PDFတပ္ဖြဲ႕၏ ဒ႐ုန္းမ်ားကို ေၾကာက္႐ြံ႕၍ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး ေလတပ္ႏွင့္ ေလဆိပ္ မ်ားတြင္ JAMMER မ်ားတပ္ဆင္

PDFတပ္ဖြဲ႕၏ ဒ႐ုန္းမ်ားကို ေၾကာက္႐ြံ႕၍ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး ေလတပ္ႏွင့္ ေလဆိပ္ မ်ားတြင္ ဒ႐ုန္းထိန္းခ်ဳပ္မႈ ျဖတ္ေတာက္သည့္ Jammer မ်ား စစ္ေကာင္စီက တပ္ဆင္

ရန္ကုန္၊ ဇန္နဝါရီ ၉

အၾကမ္းဖက္စစ္ေကာင္စီက ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး ေလတပ္ႏွင့္ေလဆိပ္မ်ားတြင္ ဒ႐ုန္း မ်ား၏ ထိန္းခ်ဳပ္မႈကို ျဖတ္ေတာက္သည့္ Jammer မ်ား တပ္ဆင္ၿပီးစီးၿပီျဖစ္ေၾကာင္း စစ္တပ္ သတင္းရင္းျမစ္တခ်ိဳ႕ထံမွ သိရွိရသည္

စစ္ေကာင္စီက ေလတပ္မ်ားအေပၚသို႔ PDF တပ္မ်ား၏ ဒ႐ုန္းျဖင့္ ဗုံးက်ဲမႈ၊ဒ႐ုန္းျဖင့္ ေထာက္လွမ္း မႈမ်ားကို ႀကိဳတင္ကာကြယ္ရန္ႏွင့္ ေၾကာက္လန႔္သည့္အတြက္ ဒ႐ုန္္ထိန္းခ်ဳပ္မႈစနစ္ကို ျဖတ္ ေတာက္ သည့္ Jammer မ်ား တပ္ ဆင္လိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္

ေလတပ္မ်ားသာမက ေလဆိပ္မ်ားတြင္ပါ ဒ႐ုန္းထိန္းခ်ဳပ္မႈ ျဖတ္ေတာက္သည့္ Jammer မ်ား တပ္ ဆင္ ျခင္းျဖစ္၍ ခရီးသည္တင္ေလယာဥ္မ်ား၏ အဆင္း၊ အတက္ တာဝါတိုင္ႏွင့္ ဆက္သြယ္ မႈမ်ား အေပၚ အေႏွာင့္အယွက္မ်ားျဖစ္ေစေၾကာင္း၊ သို႔ရာတြင္ စစ္ေကာင္စီက လုံၿခဳံေရးအတြက္ အထူး ဦးစားေပးသျဖင့္ Safety ပိုင္းတြင္ အားနည္းခ်က္မ်ားစြာ ျဖစ္ေပၚေနေၾကာင္း ေလေၾကာင္း သတင္း ရင္းျမစ္တခ်ိဳ႕က ဆိုသည္

“ေလတပ္ေနရာတိုင္း jammer ေတြလိုက္တပ္ေနတယ္။ အရင္က ဟန္ကာမွာပဲ တပ္တာ။ ေလတပ္ ထဲက ဖုန္းလိုင္းေတြပါ မေကာင္းေတာ့ဘူးျဖစ္ေနတယ္ ဒ႐ုန္းပစ္ခ်တဲ့စနစ္ေတြလည္း တပ္ထားတယ္” ဟု ေလတပ္သတင္းရင္းျမစ္က ေျပာသည္


ေလတပ္အတြင္းသို႔ ေရွာ့တိုက္ဒုံးမ်ား၊ လက္နက္ႀကီးမ်ား မၾကာခဏ ပစ္ခတ္ေနျခင္းေၾကာင့္ ေလတပ္ အတြင္းတြင္ လုံၿခဳံေရး အတြက္ ဘန္ကာက်င္းမ်ား တူးေဖာ္ထားၿပီး ဗုံးခိုက်င္းပုံစံမ်ားလည္း တူးထား ၾကေၾကာင္း ေလတပ္သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္


ဓာတ္ပုံ- စစ္ေကာင္စီ၏ ေလတပ္တစ္ခု

PDFတပ်ဖွဲ့၏ ဒရုန်းများကို ကြောက်ရွံ့၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး လေတပ်နှင့် လေဆိပ် များတွင် ဒရုန်းထိန်းချုပ်မှု ဖြတ်တောက်သည့် Jammer များ စစ်ကောင်စီက တပ်ဆင်


ရန်ကုန်၊ ဇန်နဝါရီ ၉

အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်၊ ရန်ကုန်၊ မန္တလေး လေတပ်နှင့်လေဆိပ်များတွင် ဒရုန်း များ၏ ထိန်းချုပ်မှုကို ဖြတ်တောက်သည့် Jammer များ တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း စစ်တပ် သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်

စစ်ကောင်စီက လေတပ်များအပေါ်သို့ PDF တပ်များ၏ ဒရုန်းဖြင့် ဗုံးကျဲမှု၊ဒရုန်းဖြင့် ထောက်လှမ်း မှုများကို ကြိုတင်ကာကွယ်ရန်နှင့် ကြောက်လန့်သည့်အတွက် ဒရုန််ထိန်းချုပ်မှုစနစ်ကို ဖြတ် တောက် သည့် Jammer များ တပ် ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်

လေတပ်များသာမက လေဆိပ်များတွင်ပါ ဒရုန်းထိန်းချုပ်မှု ဖြတ်တောက်သည့် Jammer များ တပ် ဆင် ခြင်းဖြစ်၍ ခရီးသည်တင်လေယာဉ်များ၏ အဆင်း၊ အတက် တာဝါတိုင်နှင့် ဆက်သွယ် မှုများ အပေါ် အနှောင့်အယှက်များဖြစ်စေကြောင်း၊ သို့ရာတွင် စစ်ကောင်စီက လုံခြုံရေးအတွက် အထူး ဦးစားပေးသဖြင့် Safety ပိုင်းတွင် အားနည်းချက်များစွာ ဖြစ်ပေါ်နေကြောင်း လေကြောင်း သတင်း ရင်းမြစ်တချို့က ဆိုသည်


“လေတပ်နေရာတိုင်း jammer တွေလိုက်တပ်နေတယ်။ အရင်က ဟန်ကာမှာပဲ တပ်တာ။ လေတပ် ထဲက ဖုန်းလိုင်းတွေပါ မကောင်းတော့ဘူးဖြစ်နေတယ် ဒရုန်းပစ်ချတဲ့စနစ်တွေလည်း တပ်ထားတယ်” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်

လေတပ်အတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်နေခြင်းကြောင့် လေတပ် အတွင်းတွင် လုံခြုံရေး အတွက် ဘန်ကာကျင်းများ တူးဖော်ထားပြီး ဗုံးခိုကျင်းပုံစံများလည်း တူးထား ကြကြောင်း လေတပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်

ဓာတ်ပုံ- စစ်ကောင်စီ၏ လေတပ်တစ်ခု

crd

Leave a Reply

Your email address will not be published. Required fields are marked *