ကိုယ်ဝန်ရှိနေသူကို ခိုးရာလိုက်ခိုင်းသည့်ကိစ္စ စုံစမ်းရာက အဖိုးက သားမယား…See More

ဘိုကလေးမြို့၌ ကိုယ်ဝန်ရှိနေသည့် မိန်းကလေးကို ခိုးရာလိုက်ခိုင်းသည့်ကိစ္စအား စုံစမ်းရာက အဖိုးဖြစ်သူက သားမယားပြုကျင့်မှုပေါ်ပေါက်သဖြင့်

ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ဇန်နဝါရီ ၁၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။ဇန်နဝါရီ ၁၆ ရက် ညနေ ၄ နာရီခွဲအချိန်တွင် ဘိုကလေးမြို့နယ်

ကြိမ်ချောင်းကြီးအုပ်စုနေ အသက် (၃၂)နှစ်အရွယ် တိုင်တန်းသူအမျိုးသမီး နေအိမ်တွင်ရှိနေစဉ် တိုင်တန်းသူ၏ အသက် ၁၅ နှစ်အရွယ် သမီး၌ ကိုယ်ဝန်ရှိနေကြောင်းနှင့် သမီးဖြစ်သူမှာ တစ်ရွာတည်းနေသူ အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်နေကြောင်း

ကျေးရွာဘုန်းကြီးကျောင်း၌ သံဃာစိစစ်ရေးကတ်မရှိဘဲ ရဟန်းဝတ်နေသည့် (တိုင်တန်းသူ၏ ခင်ပွန်းဘက်မှ ဖခင်ဖြစ်သူ) ဦးကုသလ(ခ)ဦးကျော်စိုး(၆၆)နှစ်က သမီးဖြစ်သူနှင့်

၎င်း၏ချစ်သူတို့ နှစ်ဦးအား ဘယ်သူမှမသိအောင် ခိုးရာလိုက်ပြေးရန်တိုက်တွန်းနေကြောင်း တိုင်တန်းသူ၏ ညီမ တော်စပ်သူက လာရောက် ပြောပြခဲ့သည်။

တိုင်တန်းသူက အသက် ၁၅ နှစ်အရွယ် သမီးကို မေးမြန်းရာ ၎င်းတွင် အမှန်တကယ်ကိုယ်ဝန်ရှိနေကြောင်း၊ ယင်းကိုယ်ဝန်မှာ ဦးကုသလ(ခ)ကျော်စိုး(၆၆)နှစ်က အလိုမတူဘဲ ၎င်းကို သားမယားပြုကျင့်ရာမှ ရသော ကိုယ်ဝန်ဖြစ်ကြောင်း ပြောပြသိရသည်

တိုင်တန်းသူက အသေးစိတ်မေးမြန်းခဲ့ရာ သမီးဖြစ်သူမှာ ဦးကုသလ(ခ)ကျော်စိုးထံ ဝေယျာဝစ္စလုပ်ကိုင်ပေးရန် သွားရောက်စဉ် ၂၀၂၀ ခုနှစ် စက်တင်ဘာလမှစတင်ကာ ဦးကုသလ(ခ)ကျော်စိုးက

သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ပြန်ပြောပါက”သတ်ပစ်မယ်”ဟုခြိမ်းခြောက်ထားသောကြောင့် မပြောရခြင်းဖြစ်ကြောင်း ပြောပြသိရသည်ဆိုကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်

ကြိမ်ချောင်းကြီး နယ်မြေရဲစခန်း (ပ)၄/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်စစ်ဆေးလျက်ရှိသည်။

Zawgyi

crd

Leave a Reply

Your email address will not be published. Required fields are marked *