The reference price of the Yangon Gold Industry Association rose to more than 2200,000 kyats, and the world gold price came close to around $1,900 per ounce.
At the opening of the local gold market today, the gold reference price rose to more than 2200,000 kyat per kyat, according to the price released by the Yangon Region Gold Industry Association (YGEA).
The reference price of gold, which was around 2100,000 kyats two days ago, rose to 211,300 kyats per piece of light gold on January 9th. When the price of gold rose again, gold shops stopped responding to the price of gold on the phone today.
According to the gold market, they come to the shop themselves to negotiate the price, and the outside gold price is around 2,750,000 kyats per 16 pea syrup.
YGEA Chairman U Myo Myint said that with the rise in global gold prices, the Chinese New Year is approaching, and the price of gold has risen, and the price will go down later.
According to the statement of the Yangon Gold Association, today’s world gold price is 1,877 dollars per ounce, which is 13 dollars higher than when the market closed last week.
According to the current market situation, there is no possibility of the gold price falling below the 20 lakh kyat level.
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း၏ရည်ညွှန်းစျေး ကျပ် ၂၂သိန်းကျော်ထိမြင့်တက်ပြီး ကမ္ဘာ့ရွှေစျေး တစ်အောင်စ ဒေါ်လာ ၁၉၀၀ ဝန်းကျင်နားကပ်လာ
ယနေ့ပြည်တွင်းရွှေဈေးကွက်အဖွင့်မှာရွှေရည်ညွှန်းဈေးမီးလင်းရွှေတစ်ကျပ်သားကိုကျပ် ၂၂ သိန်းကျော်အထိမြင့်တက်လာခဲ့တယ်လို့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကထုတ်ပြန်တဲ့ဈေးအရသိရပါတယ်။
နှစ်ဦးကာလကျပ် ၂၁ သိန်းကျော်ဝန်းကျင်မှာရှိခဲ့တဲ့ ရွှေရည်ညွှန်းဈေးက ဇန်နဝါရီ ၉ ရက်မှာ မီးလင်းရွှေတစ်ကျပ်သားရည်ညွှန်းဈေး ၂၂၁၁၃၀၀ ကျပ်ကိုမြင့်တက်လာခဲ့ပါတယ်။ရွှေဈေးနှုန်းပြန်တက်လာချိန်မှာရွှေဆိုင်တွေကတော့ဒီနေ့ ရွှေရောင်းဝယ်တဲ့ဈေးကိုဖုန်းနဲ့ဖြေကြားပေးတာမျိုးမလုပ်တော့ဘဲ
ဆိုင်ကို ကိုယ်တိုင်လာမှဈေးနှုန်းညှိနှိုင်းဝယ်ရောင်းပေးတာမျိုးလုပ်ဆောင်ပေးနေတာဖြစ်ပြီး ပြင်ပရွှေဈေး ၁၆ပဲရည်တစ်ကျပ်သားကို ၂၇၅၀၀၀၀ ကျပ်ဝန်းကျင်မှာရှိတယ်လို့ရွှေဈေးကွက်ကနေသိရပါတယ်။
ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုနဲ့အတူ တရုတ်နှစ်သစ်ကူးနီးလာတဲ့အတွက်ရွှေဈေးတန်းမြင့်လာတာဖြစ်ပြီး နောက်ပိုင်းဈေးပြန်ကျသွားမှာဖြစ်တယ်လို့ YGEA ဥက္ကဌ ဦးမျိုးမြင့်ကပြောပါတယ်။
ရန်ကုန်ရွှေအသင်းရဲ့ထုတ်ပြန်ချက်အရဒီနေ့ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၈၇၇ ဒေါ်လာဖြစ်ပြီးပြီးခဲ့တဲ့အပတ်ဈေးကွက်ပိတ်ချိန်ကထက် ၁၃ ဒေါ်လာလောက်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ဈေးကွက်အခြေအနေအရ ရွှေဈေးကကျပ် သိန်း ၂၀ ဈေးတန်းအောက်ပြန်လည်ကျဆင်းနိုင်ခြေမရှိဘူးလို့ရွှေလုပ်ငန်းရှင်အချို့ကတော့သုံးသပ်ထားပါတယ်။
crd