ယုတ်မာရက်စက်လိုက်တာ‼️ကောင်မလေးခမျာ မင်္ဂလာဆောင်ဖို့ ဖိတ်စာပါကြိုရိုက်သွားခဲ့တာ..တဲ့..ခုတော့??
စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီး မြန်မာနိုင်ငံပြန်လာပြီး ရည်းစားဖြစ်သူနှင့် လှိုင်သာယာတည်းခိုခန်းတွင် တွေ့ဆုံစဥ် ဓားဖြင့်ထိုး သတ်ဖြတ်ခံရကာ ပါလာသည့် ရွှေ၊ ငွေနှင့် ဖုန်းများ လုယက်ခံရမှုဖြစ်ပွား
စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦး မြန်မာနိုင်ငံသို့ပြန်လာပြီး ရည်းစားဖြစ်သူနှင့် လှိုင်သာယာတည်းခိုခန်းတွင် ချိန်းဆို တွေ့ဆုံစဥ် ဓားဖြင့်ထိုး သတ်ဖြတ်ခံရကာ ပါလာသည့် ရွှေ၊ ငွေနှင့် ဖုန်းများ လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ မနှင်းဝေလှိုင်(ခ) မလပြည့်သည် မြန်မာနိုင်ငံရှိ မိဘများနှင့် ဆွေမျိုးများကို အသိမပေးဘဲ ဇန်နဝါရီ ၅ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လာပြီးနောက် လှိုင်သာယာတွင် နေထိုင်သည့် ပထမအကြိမ်တွေ့ဆုံဖူးသော
ရည်းစားဖြစ်သူ ကိုအောင်သူရိန်နှင့်အတူ လှိုင်သာယာ၊ စက်မှုဇုန် (၁) တပင်ရွှေထီးတာဝါအနီးရှိ တည်းခိုခန်းတစ်ခုသို့ လိုက်ပါခဲ့ပြီးနောက် ဇန်နဝါရီ ၆ ရက်တွင် အဆိုပါ အမျိုးသားဖြစ်သူတစ်ဦးတည်းပြန်ထွက်သွားပြီးနောက်ရက်တွင်မှ အဆိုပါအမျိုးသမီးမှာ
တည်းခိုခန်းအတွင်း ဓားဒဏ်ရာ ၁၂ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ပြီး အိမ်အကူလုပ်ကိုင်ပြီး အဆိုပါအမျိုးသားနှင့် လက်ထက်ရန်စုဆောင်းလာသည့် စင်ကာပူဒေါ်လာများ၊ ရွှေများနှင့် ဖုန်းများအားလုံး လုယက်ခံရကာ ပျောက်ရှနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
“ပထမအကြိမ်မှာလည်း အဲဒီကောင်လေးနဲ့ သွားတွေ့ပြီးသား။ စင်ကာပူကို သူပြန်လာပြီး ယူကြမယ်ဆိုပြီး ပိုက်ဆံစုပြီး ဒီနှစ်ကုန်မင်္ဂလာဆောင်ဖို့ ဖိတ်စာပါသူကြိုရိုက်သွားခဲ့တာ။ သူမြန်မာနိုင်ငံပြန်လာတာကို သူ့မိဘလည်း မသိဘူး။ ရန်ကုန်က သူ့အဒေါ်လည်း မသိဘူး။ နောက်ပြီး သေနေတာကိုလည်း တည်းခိုခန်းက မသိဘူး။
CCTV ပြန်ကြည့်တော့မှ ဇန်နဝါရီ ၅ ရက်မှာ အဲဒီကောင်လေးနဲ့ ဝင်လာတယ်။ ဇန်နဝါရီ ၆ ရက်မှာ ကောင်လေးကတစ်ယောက်တည်းပြန်ထွက်သွားပြီး နောက်ရက်ကျမှ ကောင်မလေးက ဓားဒဏ်ရာဗရပွနဲ့သေနေတာကို တွေ့ရတာ။
စင်ကာပူမှာ အိမ်အကူလုပ်ပြီး စုသွားတဲ့ငွေတွေ၊ သူဝယ်ထားတဲ့ရွှေတွေ၊ ဖုန်းတွေ အကုန်လုယက်သွားပေမဲ့ အတိအကျတော့ ဘယ်သူမှမသိဘူး။ သူ့မိဘလည်း ထောက်ပံ့မှုမရှိဘူးလို့ဘဲ သိရတယ်” ဟု အဆိုပါဖြစ်စဥ်ကို သိရှိသူတစ်ဦးကပြောသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သူမ၏ ဖိတ်စာအရ ရည်းစားဖြစ်သူ ကိုအောင်သူရိန်မှာ မကွေးတိုင်း၊ စလင်းမြို့နယ်၊ စမ်းကလေးကျေးရွာမှဖြစ်ပြီး သူမသည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကွင်းဝိုင်းကျေးရွာနေသူဖြစ်ကာ စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသူဖြစ်သည်။ ထို့အတူ သူမသည် NUG နှင့် PDF များကို ကူညီထောက်ပံ့နေသည့် ထောက်ပို့တစ်ဦးလည်းဖြစ်သည်ဟု သိရသည်။
“စလုံး အလုပ်လုပ်ပြီး ၅ ရက်နေ့က မြန်မာပြည်ပြန်သွားတဲ့ ကောင်မလေး။ ၆ ရက်နေ့ကျတော့ လှိုင်သာယာက Hotel ဓားထိုးချက် ၁၂ ချက်နဲ့ သေဆုံးနေခဲ့တယ်။ မိဘ အိမ်မပြန်ဘဲ Online က တွေ့တဲ့ ရည်စား နဲ့ အရင် သွားတွေ့ခဲ့တယ်လို့ဆိုတယ်။ စုဆောင်းပြီး ယူလာတဲ့ ဒေါ်လာတွေ ရွှေ နဲ့ ဖုန်း တွေကို သတ်ပြီး ယူသွားတယ် ဆိုတယ်။
ကြားရတဲ့ သတင်းက စိတ်မကောင်းစရာပါ။ အပင်ပန်းခံ ကြိုးစားလုပ်ပြီး စုဆောင်း ပြန်ကာမှ လုပ်ခဲ့သမျှတွေကော ခန္ဓာကိုယ်ကော ပေးဆပ်သွားလိုက်ရတာပါ။ ဝဠ်ကြွေးရှိရင် ဒီဘဝ ကျေပါစေလို့ စင်ကာပူရောက် မြန်မာနိူင်ငံသားများ group ကိုယ်စား ဆုတောင်းပေးပါတယ်” ဟု Michael Maw အကောင့်ပိုင်ရှင် စင်ကာပူရောက်မြန်မာနိုင်ငံသားများ Group Admin က ဝမ်းနည်းစကားဆိုထားသည်။
ထို့အတူ သူမနှင့်အတူ အလုပ်လုပ်ကိုင်သူ “May Thu Kyaw အကောင့်ပိုင်ရှင်ကလည်း မနှင်းဝေလှိုင် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး တရားခံမမိသေးကြောင်း၊ ရည်းစားဖြစ်သူက သတ်ဖြတ်သွားသည်ဟု ယူဆကြောင်း၊ CCTV မှတ်တမ်းတွင် အတူလာနေသူရည်းစားမှာ သူမအားတစ်ဦးတည်းထားပြီးထွက်သွားကြောင်း ရေးသားထားသလို “ဟုတ်ပါတယ် ကျွန်မနဲ့ညီမတွေလိုပေါင်းလာတာပါ။
၂၀၁၉ ထဲကပါ။ အခုလည်းမပြန်ဖို့တားခဲ့ပါတယ်။ အချစ်စိတ်မွှန်နေကြတာ ပြောလို့ကိုမရဘူးရယ်။ အရင်တစ်ခေါက်ကလည်း သူကြည့်တဲ့အဖွားက ခွင့်ပေးလို့ ပြန်သွားသေးတယ်။
ရန်ကုန်မှာသူရည်းစားနဲ့အတူသွားနေခဲ့တယ်။ အခုက ဘာကြောင့်သတ်ရတာလည်းဆိုတာ ကျွန်မကိုယ်တိုင်တောင်နားမလည်တော့ဘူး။ Sunday ကသူသတင်းကြားရတော့ ယုံတောင်မယုံဘူး အခုမှ သူအမျိုးတွေလာပြောလို့”ဟုလည်း မှတ်ချက်ပြုထားသည်။
ထို့အပြင် မမေသူကျော်တင်ထားသည့်ရုပ်သံဖိုင်တစ်ခုတွင် သတ်ဖြတ်ခံရသူ မနှင်းဝေလှိုင် မြန်မာနိုင်ငံမပြန်မီ ဇန်နဝါရီ ၄ ရက်က လေးနှစ်တာစုဆောင်းထားသော လုပ်အားခများကို မူဗီရိုက်ကာ ပြသထားပြီး သူမ၏ မူဗီနှင့်ရေတွက်မှုများအရ စင်ကာပူဒေါ်လာ ၅၀၀၀ နှင့် ၁၂၀၀၀ အကြား မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း သိရပြီး အဆိုပါငွေများအကုန် လုယက်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ မနှင်းဝေလှိုင်သတ်ဖြတ်ခံရမှုနှင့် ရည်းစားဖြစ်သူမှာ လူမှုကွန်ရက်တွင် စွပ်စွဲနေသကဲ့သို့ သတ်ဖြတ်ခြင်းဟုတ် မဟုတ်အပါအဝင် အသေးစိတ်အချက်အလက်များကို MT News သတင်းဌာနက ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
#myanmar_transparency_news
ပုံစာ။ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော မှတ်ချက်များ
Zawgyi
ယုတ္မာရက္စက္လိုက္တာ‼️ေကာင္မေလးခမ်ာ မဂၤလာေဆာင္ဖို႔ ဖိတ္စာပါႀကိဳရိုက္သြားခဲ့တာ..တဲ့..ခုေတာ့??
စင္ကာပူတြင္ အလုပ္လုပ္ကိုင္ေနေသာ အမ်ိဳးသမီး ျမန္မာနိုင္ငံျပန္လာၿပီး ရည္းစားျဖစ္သူႏွင့္ လွိုင္သာယာတည္းခိုခန္းတြင္ ေတြ႕ဆုံစဥ္ ဓားျဖင့္ထိုး သတ္ျဖတ္ခံရကာ ပါလာသည့္ ေရႊ၊ ေငြႏွင့္ ဖုန္းမ်ား လုယက္ခံရမႈျဖစ္ပြား
စင္ကာပူနိုင္ငံတြင္ အိမ္အကူအျဖစ္ အလုပ္လုပ္ကိုင္ေနေသာ အမ်ိဳးသမီးတစ္ဦး ျမန္မာနိုင္ငံသို႔ျပန္လာၿပီး ရည္းစားျဖစ္သူႏွင့္ လွိုင္သာယာတည္းခိုခန္းတြင္ ခ်ိန္းဆို ေတြ႕ဆုံစဥ္ ဓားျဖင့္ထိုး သတ္ျဖတ္ခံရကာ ပါလာသည့္ ေရႊ၊ ေငြႏွင့္ ဖုန္းမ်ား လုယက္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္မွာ စင္ကာပူနိုင္ငံတြင္ အလုပ္လုပ္ကိုင္ေနသူ မႏွင္းေဝလွိုင္(ခ) မလျပည့္သည္ ျမန္မာနိုင္ငံရွိ မိဘမ်ားႏွင့္ ေဆြမ်ိဳးမ်ားကို အသိမေပးဘဲ ဇန္နဝါရီ ၅ ရက္တြင္ ျမန္မာနိုင္ငံသို႔ျပန္လာၿပီးေနာက္ လွိုင္သာယာတြင္ ေနထိုင္သည့္ ပထမအႀကိမ္ေတြ႕ဆုံဖူးေသာ
ရည္းစားျဖစ္သူ ကိုေအာင္သူရိန္ႏွင့္အတူ လွိုင္သာယာ၊ စက္မႈဇုန္ (၁) တပင္ေရႊထီးတာဝါအနီးရွိ တည္းခိုခန္းတစ္ခုသို႔ လိုက္ပါခဲ့ၿပီးေနာက္ ဇန္နဝါရီ ၆ ရက္တြင္ အဆိုပါ အမ်ိဳးသားျဖစ္သူတစ္ဦးတည္းျပန္ထြက္သြားၿပီးေနာက္ရက္တြင္မွ အဆိုပါအမ်ိဳးသမီးမွာ
တည္းခိုခန္းအတြင္း ဓားဒဏ္ရာ ၁၂ ခ်က္ျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိရျခင္းျဖစ္ၿပီး အိမ္အကူလုပ္ကိုင္ၿပီး အဆိုပါအမ်ိဳးသားႏွင့္ လက္ထက္ရန္စုေဆာင္းလာသည့္ စင္ကာပူေဒၚလာမ်ား၊ ေရႊမ်ားႏွင့္ ဖုန္းမ်ားအားလုံး လုယက္ခံရကာ ေပ်ာက္ရွေနသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။
“ပထမအႀကိမ္မွာလည္း အဲဒီေကာင္ေလးနဲ႔ သြားေတြ႕ၿပီးသား။ စင္ကာပူကို သူျပန္လာၿပီး ယူၾကမယ္ဆိုၿပီး ပိုက္ဆံစုၿပီး ဒီႏွစ္ကုန္မဂၤလာေဆာင္ဖို႔ ဖိတ္စာပါသူႀကိဳရိုက္သြားခဲ့တာ။ သူျမန္မာနိုင္ငံျပန္လာတာကို သူ႔မိဘလည္း မသိဘူး။ ရန္ကုန္က သူ႔အေဒၚလည္း မသိဘူး။ ေနာက္ၿပီး ေသေနတာကိုလည္း တည္းခိုခန္းက မသိဘူး။
CCTV ျပန္ၾကည့္ေတာ့မွ ဇန္နဝါရီ ၅ ရက္မွာ အဲဒီေကာင္ေလးနဲ႔ ဝင္လာတယ္။ ဇန္နဝါရီ ၆ ရက္မွာ ေကာင္ေလးကတစ္ေယာက္တည္းျပန္ထြက္သြားၿပီး ေနာက္ရက္က်မွ ေကာင္မေလးက ဓားဒဏ္ရာဗရပြနဲ႔ေသေနတာကို ေတြ႕ရတာ။
စင္ကာပူမွာ အိမ္အကူလုပ္ၿပီး စုသြားတဲ့ေငြေတြ၊ သူဝယ္ထားတဲ့ေရႊေတြ၊ ဖုန္းေတြ အကုန္လုယက္သြားေပမဲ့ အတိအက်ေတာ့ ဘယ္သူမွမသိဘူး။ သူ႔မိဘလည္း ေထာက္ပံ့မႈမရွိဘူးလို႔ဘဲ သိရတယ္” ဟု အဆိုပါျဖစ္စဥ္ကို သိရွိသူတစ္ဦးကေျပာသည္။
လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ့ေနေသာ သူမ၏ ဖိတ္စာအရ ရည္းစားျဖစ္သူ ကိုေအာင္သူရိန္မွာ မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္၊ စမ္းကေလးေက်းရြာမွျဖစ္ၿပီး သူမသည္ ဧရာဝတီတိုင္းေဒသႀကီး၊ ငပုေတာၿမိဳ႕နယ္၊ ကြင္းဝိုင္းေက်းရြာေနသူျဖစ္ကာ စင္ကာပူနိုင္ငံတြင္ အိမ္အကူအျဖစ္လုပ္ကိုင္ေနသူျဖစ္သည္။ ထို႔အတူ သူမသည္ NUG ႏွင့္ PDF မ်ားကို ကူညီေထာက္ပံ့ေနသည့္ ေထာက္ပို႔တစ္ဦးလည္းျဖစ္သည္ဟု သိရသည္။
“စလုံး အလုပ္လုပ္ၿပီး ၅ ရက္ေန႔က ျမန္မာျပည္ျပန္သြားတဲ့ ေကာင္မေလး။ ၆ ရက္ေန႔က်ေတာ့ လွိုင္သာယာက Hotel ဓားထိုးခ်က္ ၁၂ ခ်က္နဲ႔ ေသဆုံးေနခဲ့တယ္။ မိဘ အိမ္မျပန္ဘဲ Online က ေတြ႕တဲ့ ရည္စား နဲ႔ အရင္ သြားေတြ႕ခဲ့တယ္လို႔ဆိုတယ္။ စုေဆာင္းၿပီး ယူလာတဲ့ ေဒၚလာေတြ ေရႊ နဲ႔ ဖုန္း ေတြကို သတ္ၿပီး ယူသြားတယ္ ဆိုတယ္။
ၾကားရတဲ့ သတင္းက စိတ္မေကာင္းစရာပါ။ အပင္ပန္းခံ ႀကိဳးစားလုပ္ၿပီး စုေဆာင္း ျပန္ကာမွ လုပ္ခဲ့သမၽွေတြေကာ ခႏၶာကိုယ္ေကာ ေပးဆပ္သြားလိုက္ရတာပါ။ ဝဠ္ေႂကြးရွိရင္ ဒီဘဝ ေက်ပါေစလို႔ စင္ကာပူေရာက္ ျမန္မာနိူင္ငံသားမ်ား group ကိုယ္စား ဆုေတာင္းေပးပါတယ္” ဟု Michael Maw အေကာင့္ပိုင္ရွင္ စင္ကာပူေရာက္ျမန္မာနိုင္ငံသားမ်ား Group Admin က ဝမ္းနည္းစကားဆိုထားသည္။
ထို႔အတူ သူမႏွင့္အတူ အလုပ္လုပ္ကိုင္သူ “May Thu Kyaw အေကာင့္ပိုင္ရွင္ကလည္း မႏွင္းေဝလွိုင္ သတ္ျဖတ္ခံရမႈႏွင့္ပတ္သက္ၿပီး တရားခံမမိေသးေၾကာင္း၊ ရည္းစားျဖစ္သူက သတ္ျဖတ္သြားသည္ဟု ယူဆေၾကာင္း၊ CCTV မွတ္တမ္းတြင္ အတူလာေနသူရည္းစားမွာ သူမအားတစ္ဦးတည္းထားၿပီးထြက္သြားေၾကာင္း ေရးသားထားသလို “ဟုတ္ပါတယ္ ကၽြန္မနဲ႔ညီမေတြလိုေပါင္းလာတာပါ။
၂၀၁၉ ထဲကပါ။ အခုလည္းမျပန္ဖို႔တားခဲ့ပါတယ္။ အခ်စ္စိတ္မႊန္ေနၾကတာ ေျပာလို႔ကိုမရဘူးရယ္။ အရင္တစ္ေခါက္ကလည္း သူၾကည့္တဲ့အဖြားက ခြင့္ေပးလို႔ ျပန္သြားေသးတယ္။
ရန္ကုန္မွာသူရည္းစားနဲ႔အတူသြားေနခဲ့တယ္။ အခုက ဘာေၾကာင့္သတ္ရတာလည္းဆိုတာ ကၽြန္မကိုယ္တိုင္ေတာင္နားမလည္ေတာ့ဘူး။ Sunday ကသူသတင္းၾကားရေတာ့ ယုံေတာင္မယုံဘူး အခုမွ သူအမ်ိဳးေတြလာေျပာလို႔”ဟုလည္း မွတ္ခ်က္ျပဳထားသည္။
ထို႔အျပင္ မေမသူေက်ာ္တင္ထားသည့္႐ုပ္သံဖိုင္တစ္ခုတြင္ သတ္ျဖတ္ခံရသူ မႏွင္းေဝလွိုင္ ျမန္မာနိုင္ငံမျပန္မီ ဇန္နဝါရီ ၄ ရက္က ေလးႏွစ္တာစုေဆာင္းထားေသာ လုပ္အားခမ်ားကို မူဗီရိုက္ကာ ျပသထားၿပီး သူမ၏ မူဗီႏွင့္ေရတြက္မႈမ်ားအရ စင္ကာပူေဒၚလာ ၅၀၀၀ ႏွင့္ ၁၂၀၀၀ အၾကား ျမန္မာနိုင္ငံသို႔ ျပန္လည္သယ္ေဆာင္သြားခဲ့ေၾကာင္း သိရၿပီး အဆိုပါေငြမ်ားအကုန္ လုယက္ခံခဲ့ရေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ မႏွင္းေဝလွိုင္သတ္ျဖတ္ခံရမႈႏွင့္ ရည္းစားျဖစ္သူမွာ လူမႈကြန္ရက္တြင္ စြပ္စြဲေနသကဲ့သို႔ သတ္ျဖတ္ျခင္းဟုတ္ မဟုတ္အပါအဝင္ အေသးစိတ္အခ်က္အလက္မ်ားကို MT News သတင္းဌာနက ဆက္လက္စုံစမ္းေနၿပီး ထပ္မံသိရွိရသည္မ်ားကို ဆက္လက္ေဖာ္ျပေပးမည္ျဖစ္သည္။
#myanmar_transparency_news
ပုံစာ။ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ့ေနေသာ မွတ္ခ်က္မ်ား