နှစ်သစ်ကူးအကြိုအဖြစ် မဟာမိတ်တပ်တွေက လဝက ရုံးကို မီးရှို့ (ရုပ်/သံ)
မြိုင်၊ ဇန်နဝါရီလ ၅၊ ၂၀၂၂ ။
မကွေးတိုင်း၊ မြိုင်မြို့နယ် လဝက ရုံးကို PDF တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၆ အဖွဲ့ဆီကသိရပါတယ်။
နှစ်သစ်ကူးအကြို စစ်ကောင်စီကိုသတိပေးလိုက်တဲ့အနေနဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်က မြိုင်မြို့ပေါ်က လဝက ရုံးကို PDF အဖွဲ့တွေစုပေါင်းပြီး မီးရှို့ခဲ့တာ ဖြစ်ပါတယ်။
“ပြည်သူတွေက အဆုံးအဖြတ်ပေးပြီးသားဖြစ်တဲ့ ရွေးကောက်ပွဲကို သူတို့ မဲမနိုင်သရွေ့ လုပ်နေမယ့် ရွေးကောက်ပွဲတွေကိုကျနော်တို့ ပြည်သူတွေကအယုံအကြည်မရှိဘူး၊
ကျနော်တို့မြိုင်မြို့နယ်သူ၊ မြို့နယ်သားတွေရဲ့ သန်းခေါင်စာရင်းတွေကိုအသုံးချပြီးတော့ ရွေးကောက်ပွဲကို လုပ်လာနိုင်တဲ့အတွက်ကြောင့် ကျနော်တို့ PDF တပ်ပေါင်းစုတွေက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်၊” လို့ ပခုက္ကူခရိုင် တပ်ရင်း ၆ MVRF ဥက္ကဌ ဦးအောင်ဇေယျက ပြောပါတယ်။
ရဲဘော်များလုံခြုံရေးအရ အမြန်ပြန်လည်ဆုတ်ခွါရလို့ လဝကရုံး ပျက်စီးမှုအခြေအနေကို မသိနိုင်ဘူးလို့ ဆိုပါတယ်။
အဲဒီလှုပ်ရှားမှုကိုတော့ ပခုက္ကူခရိုင် တပ်ရင်း ၆ MVRF၊ THREE IN ONE၊ ပခုက္ကူခရိုင် တပ်ရင်း ၇ တပ်ခွဲ ၂ Guerrilla Force 101 တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း မြိုင်မြို့နယ် ကန်နီ(ပျူ) ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ရွာတွေကို လှမ်းပစ်နေတာကြောင့် ပခုက္ကူခရိုင်တပ်ရင်း ၆ MVRF Rocket များဖြင့် ပစ်ပြီးတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း -ဒိန်းဂျား၊ တည်းဖြတ် – ငြိမ်းဇော်
မြေလတ်အသံ

ရုပ်သံကြည့်ရန်??
crd