ကြာအင်းဆိပ်ကြီးအခြေစိုက်တပ်ရင်း ၃ ခုတိုက် ခိုက်ခံရပြီးအထိနာနေလို့လေယာဉ်နဲ့ဗုံးကြဲနေ၊ ခလရ ၃၂ တပ်ရင်းမှူးကတော် အပါအဝင်အများအပြားဖမ်း ဆီးခံထားရ
ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ ဒီကနေ့မနက်အစောပိုင်းကစတင်လို့ စစ်ကောင်စီတပ်နဲ့တော် လှန်ရေးတပ်ဖွဲ့ဝင်တွေအကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်
ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၂၈၃၊ ၂၈၄ နဲ့ ခလရ ၃၂ တပ်ရင်းတွေကို ကရင်ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားနေလို့ လေကြောင်းက နေဗုံးကြဲတိုက်ခိုက်နေတယ်လို့ဆိုပါတယ်
”မနက်အစောကြီးထဲက တိုက်ပွဲတွေဖြစ်နေတာ ၂၈၄ တပ် ရင်းက ခု တိုက်နေတုန်းလို့သိရတယ်။ သူတို့ဘက်ကထိ ခိုက်မှုများတယ်ဆိုတာလောက်ဘဲသိရတယ်။ အထိနာနေလို့ လေယာဉ်နဲ့တောက်လျှောက်ဗုံးကြဲနေတယ်”လို့ မြေ ပြင်တော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်သူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်
ကြာအင်းဆိပ်ကြီးမြို့အခြေစိုက်တပ်ရင်း ၃ ခုတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးနဲ့ အရှင်ဖမ်းဆီးခံရမှုများ များပြားနေကာ ခလရ ၃၂ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ဇင်ဦးရဲ့ မိန်းမဖြစ်သူ ဖမ်းဆီးခံလိုက်ရတယ်လို့ တပ်သတင်းရင်းမြစ်တစ်ဦးကအတည်ပြုပါတယ်
”အခုက ကြာအင်းဆိပ်ကြီးတပ် ၃ တပ်လုံးဝင်စီးခံရတာ။၂၈၄ တပ်ရင်းဝင်အစီးခံရပြီးတော့ တပ်ရင်းထဲကအဆောက်အဦတွေမီးရှို့ခံထားရတယ်လို့သိရတယ်။ တိုက်တာတော့ခုထိတိုက်နေကြတုန်း ။ အဖမ်းခံရတဲ့အထဲ ခလရ ၃၂ ကတပ်ရင်းမှူးကတော် ပါပါတယ်
တပ်ရင်းမှူးက ဗိုလ်မှူး ကျော်ဇင်ဦး သူတော့အဖမ်းမခံလိုက်ရဘူး။သူ့မိန်းမ တပ်မှူးကတော်နာမည်က သီရိဝေတဲ့ သူတို့မှာသမီးလေးတယောက်ရှိတယ်။ ကြာအင်းမှာရှိတဲ့ တပ်ရင်း ၃ ခုလုံးဝင်အစီး ခံရပြီး ကျတာတွေ အရှင်ဖမ်းခံလိုက်ရတာတွေ အရမ်းများတယ် ”လို့ သူက ဆိုပါတယ်
လက်ရှိအချိန်ထိ ကြာအင်းဆိပ်ကြီးအခြေစိုက်တပ် ရင်းတွေနဲ့ စစ်ကောင်စီတပ်အကြားတိုက်ပွဲတွေပြင်းထန်နေ ဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ပစ်ကူပေးတိုက်ခိုက်နေ တယ်လို့ သိရပါတယ်
crd