ကုန်းသာတိုက်ပွဲမှ မသေဘဲပြန်ထွက်လာနိုင်သူများကို စစ်ခေါင်းဆောင် ဆုပေးနှစ်သိမ့်

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နယ်မြေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတိုက်ပွဲအတွင်း အသက်မသေဘဲ ပြန်ထွက်လာသည့်အဖွဲ့ကို အာဏာသိမ်း စစ်ခေါင်းဆောင်က စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်များ ပေးအပ်မှုမှာ နှစ်သိမ့်သည့် သဘောသာဖြစ်ကြောင်း CDM စစ်သည်များက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၂ ရက်နေ့ထိ စစ်ကောင်စီတပ်၏ လေကြောင်းချီ တိုက်ခိုက်မှုကြောင့် TNLA နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများကြားမှ မသေဘဲ ပြန်ထွက်လာနိုင်သည့်အဖွဲ့အား စစ်ခေါင်းဆောင်က ထိုသို ပေးအပ်ခြင်း ဖြစ်သည်။

အဆိုပါ လေကြောင်းချီ တိုက်ခိုက်မှုတွင် ပါဝင်သည့် ကချင်ပြည်နယ်၊ မံစီမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၃၁၉ )မှ ဗိုလ်ကြီး စိုးသူရဆိုသူကို သီဟသူရဘွဲ့၊ ဗိုလ်ကြီး ထက်မြတ်အောင်၊ ဒုတပ်ကြပ် ဝေလင်းအောင်၊ တပ်သား ချစ်သက်ထွေးနှင့် မျိုးမောင်မောင်တို့အား သူရဘွဲ့ ပေးအပ်ကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်ခေါင်းဆောင်က ကြေညာခဲ့သည်။

ထိုသို့ ကြေညာပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် အခမ်းအနား၌ ၎င်းတို့ ၅ ဦး အပါအဝင် စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ သမီး၊ ဝန်ကြီးချုပ် ဦးနု၊ သမ္မတ ဦးစန်းယု၊ ဗိုလ်ချုပ်ကြီးစောမောင်တို့၏ မိသားစုများနှင့်အတူ ဆုတံဆိပ်များ ပေးခဲ့သည်။

TNLA နယ်မြေအတွင်း လေကြောင်းချီတိုက်ခိုက်မှုလုပ်ခဲ့သည့် စစ်ဆင်ရေးသည် မလုပ်ဆောင်သင့်သည့် စစ်ဆင်ရေးဖြစ်ပြီး တပ်များ ပြန်လည် ဆုတ်ခွာလာနိုင်သောကြောင့် နှစ်သိမ့်သည့်သဘောသာ ဖြစ်ကြောင်း စစ်တပ်တွင်း ၁၅ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည့် CDM ဗိုလ်ကြီးထက်မြက်က ပြောသည်။

၎င်းက “ကံကောင်းလို လုပ်နိုင်ခဲ့တယ်။ ဒီဘက်ကျတော့ ဘွဲ့တွေနဲ့ နှစ်သိမ့်တယ်ပေါ့။ ကျနော်ကျတော့ ကိုယ့်တပ်ဖွဲ့ကို ရွပ်ရွပ်ချွံချွံနဲ့ ကိုယ့်အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်တယ်လို မမြင်ဘူး။ လုံးဝကို မဖြစ်မနေ လုပ်ရမှာမို့ သေချင်သေပါစေကွာဆိုပြီး ဘုရင့်နောက်ဖောင်ဖျက် ပုံစံမျိုးလို့ပဲ မြင်တယ်” ဟု မှတ်ချက်ပြုသည်။

ထိုသို့ စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ် သိုမဟုတ် သူရဲကောင်းမှတ်တမ်းဝင်များ ရရှိမှုတွင် တိုက်ပွဲအတွင်း တိုက်ခိုက်စွမ်းရည်ကြောင့် ပေးအပ်ခံရသူများ ရှိသလို ဆုတံဆိပ်များ ရရှိရန် တင်ပြရာတွင် အရေးအသားကောင်းသောကြောင့် ပေးအပ်ခံရသူများလည်း ရှိကြောင်း၊ ယင်းသို့ ဘွဲတံဆိပ်များ ပေးအပ်ခြင်းမှာ စစ်သည်များအား မြှောက်ပေးသည့်သဘောသာဖြစ်ကြောင်းလည်း CDM ဗိုလ်ကြီး ထက်မြက်က ဆိုသည်။

ယခု စစ်ခေါင်းဆောင်ပေးသည့် သီဟသူရဘွဲ့သည် အောင်ဆန်းသူရိယဘွဲ့ပြီးလျှင် စစ်တပ်အတွင်း ဒုတိယ အမြင့်ဆုံးဘွဲ့ဖြစ်ပြီး ဗိုလ်ကြီးအဆင့်မှ ဗိုလ်မှူးအဆင့်သို့ ရာထူးပါ တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ စစ်ခေါင်းဆောင်က ဆုပေးမှုနှင့် ပတ်သက်ပြီး စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် မြေပြင်တပ်များနှင့် အဆက်အသွယ် ပြတ်တောက်ပြီး စုရပ်နေရာသို့ ပြန်လာနိုင်ခဲ့သောကြောင့် ဟုဆိုကာ ဗိုလ်မှူး စိုးသူရနှင့်အဖွဲ့အား သီဟသူရဘွဲ့နှင့် သူရဘွဲ့များ ပေးခဲ့ခြင်း ဖြစ်ကြောင်း ဝါဒဖြန့်ထားသည်။

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာကို ၆ ရက်ကြာ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်များ ဖြစ်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ မိုးမိတ်အခြေချဗျူဟာက ဦးစီးပြီး မိုးမိတ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၇၆၊ မံစီအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၁၉ ဗန်းမော်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၂၁ တို့က စစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တပ်ရင်း ၃ ခု၊ ရဟတ်ယာဉ် ၁၀ စီးခန့်ဖြင့် အပြင်းအထန်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်များဘက်မှ အသေအပျောက်များခဲ့ပြီး အရှင်ဖမ်းမိသူများ ရှိခဲ့သည်။

စစ်ကောင်စီတပ်များသည် မြေပြင်နှင့် အဆက်အသွယ်များ ပြတ်တောက်ပြီး တိုက်ပွဲတွင် မရှုမလှ သေဆုံးခဲ့ကြသော်လည်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများ၌ လက်နက်များ ရှိသည်ဟု သတင်းအရ ဝင်ရောက် စီးနင်းခြင်းဖြစ်ကာ လက်နက်အများအပြားကို သိမ်းမိကြောင်း လိမ်ညာသတင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ အသေအဆုံး ရှိသည်ဟု ရှားရှားပါးပါး ထည့်သွင်းသတင်းထုတ်ပြန်ခဲ့သော်လည်း အရေအတွက်ကိုမူ ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ပါ။

TachileikNewsAgency

crd

Leave a Reply

Your email address will not be published. Required fields are marked *