ကားနောက်ခန်းထဲ လူလတ်ပိုင်း အမျိုးသား

မန္တလေးမှာ အမှိုက်ပုံအနီး ရပ်ထားတဲ့ ကားနောက်ခန်းထဲ လူလတ်ပိုင်း အမျိုးသား အလောင်းတွေ့ရှိ၊ ပိုင်ရှင်မပေါ်သေး၊

MFP ၊ ဇန္နဝါရီ – ၈

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ (၃၈)လမ်းပေါ်၊ (၈၇)လမ်းနှင့် (၈၉)လမ်းကြား၊ အမှိုက်ကန်ဘေး ရပ်ထားတဲ့ ကားတစ်စီးရဲ့ နောက်ခန်းထဲမှာ လိုက်ကာနဲ့အုပ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အလောင်း ဒီညပိုင်း တွေ့ရှိခဲ့တယ်လို့ မဟာ – လူမှုကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။

ဒီနေ့ ဇန်နဝါရီ(၈)ရက် ည(၇)နာရီအချိန် အထက်ပါ အမှိုက်ကန်အနီးမှာ လူသေအလောင်း တွေ့ရှိကြောင်း ဖုန်းဆက် အကူအညီတောင်းလို့ သွားရောက်ကူညီပေးခဲ့ရာက ကားနောက်ခန်းထဲမှာ သေဆုံးနေတဲ့ အသက်(၃၅)နှင့်(၄၀)ဝန်းကျင်ကြားလို့ ခန့်မှန်းရတဲ့ အမျိုးသားတစ်ဦး အလောင်း တွေ့ရှိတာလို့ ဆိုပါတယ်။

ကားကို လော့ချထားပြီး အလောင်းကို လိုက်ကာနဲ့ အုပ်ထားကြောင်းနှင့် ကားထဲမှာ ကျောက်စိမ်းတချို့ တွေ့ရှိပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။

“ကားပေါ် ၌ အမည်မသိ (လူသေအလောင်း) တွေ့ရှိခြင်းနှင့် ထိုသူ၏ မိသားစုများ သိရှိစေရန် တင်ပြခြင်း၊ ….။Honda Fit ခဲရောင် 5D/8886(MDY) ကားအနောက်ခန်းတွင် လိုက်ကာဖြင့် အုပ်ထားသော လူသေအလောင်း (အမျိုးသား) တစ်ဦး တွေ့ရှိရပြီး သက်ဆိုင်ရာ ဌာနနှင့်အတူ လိုအပ်သည်များဆောင် ရွက်၍ ဆေးရုံကြီး ရင်ခွဲရုံဌာနသို့ ပို့ဆောင်ခဲ့ပါသည်။

အမည်မသိ လူသေအလောင်းမှာ ကားနောက်ခန်းတွင် လိုက်ကာအုပ်ထားခြင်း၊ ကားတံခါးလော့အား ချထားခြင်း၊ လည်ပင်းတွင် ဒဏ်ရာရှိခြင်း၊ ကားအတွင်းတွင် ကျောက်စိမ်းအချို့တွေ့ရခြင်း၊ ခန့်မှန်း အသက် (၃၅/၄၀)ဝန်းကျင်ရှိခြင်း၊ ကားနံပါတ်(5D/8886)MDY စသည်ဖြင့် တွေ့ရှိရပြီး ၎င်း၏ မိသားစုများ သိရှိစေရန် ရည်ရွယ်၍ တင်ပြရခြင်းဖြစ်ပါသည်” လို့ မဟာ – လူမှုကယ်ဆယ်ရေး မန္တလေးက ကိုသက်ကြီး က ဖော်ပြထားပါတယ်။

မန္တလေးမှာ ပိုင်ရှင်မဲ့ အလောင်းတွေ မကြာခဏ တွေ့ရှိနေပြီး လွန်ခဲ့တဲ့ လပိုင်းကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ (၇၈)လမ်း (ရန်-မန်း)ကားလမ်းဘေး၊ စစ်အုပ်စု ဂိတ်ရှိတဲ့ မြဝတီဘဏ်နဲ့ မျက်စောင်းထိုးမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံထားရတဲ့ အသက်(၃၀)ဝန်းကျင် အမျိုးသမီးတစ်ဦးရဲ့ အလောင်း တွေ့ရှိခဲ့ပြီး ဒီနေ့အထိ အမှုမပေါ်သေးဘူးလို့ နီးစပ်သူတချို့က ပြောပါတယ်။

ဒီညဦးပိုင်း မန္တလေးမြို့၊ (၃၈)လမ်း၊ (၈၇)လမ်းနှင့် (၈၉)လမ်းကြား၊ အမှိုက်ကန်ဘေး၊ ကားနောက်ခန်းထဲ လိုက်ကာနဲ့အုပ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အလောင်းတွေ့ရစဉ်/Photo – မဟာ လူမှုကယ်ဆယ်ရေး

MFP ၊ ဇန်နဝါရီ – ၈

crd

Leave a Reply

Your email address will not be published. Required fields are marked *