သန်းကြွယ်သူဌေးတွေ အများအပြား စုဝေးရာ အမေရိကန်နိုင်ငံမှာ မြန်မာပြည်သား မီလျံနာတစ်ယောက် ရှိတယ် ဆိုတာ သင်သိပါသလား။ သူ့နာမည်ကတော့ Hissho ဆူရှီလုပ်ငန်းစုရဲ့ ပိုင်ရှင် ဖိလစ်မောင်ပါ။
Hissho ဆူရှီလုပ်ငန်းစုဟာ အမေရိကန်ရဲ့ ဒုတိယမြောက် အကြီးဆုံး ဆူရှီကုမ္ပဏီ ဖြစ်ပါတယ်။ အခုဆိုရင် အမေရိကန်နိုင်ငံ တစ်ဝန်းက လေဆိပ်တွေ၊ တက္ကသိုလ် ကန်တင်းတွေ၊ စူပါမားကတ်တွေ၊ ဆေးရုံတွေနဲ့ အစိုးရရုံတွေမှာ Hishho ဆူရှီ ဆိုင်ခွဲပေါင်း ၂ထောင် ကျော်တောင် ရှိနေပြီပဲ ဖြစ်ပါတယ်။
ဒီလို အောင်မြင်နေတဲ့ လုပ်ငန်းကြီး ဖြစ်လာဖို့ ဖိလစ် အလွယ်တကူ တည်ထောင် ခဲ့ရတာတော့ မဟုတ်ပါဘူး။ 1989 ခုနှစ် အမေရိကန်ကို စပြီး ရောက်လာခဲ့တုန်းက ဖိလစ်မှာ ၁၃ဒေါ်လာပဲ ရှိပါတယ်။ဒါပေမဲ့ ဘဝနာခဲ့သူ ဖိလစ်မှာ အောင်မြင်၊ ကြီးပွားချင်စိတ်ကတော့ အပြည့် ပါလာခဲ့ပါတယ်။ ဒီစိတ်ကပဲ သူ့ကို မီလျံနာတစ်ယောက် ဖြစ်လာဖို့ အဓိက မောင်းနှင် ပေးခဲ့တယ်လို့ ဆိုရမှာပါ။
သူစိမ်းတို့ရဲ့မြေမှာ ဖိလစ်အတွက် အသိဆိုလို့ ဆေးတက္ကသိုလ်က ခင်မင်ခဲ့တဲ့ အမေရိကန်ရောက် ကျောင်းသား တစ်ယောက်သာ ရှိပါတယ်။ ဘယ်သူ့ဆီကမှ အကူအညီရဖို့ လမ်းမရှိတဲ့အဆုံး နေဖို့နဲ့ စားဖို့ကို ဖြေရှင်းနိုင်ရေး တစ်နေ့ကို ၁၆နာရီ နီးပါး ဖိလစ် အလုပ်လုပ်ခဲ့ပါတယ်။ တချို့ရက်တွေဆိုတစ်နေကုန်တောင် အလုပ်လုပ်ခဲ့ပါသတဲ့။
လုပ်ရတဲ့ အလုပ်တွေကလည်း အစုံပါပဲ။ နေ့ခင်းဘက် အထည်ချုပ် စက်ရုံတွေမှာ ပစ္စည်း အတင်အချ လုပ်သလို ညဘက်တွေ ဓာတ်ဆီဆိုင်မှာ ဆီဖြည့်ပေးတဲ့ အလုပ်လည်း လုပ်ခဲ့တာပဲ။ ဖိလစ်ကတော့ ညဘက် အလုပ် လုပ်ရတာကို ပိုတောင် သဘောကျပါသတဲ့။ အကြောင်းက ညဘက်ဆို အလုပ်ပါးတော့ စာဖတ်ဖို့ ပိုပြီး အခွင်းအရေးရလို့ပါတဲ့။
စားဝတ်နေရေးအတွက် ရုန်းကန်နေရပေမဲ့ ဘဝတိုးတက်ဖို့ အတွက်လည်း ဖိလစ်ဟာ အမြဲ လေ့လာ
နေခဲ့တယ်လို့ ဆိုရမှာပါ။ ကြီးပွားချင်တဲ့ ဖိလစ်ဟာ စီးပွားရေးနဲ့ ဆိုင်တဲ့ စာအုပ်တွေကို အဓိကထား ဖတ်ခဲ့ပါတယ်။ ဝါသနာပါရာ စားသောက်ဆိုင် လုပ်ငန်း တည်ထောင် နိုင်ဖို့ဆိုရင် အရင်းအနှီး အရင်ရှာဖို့ လိုအပ်တယ် ဆိုတာကို ဖိလစ်ဟာ စောစောတည်းက သဘောပေါက်နေခဲ့ပါတယ်။
ဒါကြောင့် သူဟာ နောက်ပိုင်းမှာ အိမ်ခြံမြေပွဲစားလုပ်ရင်းအရင်းအနှီးစုဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဖိလစ်ဟာ 1998 ခုနှစ် မှာတော့ စုဆောင်းထားတဲ့ အရင်းအနှီး အနည်းငယ်ရယ်၊ အကြွေးဝယ်ကဒ်တွေသုံးပြီး ချေးထားတဲ့ ပိုက်ဆံတွေနဲ့ Hissho ဆိုတဲ့ ဆူရှီဆိုင်လေးကို အမေရိကန် မြောက်ကာရိုလိုင်းနားက ချားလော့ မြို့ငယ်လေးမှာ စတင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
အဲ့ဒီ့အချိန်တုန်းက ဖိလစ်ဟာ အသက် ၃၀ ကျော်ခါစ ရှိပါသေးတယ်။ ဒါပေမဲ့ ချားလော့ဒ် မြို့က ဆူရှီဆိုင်ဟာ ရောင်းအား ကောင်းလာပြီး နောက်ပိုင်းမှာ ဝန်ထမ်း အများအပြားနဲ့ ဆူရှီဆိုင်တွေ တိုးချဲ့ ဖွင့်လှစ် လာနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ Hissho ဟာ အမေရိကန်ရဲ့ အအောင်မြင်ဆုံး ဆူရှီလုပ်ငန်းစု အဖြစ် ရပ်တည်နေပြီး ဖိလစ်ဟာလည်း မီလျံနာတစ်ယောက် ဖြစ်နေပါပြီ။
Hishho (ဟစ်ရှို) ဆိုတာ ဂျပန် စကားလုံး ဖြစ်ပြီး အဓိပ္ပါယ်ကတော့ “မုချအောင်ရမည်”တဲ့။ ကဲအခက်အခဲတွေ ဘယ်လောက်ပဲရှိရှိ မဆုတ်မနစ်နဲ့ ကြိုးစားမယ်ဆိုရင် တစ်နေ့မှာ မုချအောင်မြင်မယ် ဆိုတာကို ပရိသတ်ကြီး အားကျ၊ အတုယူနိုင်စေဖို့ ရေးသား တင်ဆက် ပေးလိုက်ရခြင်း ဖြစ်ပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
၁၃ ေဒၚလာနဲ႕ အေမရိကန္ကို ေရာက္ခဲ့ၿပီး မီလ်ံနာ ျဖစ္လာသူ ျမန္မာျပည္သား တစ္ေယာက္
သန္းႂကြယ္သူေဌးေတြ အမ်ားအျပား စုေဝးရာ အေမရိကန္နိုင္ငံမွာ ျမန္မာျပည္သား မီလ်ံနာတစ္ေယာက္ ရွိတယ္ ဆိုတာ သင္သိပါသလား။ သူ႕နာမည္ကေတာ့ Hissho ဆူရွီလုပ္ငန္းစုရဲ႕ ပိုင္ရွင္ ဖိလစ္ေမာင္ပါ။
Hissho ဆူရွီလုပ္ငန္းစုဟာ အေမရိကန္ရဲ႕ ဒုတိယေျမာက္ အႀကီးဆုံး ဆူရွီကုမၸဏီ ျဖစ္ပါတယ္။ အခုဆိုရင္ အေမရိကန္နိုင္ငံ တစ္ဝန္းက ေလဆိပ္ေတြ၊ တကၠသိုလ္ ကန္တင္းေတြ၊ စူပါမားကတ္ေတြ၊ ေဆး႐ုံေတြနဲ႕ အစိုးရ႐ုံေတြမွာ Hishho ဆူရွီ ဆိုင္ခြဲေပါင္း ၂ေထာင္ ေက်ာ္ေတာင္ ရွိေနၿပီပဲ ျဖစ္ပါတယ္။
ဒီလို ေအာင္ျမင္ေနတဲ့ လုပ္ငန္းႀကီး ျဖစ္လာဖို႔ ဖိလစ္ အလြယ္တကူ တည္ေထာင္ ခဲ့ရတာေတာ့ မဟုတ္ပါဘူး။ 1989 ခုႏွစ္ အေမရိကန္ကို စၿပီး ေရာက္လာခဲ့တုန္းက ဖိလစ္မွာ ၁၃ေဒၚလာပဲ ရွိပါတယ္။ဒါေပမဲ့ ဘဝနာခဲ့သူ ဖိလစ္မွာ ေအာင္ျမင္၊ ႀကီးပြားခ်င္စိတ္ကေတာ့ အျပည့္ ပါလာခဲ့ပါတယ္။ ဒီစိတ္ကပဲ သူ႕ကို မီလ်ံနာတစ္ေယာက္ ျဖစ္လာဖို႔ အဓိက ေမာင္းႏွင္ ေပးခဲ့တယ္လို႔ ဆိုရမွာပါ။
သူစိမ္းတို႔ရဲ႕ေျမမွာ ဖိလစ္အတြက္ အသိဆိုလို႔ ေဆးတကၠသိုလ္က ခင္မင္ခဲ့တဲ့ အေမရိကန္ေရာက္ ေက်ာင္းသား တစ္ေယာက္သာ ရွိပါတယ္။ ဘယ္သူ႕ဆီကမွ အကူအညီရဖို႔ လမ္းမရွိတဲ့အဆုံး ေနဖို႔နဲ႕ စားဖို႔ကို ေျဖရွင္းနိုင္ေရး တစ္ေန႕ကို ၁၆နာရီ နီးပါး ဖိလစ္ အလုပ္လုပ္ခဲ့ပါတယ္။ တခ်ိဳ႕ရက္ေတြဆိုတစ္ေနကုန္ေတာင္ အလုပ္လုပ္ခဲ့ပါသတဲ့။
လုပ္ရတဲ့ အလုပ္ေတြကလည္း အစုံပါပဲ။ ေန႕ခင္းဘက္ အထည္ခ်ဳပ္ စက္႐ုံေတြမွာ ပစၥည္း အတင္အခ် လုပ္သလို ညဘက္ေတြ ဓာတ္ဆီဆိုင္မွာ ဆီျဖည့္ေပးတဲ့ အလုပ္လည္း လုပ္ခဲ့တာပဲ။ ဖိလစ္ကေတာ့ ညဘက္ အလုပ္ လုပ္ရတာကို ပိုေတာင္ သေဘာက်ပါသတဲ့။ အေၾကာင္းက ညဘက္ဆို အလုပ္ပါးေတာ့ စာဖတ္ဖို႔ ပိုၿပီး အခြင္းအေရးရလို႔ပါတဲ့။
စားဝတ္ေနေရးအတြက္ ႐ုန္းကန္ေနရေပမဲ့ ဘဝတိုးတက္ဖို႔ အတြက္လည္း ဖိလစ္ဟာ အၿမဲ ေလ့လာ
ေနခဲ့တယ္လို႔ ဆိုရမွာပါ။ ႀကီးပြားခ်င္တဲ့ ဖိလစ္ဟာ စီးပြားေရးနဲ႕ ဆိုင္တဲ့ စာအုပ္ေတြကို အဓိကထား ဖတ္ခဲ့ပါတယ္။ ဝါသနာပါရာ စားေသာက္ဆိုင္ လုပ္ငန္း တည္ေထာင္ နိုင္ဖို႔ဆိုရင္ အရင္းအႏွီး အရင္ရွာဖို႔ လိုအပ္တယ္ ဆိုတာကို ဖိလစ္ဟာ ေစာေစာတည္းက သေဘာေပါက္ေနခဲ့ပါတယ္။
ဒါေၾကာင့္ သူဟာ ေနာက္ပိုင္းမွာ အိမ္ၿခံေျမပြဲစားလုပ္ရင္းအရင္းအႏွီးစုဖို႔ ႀကိဳးစားပါေတာ့တယ္။ ဒီလိုနဲ႕ ဖိလစ္ဟာ 1998 ခုႏွစ္ မွာေတာ့ စုေဆာင္းထားတဲ့ အရင္းအႏွီး အနည္းငယ္ရယ္၊ အေႂကြးဝယ္ကဒ္ေတြသုံးၿပီး ေခ်းထားတဲ့ ပိုက္ဆံေတြနဲ႕ Hissho ဆိုတဲ့ ဆူရွီဆိုင္ေလးကို အေမရိကန္ ေျမာက္ကာရိုလိုင္းနားက ခ်ားေလာ့ ၿမိဳ႕ငယ္ေလးမွာ စတင္ ဖြင့္လွစ္နိုင္ခဲ့ပါတယ္။
အဲ့ဒီ့အခ်ိန္တုန္းက ဖိလစ္ဟာ အသက္ ၃၀ ေက်ာ္ခါစ ရွိပါေသးတယ္။ ဒါေပမဲ့ ခ်ားေလာ့ဒ္ ၿမိဳ႕က ဆူရွီဆိုင္ဟာ ေရာင္းအား ေကာင္းလာၿပီး ေနာက္ပိုင္းမွာ ဝန္ထမ္း အမ်ားအျပားနဲ႕ ဆူရွီဆိုင္ေတြ တိုးခ်ဲ့ ဖြင့္လွစ္ လာနိုင္ခဲ့ပါတယ္။ အခုဆိုရင္ေတာ့ Hissho ဟာ အေမရိကန္ရဲ႕ အေအာင္ျမင္ဆုံး ဆူရွီလုပ္ငန္းစု အျဖစ္ ရပ္တည္ေနၿပီး ဖိလစ္ဟာလည္း မီလ်ံနာတစ္ေယာက္ ျဖစ္ေနပါၿပီ။
Hishho (ဟစ္ရွို) ဆိုတာ ဂ်ပန္ စကားလုံး ျဖစ္ၿပီး အဓိပၸါယ္ကေတာ့ “မုခ်ေအာင္ရမည္”တဲ့။ ကဲအခက္အခဲေတြ ဘယ္ေလာက္ပဲရွိရွိ မဆုတ္မနစ္နဲ႕ ႀကိဳးစားမယ္ဆိုရင္ တစ္ေန႕မွာ မုခ်ေအာင္ျမင္မယ္ ဆိုတာကို ပရိသတ္ႀကီး အားက်၊ အတုယူနိုင္ေစဖို႔ ေရးသား တင္ဆက္ ေပးလိုက္ရျခင္း ျဖစ္ပါတယ္။
crd