PDFတပ်‌တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ စခတေ ကို ရဟတ်ယာဉ်နဲ့လာကယ်ထုတ်နေရ

ဆားလင်းကြီးမှာ PDFတပ်‌တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခြင်းကိုခံထားရတဲ့ စစ်တပ်စစ်ကြောင်းကို ရဟတ်ယာဉ်နဲ့လာကယ်ထုတ်ဇန်နဝါရီ ၉၊ The Nation Voice

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမှာ ဒေသခံ(PDF)တပ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခြင်းကိုခံထားရပြီး ပိတ်မိနေတဲ့ စစ်တပ်စစ်ကြောင်းကို စကစဘက်က မနေ့ ဒီဇင်ဘာ(၈)ရက်မှာ ရဟတ်ယာဉ်(၂)စီးနဲ့ လာကယ်ထုတ်သွားတယ်လို့ သိရပါတယ်

မနေ့က ကိုင်းရွာနဲ့မကျီးတစ်ထောင်ရွာကြားထဲကတောပြင်မှာ ပိတ်မိနေတဲ့ အင်အား(၈၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းကို စကစဘက်က Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်(၁)စီး၊ရိုးရိုးထောက်ပို့ ရဟတ်ယာဉ်(၁)စီးတို့နဲ့ လာရောက်ကယ်ထုတ်သွားတယ်လို့ Eagle Defense Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်လေးက The Nation Voice ကိုပြောပါတယ်

“ခွေးတွေက ပိတ်မိနေတာ အင်အား(၈၀)ကျော်ကို လေယာဥ်နဲ့လာခေါ်သွားတာ ရိုးရိုးထောက်ပို့(၁)စီး၊ Mi35 တိုက်ခိုက်ရေးယာဥ်(၁)စီး (၂)စီးပါဗျ။ပစ်ခတ်မှုတော့မလုပ်ခဲ့ပါဘူး၊ ပိတ်မိနေတဲ့ ခွေး(၈၀)ကျော်ကို ရိုးရိုး(၁)စီးကမြေပြင်ထိဆင်းပြီးလာခေါ်တယ်။ခေါ်ဆောင်နေချိန် Mi35 က ဝေဟင်ကနေပတ်ပြီး လုံခြုံရေးယူပေးတယ်”လို့ ကိုအောင်လေးက ပြောပါတယ်

ဒေသခံ(PDF)တပ်တွေဘက်က တောင်အမြင့်နဲ့မြေပြင်တွေမှာ နေရာယူထားနိုင်ခဲ့ပေမဲ့ စစ်တပ်ဘက်က Mi35‌ တိုက်ခိုက်ရေးရဟတ်ယာဉ်ပါတာကြောင့် တိုက်ပွဲမဖြစ်ပွားခဲ့ဘူးလို့လည်း ဆိုပါတယ်

“ကျနော်တို့က တောင်အမြင့်တွေပေါ်မှာရော မြေပြင်မှာရော အားလုံးနေရာယူခဲ့တာပါ။လေယာဥ်သာမလာရင် အဲ့စစ်ကြောင်းကို ၇၅%လောက်ထိ အသာစီးတိုက်ရမှာပါ။ကျနော်တို့ဘက်ကသာ စတင်ပစ်ခတ်ခဲ့ရင် လေယာဥ်နဲ့သူတို့ကပစ်မှာ လေယာဥ်နဲ့ပစ်ခတ်ရင် ကျနော်တို့ဘက်ကအထိပိုနာမှာမို့ ဒီတိုင်းငြိမ်နေရတာပါ”လို့ ကိုအောင်လေးက TNV ကိုပြောပြပါတယ်

ဒါ့အပြင် အဲ့ဒီစစ်တပ် စစ်ကြောင်းဟာ ပြန်မထွက်ခင်မှာ ကိုင်းရွာကိုမီးရှို့သွားကြောင်းနဲ့ ခုလက်ရှိမှာတော့ မရှိတော့ကြောင်းကိုလည်း သိရပါတယ်

crd

Leave a Reply

Your email address will not be published. Required fields are marked *