လောင်းလုံးတွင် ရွေးကောက်ပွဲအတွက် မဲစာရင်းလိုက်လံကောက်ယူနေသည့် စစ်ကောင်စီ လက်အောက်ခံများ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ရဲ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ
ဧရာဝတီတိုင်းမ်
(လောင်းလုံး)၊ ဇန်နဝါရီလ ၉ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာတွင် ယနေ့ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ယူနေသည့် စစ်ကောင်စီလက်အောက်ခံအုပ်စုအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force အဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီ၏ တရားမဝင်ရွေးကောင်ပွဲအတွက် မဲစာရင်းများလိုက်လံကောက်ယူနေသည့် ကမြောကင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံအဖွဲ့နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် ၉ ဦးအားပစ်ခတ်ခဲ့ရာတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
“အခုပစ်ခတ်ခဲ့တဲ့အဖွဲ့က ကမြောကင်းကျေးရွာကအုပ်ချုပ်ရေးမှူးရုံးကစာရင်းလိုက်ကောက်နေတဲ့အဖွဲ့၊ သူတို့ကိုလုံခြုံရေးယူပေးတဲ့ လက်နက်ကိုင် ရဲ၂ ယောက်ကို ပစ်ခတ်ခဲ့တာ၊ သေသွားတဲ့တယောက်က မောင်းမကန်ရဲစခန်းကလို့လဲကြားတယ်၊
ကျွန်တော်တို့ပစ်ခတ်မှုပြီးတော့ တခြားရွာတွေမှာ စာရင်းကောက်ယူနေတာတွေလည်း ရပ်လိုက်တယ်လို့ကြားတယ်။” ဟု Dawei Guerrilla Revolutionary Forceတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်မှုအတွင်း Ak 47 သေနတ်တစ်လက်နှင့် ကျည်အချို့သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီမှ ကမြောကင်းတံတားအားနာရီအတော်ကြာပိတ်ဆို့၍ စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို DGRFနှင့် Launglone People Defense Force – LLPDFတို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများကိုDGRF ပူးပေါင်းတပ်ဖွဲ့မှ လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း သတိပေးထုတ်ပြန်ထားပါသည်။
Ayeyarwaddy_Times