ထိပ်သီးဗဟိုဘဏ်ကြီးတွေက အတိုးနှုန်းတွေ အပြိုင်အဆိုင် မြှင့်တင်နေကြတာရယ်၊ တစ်ကမ္ဘာလုံး စီးပွားရေး ကျဆင်းမယ့်အလားအလာ ရှိနေတာရယ်ကြောင့် ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့ရွှေဈေးဟာ
တစ်အောင်စကို ဒေါ်လာ ၄၀၀၀ အထိ မြင့်တက်လာနိုင်တယ်လို့ Swiss Asia Capital ရဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးအကဲ Juerg Kiener က ခန့်မှန်း ပြောဆိုလိုက်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးဟာတစ်အောင်စကို ဒေါ်လာ ၂၅၀၀ နဲ့ ၄၀၀၀ ကြားအထိ ရောက်ရှိနိုင်တယ်လို့ Juerg Kiener က ပြောဆိုထားပြီး ရွှေဈေး ကြီးကြီးမားမား ရွေ့လျားလှုပ်ရှားလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
သူ့အပြောအရကမ္ဘာ့ရွှေဈေးဟာ ၁၀ -၂၀ % လောက်သာ လှုပ်ရှားမှာ မဟုတ်ဘဲ စံချိန်သစ်တွေ တင်တဲ့အထိ ဖြစ်လာမယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် ပထမသုံးလအတွင်း ကမ္ဘာ့နိုင်ငံအတော်များများဟာစီးပွားရေးကျဆင်းမှုအခြေအေနနဲ့ ရင်ဆိုင်ရနိုင်ပြီး ဗဟိုဘဏ်တွေကလည်း အတိုးနှုန်း ဆွဲတင်ဖို့ကိုသာ အာရုံ ထားနေမှာကြောင့် ရွှေကို စိတ်ဝင်တစား ဝယ်ယူ ရင်းနှီးမြှုပ်နှံလာကြမယ်လို့ Juerg Kiener က ဆိုပါတယ်။
ကမ္ဘာ့ရွှေကောင်စီ WGC ကလည်း ဒီနှစ် ၂၀၂၂ ၊ တတိယသုံးပတ်အတွင်း ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်ယူမှုက တန်ချိန် ၄၀၀ အထိ ရှိခဲ့တာကြောင့် ၂၀၁၈ ခုနှစ်က စံချိန်ဟောင်းထက် နှစ်ဆလောက် ပိုများလာတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်အောင်စကို ၁၈၀၅ ဒေါ်လာဝန်းကျင်မှာ လှုပ်ရှားနေပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ၉ လပိုင်းတုန်းက ၂ နှစ်အတွင်း အနိမ့်ဆုံးထိ ကျခဲ့ပေမဲ့ အခုတော့ ဒေါ်လာ ၂၀၀ နီးပါး ပြန်တက်လာတာလည်း ဖြစ်ပါတယ်။ စာရေးသူ- ဖီးနစ် crd—
ထိပ္သီးဗဟိုဘဏ္ႀကီးေတြက အတိုးႏႈန္းေတြ အၿပိဳင္အဆိုင္ ျမႇင့္တင္ေနၾကတာရယ္၊ တစ္ကမၻာလုံး စီးပြားေရး က်ဆင္းမယ့္အလားအလာ ရွိေနတာရယ္ေၾကာင့္ ၂၀၂၃ ခုႏွစ္မွာ ကမၻာ့ေရႊေဈးဟာ
တစ္ေအာင္စကို ေဒၚလာ ၄၀၀၀ အထိ ျမင့္တက္လာနိုင္တယ္လို႔ Swiss Asia Capital ရဲ့ရင္းႏွီးျမႇုပ္ႏွံမႈဆိုင္ရာ အႀကီးအကဲ Juerg Kiener က ခန႔္မွန္း ေျပာဆိုလိုက္ပါတယ္။
၂၀၂၃ ခုႏွစ္အတြင္း ကမၻာ့ေရႊေဈးဟာတစ္ေအာင္စကို ေဒၚလာ ၂၅၀၀ နဲ႔ ၄၀၀၀ ၾကားအထိ ေရာက္ရွိနိုင္တယ္လို႔ Juerg Kiener က ေျပာဆိုထားၿပီး ေရႊေဈး ႀကီးႀကီးမားမား ေရြ႕လ်ားလႈပ္ရွားလိမ့္မယ္လို႔လည္း သူက ဆိုပါတယ္။
သူ႔အေျပာအရကမၻာ့ေရႊေဈးဟာ ၁၀ -၂၀ % ေလာက္သာ လႈပ္ရွားမွာ မဟုတ္ဘဲ စံခ်ိန္သစ္ေတြ တင္တဲ့အထိ ျဖစ္လာမယ္လို႔ သိရပါတယ္။
၂၀၂၃ ခုႏွစ္ ပထမသုံးလအတြင္း ကမၻာ့နိုင္ငံအေတာ္မ်ားမ်ားဟာစီးပြားေရးက်ဆင္းမႈအေျခေအနနဲ႔ ရင္ဆိုင္ရနိုင္ၿပီး ဗဟိုဘဏ္ေတြကလည္း အတိုးႏႈန္း ဆြဲတင္ဖို႔ကိုသာ အာ႐ုံ ထားေနမွာေၾကာင့္ ေရႊကို စိတ္ဝင္တစား ဝယ္ယူ ရင္းႏွီးျမႇုပ္ႏွံလာၾကမယ္လို႔ Juerg Kiener က ဆိုပါတယ္။
ကမၻာ့ေရႊေကာင္စီ WGC ကလည္း ဒီႏွစ္ ၂၀၂၂ ၊ တတိယသုံးပတ္အတြင္း ဗဟိုဘဏ္ေတြရဲ့ ေရႊဝယ္ယူမႈက တန္ခ်ိန္ ၄၀၀ အထိ ရွိခဲ့တာေၾကာင့္ ၂၀၁၈ ခုႏွစ္က စံခ်ိန္ေဟာင္းထက္ ႏွစ္ဆေလာက္ ပိုမ်ားလာတယ္လို႔ သိရပါတယ္။
လက္ရွိမွာေတာ့ကမၻာ့ေရႊေဈးႏႈန္းဟာ တစ္ေအာင္စကို ၁၈၀၅ ေဒၚလာဝန္းက်င္မွာ လႈပ္ရွားေနပါတယ္။
ကမၻာ့ေရႊေဈးဟာ ၉ လပိုင္းတုန္းက ၂ ႏွစ္အတြင္း အနိမ့္ဆုံးထိ က်ခဲ့ေပမဲ့ အခုေတာ့ ေဒၚလာ ၂၀၀ နီးပါး ျပန္တက္လာတာလည္း ျဖစ္ပါတယ္။ စာေရးသူ- ဖီးနစ္ crd—-