စစ်ကိုင်းတိုင်းဒေသကြီးကောလင်းမြို့ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ဖို့ပြင်ဆင်ရင်းအမျိုးသမီးရဲဘော်၂ဦးကျဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့KawLin Revolution-KRက သိရပါတယ်
အခုလ၇ရက်က ကောလင်းမြို့ပတ်လည်ကို ထိုးနေတဲ့ စစ်ကောင်စီစစ် ကြောင်းဟာ ကျို့ခုံါးရုံခုံ ရွာကနေမင်းချမ်းတဲကြီးကုန်းကို စစ်ကြောင်းထိုးလာချိန်မှာ တိုက်ခိုက်ဖို့အတွက် ရဲမေ၂ဦးက လက်လုပ်မိုင်းသယ် ဆောင်ပြီး သွားခဲ့တာဖြစ်ပါတယ်
အဲ့ဒီမှာ ကြိုရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး စစ်ဆေးဖို့လုပ်တဲ့အချိန်မှာ ရဲမေ၂ဦးက အသေခံ ဗုံးဖောက်ခွဲခဲ့တာဖြစ်တယ်လို့ KR Teamsက BurmaVJကို အတည်ပြုပြောပါတယ်
အမျိုးသမီးရဲဘော်နှစ်ဦးဟာ လက်လုပ်မိုင်းကို သယ်လာရင်းဆိုင်ကယ်တစ်စီးနဲ့ စစ်ကြောင်းရှေ့ကိုကြိုပီးရောက်နှင့်အောင် မောင်းခဲ့ကြတယ်မထင်မှတ်ပဲ ခွေးစစ်ကြောင်းရှေ့ပွိုင့်နဲ့တိုးရာမှာ ဆိုင်ကယ်ရပ်ခိုင်းပီး စစ်ဆေးဖို့လုပ်ချိန်ပါလာတဲ့မိုင်းနဲ့ ရီမုကို နှိပ်ခွဲကာ ခွေးကိုအပါခေါ်ဖို့နောက်ဆုံးလုပ်ဆောင်သွားခဲ့ကြတယ်
လေးစားပါတယ်ရဲဘော် အသက်နဲ့ရင်းပီးတော်လှန်ရေးကို ဖော်ဆောင်ခဲ့လို့ ။အမျိုးသမီးတွေကအားနွဲ့တယ် တဲ့။ ဘယ်နားများအားနွဲ့သွားသလည်းဗျာလို့ KR Teams က ဖော်ပြထားပါတယ်
အသေခံဗုံးဖောက်ခွဲခဲ့တဲ့ ရဲမေ၂ဦးဟာ ဒေါ်စုစုရည်အသက်၄၅နှစ်နဲ့ မနှင်းဆီလှိုင်အသက်၂၀နှစ်တို့ ဖြစ် ပြီးလက်ရှိမှာတော့ရဲမေ၂ဦးက ဘယ်အဖွဲ့ကလဲဆိုတာမပြောနိုင်သေးဘူးလို့ KRက ပြောပါတယ်
ဒါ့အပြင် ရဲမေ၂ဦးကျဆုံးပြီးနောက်ရက်မှာ စစ်အုပ်စုက ဒေါ်စုစုရည်အိမ်ကို ချိတ်လာပိတ်သွားပြီး အိမ်ထဲ မှာ သေနတ်နဲ့ပစ်ဖောက်ကာရိုက်ချိုးဖျက်ဆီးခဲ့ကြောင်းနဲ့ မိသားစုဝင်တွေကတော့ လက်ရှိမှာဘေးကင်းတယ်လို့လည်း သိရပါတယ်အသေခံဗုံးခွဲရင်းကျဆုံးခဲ့သည့် ဒေါ်စုစုရည်
Crd