ဇန်နဝါရီ ၉မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ နာရေးပို့မည့်ကား ချောက်ထဲထိုးကျရာမှ ယာဉ်ပေါ်လိုက်ပါလာသူအချို့
ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များရဲ့ သတင်းများအရ သိရပါတယ်
အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီလ ၈ရက်နေ့ နေ့လည် ၂နာရီ ၄၀မိနစ်အချိန်က မော်လမြိုင်မြို့နယ်၊
သွေးသောက်ရပ်ကွက်မှာ နာရေးပို့မည့်ကား ချောက်ထဲထိုးကျမှု ဖြစ်ပွားခဲ့တာပါ
ထိုနာရေးပို့မည့်ကားသည် ယာဉ်မောင်းမရှိချိန် ဂီယာပြုတ်ကာ ချောက်ထဲထိုးကျခဲ့ခြင်းဖြစ်ပြီး ကလေးငယ်အပါအဝင်
ယာဉ်ပေါ်လိုက်ပါလာသူအချို့ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်
နာရေးပို့မည့်ကား ချောက်ထဲထိုးကျခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက
လိုအပ်သည်များ ပြုစုပေးပြီး မော်လမြိုင်ဆေးရုံကြီးသို့ လူနာတင်ယာဉ် ၃စီးဖြင့် ပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်

crd