃တောင့်နှင့် ကျည်ဘောက်တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း DGRFက ထုတ်ပြန်ထားသည်။
စစ်ကောင်စီက တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ခံမှုကို ဇန်နဝါရီ၉ရက်မှ ၃၁ရက်နေ့အထိ နိုင်ငံတစ်ဝန်း ပြုလုပ်လျက်ရှိပြီးလူဦးရေစာရင်းကောက်နေသူများကို အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် ပြင်းထန်စွာ တရားစွဲအရေးယူသွားမည်ဖြစ်ကြောင်း NUG အစိုးရ၊ ပြည်ထဲရေးနှင့်လူဝင် မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဇန်နဝါရီ၉ရက်တွင်ကြေညာချက် ထုတ်ပြန် ခဲ့သည်။

crd