2023 နှစ်သစ်သို့ ကူးပြောင်းမှုနှင့်အတူ 2023 မှာဘယ်လိုလုပ်ငန်းတွေက အကောင်းဆုံးလဲ၊ ဘယ်လိုကျွမ်းကျင်မှုတွေကို အလိုအပ်ဆုံးဖြစ်မလဲ၊ ဘယ်လိုအလုပ်တွေကရှာရလွယ်ပြီး လုပ်ခလစာကောင်းလဲ၊ ကမ္ဘာ့လူသားအရင်းအမြစ်များက ဘာတွေဘယ်လိုပြင်ဆင်ထားသင့်လဲ၊ ဘာတွေလေ့လာသင်ယူထားရမလဲ၊ တိုးတက်လာတဲ့ IT နည်းပညာတွေကြောင့် ဘယ်လိုအလုပ်မျိုးတွေပျောက်သွားမလဲ ဆိုတာတွေကို တွေးဆကြည့်ဖို့လိုပါတယ်။
2023 တွင် IT skills ခေါ် နည်းပညာကျွမ်းကျင်မှုများက အဓိကလိုအပ်ချက်ဖြစ်လာသည်ဟု ဆိုသည်။ Machine Learning (ML), Artificial Intelligence (AI), Data Science and Cloud Computing, Blockchain Development, Big Data Science, Innovation Management, Digital Marketing and Strategy တို့သည် ကမ္ဘာပေါ်တွင် the most in-demand skills လိုအပ်ချက်အများဆုံးဖြစ်လာသည်ဟု ဆိုသည်။
စက်မှုတော်လှန်ရေးနှင့်အတူ ကာယလုပ်သားအများအပြား အလုပ်လက်မဲ့ဖြစ်ခဲ့ကြသည်။ လယ်ယာစိုက်ပျိုးရေးတွင်လည်း စက်မှုလယ်ယာသို့ကူးပြောင်းမှုနှင့်အတူ စိုက်ပျိုးရေးလုပ်သားအများအပြားနေရာကို စက်များဝင်ရောက်နေရာယူခဲ့သည်။
သို့သော် လယ်ထွန်သည့်လယ်သမားများ၊ ကာယလုပ်သားများကို ထွန်စက်မောင်းခြင်း၊ Truck ကားမောင်းခြင်း၊ စက်ရုံအလုပ်ရုံများတွင်ဝင်ရောက်လုပ်စေခြင်းတို့အပြင် တောနေကောက်စိုက်သမများနှင့် အမျိုးသမီးလုပ်သားထုကြီးကို အထည်ချုပ်လုပ်ငန်းကဲ့သို့သော labor-intensive industry တွင် အလုပ်အကိုင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် Industrial Revolution ခေါ် စက်မှုတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော ခေတ်တခေတ်အပြောင်းတွင် ကမ္ဘာ့လူဦးရေ၏အများစုဖြစ်သော အလုပ်သမားထုကြီး အဆင်ပြေခဲ့ကြသည်။
၂၁ ရာစုတွင် စက်မှုခေတ်မှ နည်းပညာခေတ် (Information Technology) ခေတ်သို့ပြောင်းနေပါပြီ။ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တို့၏ ထုံးစံအတိုင်း အစပိုင်းတွင်နှေးသော်လည်း နောက်ပိုင်းတွင် အလွန်လျင်မြန်ပါသည်။ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံလူမျိုးမဆို မည်မျှပင်တံခါးပိတ်ထားစေကာမူ ထိုပြောင်းလဲမှုဖြစ်စဉ်သို့ မပါဝင်ချင်လို့လည်းမရပါ။ အလိုအလျောက်ရောက်လာမည်သာ ဖြစ်သည်။ သို့သော် Industrialization ခေတ်သို့ဝင်ရောက်လာသကဲ့သို့ အပြောင်းအလဲများက ချောမွေ့ရန်မလွယ်ဟု ဆိုသည်။ အဘယ်ကြောင့်နည်း။
လူ့စွမ်းအားအရင်းမြစ်များဖြစ်သည့် လုပ်သားထုကြီးကို စက်ချုပ်တတ်ရန်၊ ကားမောင်းတတ်ရန်၊ စက်များကိုကိုင်တွယ်တတ်ရန် လေ့ကျင့်သင်ကြားပေးရတာ မခက်သလို၊ အချိန်လည်းအများကြီးမလိုပါ၊ အဆင်မြင့်ပညာအရည်ချင်းလည်းမလိုပါ။ သို့သော် IT ခေတ်တွင်လိုအပ်သော အထက်ဖော်ပြပါ IT skills များကို တစ်ပတ်တစ်လနှင့် သင်ယူတတ်မြောက်မည်မဟုတ်ပါ။ လိုအပ်သော IT ကျွမ်းကျင်မှုများကိုတတ်မြောက်ရန် ပညာအခြေခံလိုပါသည်။ အချိန်ယူ၍ အနာဂတ်ကို ကြိုတင်ပြင်ဆင်ရန်လိုပါသည်။ ခေတ်နှင့်အမီလိုက်နိုင်ရန် နိုင်ငံအများစုကပြင်ဆင်နေကြပါသည်။
အစစခေတ်နောက်ကျန်ခဲ့လို့ ကမ္ဘာ့ခေတ်ရေစီးကြောင်းက ရောက်မလာမှာမဟုတ်ပါဘူး။ အနှေးနဲ့အမြန်ပါပဲ။ ကျမကိုယ်တိုင် IT skill အတော်ညံ့လို့ 2023 New Year Resolution တစ်ခုအဖြစ် IT ပိုသုံးတတ်အောင်လေ့လာရပါမယ်။ ရွှေမြန်မာများလည်း Artificial Intelligence နှင့် Machine Learning တို့လွမ်းမိုးလာတော့မည့် IT ခေတ်တွင် အံဝင်ဂွင်ကျနိုင်ဖို့ ကြိုတင်ပြင်ဆင်နိုင်ကြပါစေလို့ နှစ်သစ်ကူးဆုတောင်းမိပါသည်။ (Thin Thin Nwe)
Credit
Zawgyi
2023 ႏွစ္သစ္သို႔ ကူးေျပာင္းမႈႏွင့္အတူ 2023 မွာဘယ္လိုလုပ္ငန္းေတြက အေကာင္းဆုံးလဲ၊ ဘယ္လိုကြၽမ္းက်င္မႈေတြကို အလိုအပ္ဆုံးျဖစ္မလဲ၊ ဘယ္လိုအလုပ္ေတြကရွာရလြယ္ၿပီး လုပ္ခလစာေကာင္းလဲ၊ ကမာၻ႔လူသားအရင္းအျမစ္မ်ားက ဘာေတြဘယ္လိုျပင္ဆင္ထားသင့္လဲ၊ ဘာေတြေလ့လာသင္ယူထားရမလဲ၊ တိုးတက္လာတဲ့ IT နည္းပညာေတြေၾကာင့္ ဘယ္လိုအလုပ္မ်ိဳးေတြေပ်ာက္သြားမလဲ ဆိုတာေတြကို ေတြးဆၾကည့္ဖို႔လိုပါတယ္။
2023 တြင္ IT skills ေခၚ နည္းပညာကြၽမ္းက်င္မႈမ်ားက အဓိကလိုအပ္ခ်က္ျဖစ္လာသည္ဟု ဆိုသည္။ Machine Learning (ML), Artificial Intelligence (AI), Data Science and Cloud Computing, Blockchain Development, Big Data Science, Innovation Management, Digital Marketing and Strategy တို႔သည္ ကမာၻေပၚတြင္ the most in-demand skills လိုအပ္ခ်က္အမ်ားဆုံးျဖစ္လာသည္ဟု ဆိုသည္။
စက္မႈေတာ္လွန္ေရးႏွင့္အတူ ကာယလုပ္သားအမ်ားအျပား အလုပ္လက္မဲ့ျဖစ္ခဲ့ၾကသည္။ လယ္ယာစိုက္ပ်ိဳးေရးတြင္လည္း စက္မႈလယ္ယာသို႔ကူးေျပာင္းမႈႏွင့္အတူ စိုက္ပ်ိဳးေရးလုပ္သားအမ်ားအျပားေနရာကို စက္မ်ားဝင္ေရာက္ေနရာယူခဲ့သည္။
သို႔ေသာ္ လယ္ထြန္သည့္လယ္သမားမ်ား၊ ကာယလုပ္သားမ်ားကို ထြန္စက္ေမာင္းျခင္း၊ Truck ကားေမာင္းျခင္း၊ စက္႐ုံအလုပ္႐ုံမ်ားတြင္ဝင္ေရာက္လုပ္ေစျခင္းတို႔အျပင္ ေတာေနေကာက္စိုက္သမမ်ားႏွင့္ အမ်ိဳးသမီးလုပ္သားထုႀကီးကို အထည္ခ်ဳပ္လုပ္ငန္းကဲ့သို႔ေသာ labor-intensive industry တြင္ အလုပ္အကိုင္ေပးႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ Industrial Revolution ေခၚ စက္မႈေတာ္လွန္ေရးႏွင့္အတူ ေပၚေပါက္လာေသာ ေခတ္တေခတ္အေျပာင္းတြင္ ကမာၻ႔လူဦးေရ၏အမ်ားစုျဖစ္ေသာ အလုပ္သမားထုႀကီး အဆင္ေျပခဲ့ၾကသည္။
၂၁ ရာစုတြင္ စက္မႈေခတ္မွ နည္းပညာေခတ္ (Information Technology) ေခတ္သို႔ေျပာင္းေနပါၿပီ။ တိုးတက္ေျပာင္းလဲမႈျဖစ္စဥ္တို႔၏ ထုံးစံအတိုင္း အစပိုင္းတြင္ေႏွးေသာ္လည္း ေနာက္ပိုင္းတြင္ အလြန္လ်င္ျမန္ပါသည္။ ကမာၻေပၚရွိ မည္သည့္ႏိုင္ငံလူမ်ိဳးမဆို မည္မွ်ပင္တံခါးပိတ္ထားေစကာမူ ထိုေျပာင္းလဲမႈျဖစ္စဥ္သို႔ မပါဝင္ခ်င္လို႔လည္းမရပါ။ အလိုအေလ်ာက္ေရာက္လာမည္သာ ျဖစ္သည္။ သို႔ေသာ္ Industrialization ေခတ္သို႔ဝင္ေရာက္လာသကဲ့သို႔ အေျပာင္းအလဲမ်ားက ေခ်ာေမြ႕ရန္မလြယ္ဟု ဆိုသည္။ အဘယ္ေၾကာင့္နည္း။
လူ႔စြမ္းအားအရင္းျမစ္မ်ားျဖစ္သည့္ လုပ္သားထုႀကီးကို စက္ခ်ဳပ္တတ္ရန္၊ ကားေမာင္းတတ္ရန္၊ စက္မ်ားကိုကိုင္တြယ္တတ္ရန္ ေလ့က်င့္သင္ၾကားေပးရတာ မခက္သလို၊ အခ်ိန္လည္းအမ်ားႀကီးမလိုပါ၊ အဆင္ျမင့္ပညာအရည္ခ်င္းလည္းမလိုပါ။ သို႔ေသာ္ IT ေခတ္တြင္လိုအပ္ေသာ အထက္ေဖာ္ျပပါ IT skills မ်ားကို တစ္ပတ္တစ္လႏွင့္ သင္ယူတတ္ေျမာက္မည္မဟုတ္ပါ။ လိုအပ္ေသာ IT ကြၽမ္းက်င္မႈမ်ားကိုတတ္ေျမာက္ရန္ ပညာအေျခခံလိုပါသည္။ အခ်ိန္ယူ၍ အနာဂတ္ကို ႀကိဳတင္ျပင္ဆင္ရန္လိုပါသည္။ ေခတ္ႏွင့္အမီလိုက္ႏိုင္ရန္ ႏိုင္ငံအမ်ားစုကျပင္ဆင္ေနၾကပါသည္။
အစစေခတ္ေနာက္က်န္ခဲ့လို႔ ကမာၻ႔ေခတ္ေရစီးေၾကာင္းက ေရာက္မလာမွာမဟုတ္ပါဘူး။ အေႏွးနဲ႔အျမန္ပါပဲ။ က်မကိုယ္တိုင္ IT skill အေတာ္ညံ့လို႔ 2023 New Year Resolution တစ္ခုအျဖစ္ IT ပိုသုံးတတ္ေအာင္ေလ့လာရပါမယ္။ ေ႐ႊျမန္မာမ်ားလည္း Artificial Intelligence ႏွင့္ Machine Learning တို႔လြမ္းမိုးလာေတာ့မည့္ IT ေခတ္တြင္ အံဝင္ဂြင္က်ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ႏိုင္ၾကပါေစလို႔ ႏွစ္သစ္ကူးဆုေတာင္းမိပါသည္။ (Thin Thin Nwe)
Credit