ရဲတပ် သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး

ရဲတပ် သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ရဲတစ်ဦးသေ

လောင်းလုံး၊ ဇန်နဝါရီ ၂

လူငယ့်ခေတ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရဲစခန်းတွင် ဇန်နဝါရီ ၁ ရက် နေ့ညပိုင်းကစစ်ကောင်စီလက်အောက် ခံရဲတပ်ဖွဲ့က ချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လောင်းလုံးမြို့နယ်မှ သိရသည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ရဲစခန်းတွင် တာဝန်ကျရဲတပ်သား ၂ ဦး မှာ ဇန်နဝါရီလ ၁ ရက်၊ ည ၈ နာရီခန့်တွင် အချင်းအချင်း စကားနိုင်လု၍ သေနတ် ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စကားများရန်ဖြစ်ပြီး သူတို့အချင်းချင်းပစ်တာ ရဲတစ်ဦးသေတယ်။ နှစ်ဦးထက်မနည်းစိုးရိမ်ရတယ်” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် သေဆုံးထိခိုက်ခဲ့သည့်ရဲတပ်သား၏ အချက်လက်များကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မိနစ်အနည်းငယ်အ ကြာတွင် အရေးပေါ်လူနာတင်ယာဉ်ဖြင့် ရဲတပ် သားတစ်ဦးကို လာရောက်ခေါ်ယူသွားကြောင်း ထားဝယ်တော်လှန်ရေးသတင်းများဖော်ပြနေသည့် Dawei Information Centre တွင် ဖော်ပြထားသည်။

“သေနတ်အသံတွေကြားတယ်။ အဲဒီညက ထုံးစံအတိုင်းရဲစခန်းက ခြောက်ပစ် တယ်ထင်တာ။ ပြီးတော့ မှ ရဲစခန်းထဲအချင်းချင်းပစ်တာလို့ သိရတယ် ” ဟု ဒေသခံအမျိုးသားတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းကလည်း လောင်းလုံးမြို့မရဲစခန်းမှ ရဲတပ် သား (၃)ဥဦးစိတ်ဓာတ်ကျဆင်း၍ လက်နက်များယူကာထွက်ပြေးမှုဖြစ်ပွါးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

Lungekhit

crd

Leave a Reply

Your email address will not be published. Required fields are marked *