နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ ကုလတောင်းဆို

နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ ကုလတောင်းဆို

မြန်မာနိုင်ငံမှာ ပြီးခဲတဲ့လွတ်လပ်ရေးနေ့က နိုင်ငံရေးလှုပ်ရှားသူတချို့ကို ပြန်လည်လွှတ်ပေးခဲ့ပေမယ့်၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ထောင်နဲ့ချီတဲ့နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတာကြောင့်၊ အားလုံးကိုပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး UN OHCHR ဘန်ကောက်ရုံးခွဲက သောကြာနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့က အဖမ်းဆီးခံ နိုင်ငံရေးလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးခဲ့တာဟာ သူတို့ရဲ့ မိသားစုတွေကိုပါ စိတ်သက်သာရာရစေကြောင်းနဲ့ ဒီပြန်လွတ်လာသူတွေဟာ အစကတည်းကဖမ်းဆီးခံရသင့်သူ တွေမဟုတ်ဘူးလို့လည်း UN OHCHR ကပြောဆိုထားပါတယ်။

 

လွတ်လပ်ရေးနေ့က နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့ သတင်းကိုရရှိခဲ့သလို၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့အတွက် ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားသူတွေ ကျန်ရှိသေးတယ်ဆိုတဲ့ သတင်းတွေကို ဆက်လက်ရရှိနေပါတယ်။ ဒီဖမ်းဆီးခံထားရသူ တွေထဲက အများအပြားဟာ ညှင်းပန်းနှိပ်စက်တာ၊ လူမဆန်စွာ အနိုင်ကျင့်ခံရတာတွေ လည်းရှိနေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို ဖမ်းဆီးတာတွေဟာ စစ်အုပ်ချုပ်ရေးကို ဝေဘန်ဆန့်ကျင်မှု တွေကို ပိတ်ပင်ဖို့ကြိုးပမ်းတာဖြစ်သလို၊ လူ့အဖွဲ့အစည်းအတွင်း အကြောက်တရားကို ဖန်တီးဖို့ဖြစ်တယ်လို့လည်းဆိုပါ တယ်။

ဒီနှစ်ဟာ မြန်မာနိုင်ငံရဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနှစ်ဖြစ်သလို၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း ထုတ်ပြန်ခဲ့တဲ့ ၇၅ နှစ်မြောက် စိန်ရတုနှစ်လည်းဖြစ်ပါတယ်။ အခုလို အခါသမယမှာ ကြေညာစာတမ်းပါ အခြေခံ အခွင့် အရေးတွေကို ကျင့်သုံးခွင့်ပြုတဲ့အနေနဲ့ တကမ္ဘာလုံးမှာရှိတဲ့ အစိုးရတွေအနေနဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ လူ့အခွင့် အရေးမဟာမင်းကြီးက တောင်းဆိုတိုက်တွန်းထားတာပါ။

နိုင္ငံေရးအက်ဥ္းသားအားလုံး ျပန္လႊတ္ေပးဖို႔ ကုလေတာင္းဆို

ျမန္မာနိုင္ငံမွာ ၿပီးခဲတဲ့လြတ္လပ္ေရးေန႔က နိုင္ငံေရးလႈပ္ရွားသူတခ်ိဳ႕ကို ျပန္လည္လႊတ္ေပးခဲ့ေပမယ့္၊ စစ္အုပ္ခ်ဳပ္ေရးကို ဆန႔္က်င္တဲ့ ေထာင္နဲ႔ခ်ီတဲ့နိုင္ငံေရး အက်ဥ္းသားေတြ က်န္ရွိေနေသးတာေၾကာင့္၊ အားလုံးကိုျပန္လႊတ္ေပးဖို႔ ကုလသမဂၢ လူ႔အခြင့္အေရးမဟာမင္းႀကီး႐ုံး UN OHCHR ဘန္ေကာက္႐ုံးခြဲက ေသာၾကာေန႔မွာ ေၾကညာခ်က္တေစာင္ ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာနိုင္ငံမွာ ၿပီးခဲ့တဲ့ ၇၅ ႏွစ္ေျမာက္လြတ္လပ္ေရးေန႔က အဖမ္းဆီးခံ နိုင္ငံေရးလႈပ္ရွားသူေတြကို ျပန္လႊတ္ေပးခဲ့တာဟာ သူတို႔ရဲ့ မိသားစုေတြကိုပါ စိတ္သက္သာရာရေစေၾကာင္းနဲ႔ ဒီျပန္လြတ္လာသူေတြဟာ အစကတည္းကဖမ္းဆီးခံရသင့္သူ ေတြမဟုတ္ဘူးလို႔လည္း UN OHCHR ကေျပာဆိုထားပါတယ္။

လြတ္လပ္ေရးေန႔က နိုင္ငံေရးအက်ဥ္းသားတခ်ိဳ႕ကို ျပန္လႊတ္ေပးခဲ့တဲ့ သတင္းကိုရရွိခဲ့သလို၊ စစ္အုပ္ခ်ဳပ္ေရးကို ဆန႔္က်င္တဲ့အတြက္ ဆက္လက္ဖမ္းဆီး ထိန္းသိမ္းထားသူေတြ က်န္ရွိေသးတယ္ဆိုတဲ့ သတင္းေတြကို ဆက္လက္ရရွိေနပါတယ္။ ဒီဖမ္းဆီးခံထားရသူ ေတြထဲက အမ်ားအျပားဟာ ညႇင္းပန္းႏွိပ္စက္တာ၊ လူမဆန္စြာ အနိုင္က်င့္ခံရတာေတြ လည္းရွိေနတယ္လို႔ လူ႔အခြင့္ေရးဆိုင္ရာ မဟာမင္းႀကီး႐ုံးရဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

အခုလို ဖမ္းဆီးတာေတြဟာ စစ္အုပ္ခ်ဳပ္ေရးကို ေဝဘန္ဆန႔္က်င္မႈ ေတြကို ပိတ္ပင္ဖို႔ႀကိဳးပမ္းတာျဖစ္သလို၊ လူ႔အဖြဲ႕အစည္းအတြင္း အေၾကာက္တရားကို ဖန္တီးဖို႔ျဖစ္တယ္လို႔လည္းဆိုပါ တယ္။

ဒီႏွစ္ဟာ ျမန္မာနိုင္ငံရဲ့ ၇၅ ႏွစ္ေျမာက္ လြတ္လပ္ေရးႏွစ္ျဖစ္သလို၊ ကုလသမဂၢ လူ႔အခြင့္အေရးေၾကညာစာတမ္း ထုတ္ျပန္ခဲ့တဲ့ ၇၅ ႏွစ္ေျမာက္ စိန္ရတုႏွစ္လည္းျဖစ္ပါတယ္။ အခုလို အခါသမယမွာ ေၾကညာစာတမ္းပါ အေျခခံ အခြင့္ အေရးေတြကို က်င့္သုံးခြင့္ျပဳတဲ့အေနနဲ႔ တကမၻာလုံးမွာရွိတဲ့ အစိုးရေတြအေနနဲ႔ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ လူ႔အခြင့္ အေရးမဟာမင္းႀကီးက ေတာင္းဆိုတိုက္တြန္းထားတာပါ။

crd

Leave a Reply

Your email address will not be published. Required fields are marked *