ဗိုလ်ရှုသဘင်တွင် အာဏာသိမ်းခေါင်းဆောင်ကို အလေးပြုရန် လေ့ကျင့်ရင်း Non-CDM ဝန်ထမ်းအချို့သေဆုံး
ရဲခေါင်/People’s Spring
၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့ကျရောက်မည့် စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်၌ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချီတက် အလေးပြုရန်လေ့ ကျင့်နေစဉ် Non CDM ဝန်ထမ်းအချို့သေဆုံးမှု ရှိနေကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်း အဝိုင်းကလူထုနွေဦးသတင်းဌာနသို့ပြောကြားသည်။
လေ့ကျင့်စဉ်သေဆုံးခဲ့သည့် ဌာနများမှာလျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန (MOGE) နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန(RTAD) မှ ဝန်ထမ်း နှစ်ဦးဖြစ်သည်။သို့သော်အဆိုသတင်းကို သတင်းမပျံ့ စေရန် ခြိမ်းခြောက်ထားကြောင်းလည်းသိရသည်။ ပူလောင်လှသောနေပြည်တော် နေ့ခင်းအချိန်များတွင်ပင် လေ့ကျင့်နေရသဖြင့်အဆိုပါ ဝန်ထမ်းနှစ်ဦး အပြင် သေဆုံး ၊နာမကျန်းသူများရှိနိုင်သေးကြောင်းလည်း သတင်းရင်းမြစ်အချို့ကပြောသည်။
“MOGE ကတစ်ယောက်ကအသက်က ၃၀ ကျော် အမျိုးသမီး အရာရှိ။နေပူထဲ လေ့ကျင့်နေရင်းနဲ့ ဦးနှောက်သွေးကြောပြတ်ပြီး နေရာမှာတင် သေတာ။သိပ်မကြာသေးဘူး။အလွန်ဆုံးရှိ တစ်ပတ်လောက်ပဲ”ဟု အမည်မဖော်လိုသည့် နေ ပြည်တော်အခြေစိုက် စစ်ကောင်စီဝန်ထမ်းတစ်ဦးက ပြောသည်။
အလားတူ RTAD မှ အမျိုးသားဝန်ထမ်းတစ်ဦးမှာလည်း လေထီးခုန်လေ့ကျင့်စဉ် သေဆုံးခဲ့ခြင်းဟုသိရသည်။”သူ့ကြတော့ လေ့ကျင်ရေးဆရာတွေမရှိခင်ကိုယ့်ဘာသာ ခြေချော်လက်ချော် ဖြစ်လို့ သေ တယ်ဆိုပြီး ဌာနတွင်းထဲမှာ သတင်းဖြန့်တယ်။ဒါ ပေမယ့် အမှန်တကယ်က ပင်ပန်းပြီးဖြစ်တာ”ဟု နေပြည်တော်မှသီးခြားသတင်းရင်းမြစ်ကရှင်းပြသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် လာမည့်ဇန်နဝါရီလ ၄ ရက်နေ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်တွင် ချီတက် အလေးပြုခံမည်ဖြစ်ပြီး နေပြည်တော် အပါအဝင် အမြန်လမ်းတစ် လျှောက် လုံခြုံရေးအများအပြား ချထားကြောင်းလည်းမျက်မြင်တွေ့ရှိသူများက ပြောသည်။
ထို့အပြင်စစ်ကောင်စီက အရပ်သားပြည်သူများစွာသေဆုံးခဲ့သော ဖားကန့်မြို့နယ် အနန့်ပါလေကြောင်းတိုက်ခိူက်မှုနှင့် ဥကရစ်ထတိုက်ပွဲတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောလေယာဉ်မောင်းများကို အဆိုပါအခမ်းအနားတွင်ဆုပေးမည့်အတွက်၊လေယာဉ်မောင်းများနေပြည်တော်သို့ရောက်နေကြပြီဖြစ်ကြောင်း စစ်ကောင်စီရင်းမြစိအချို့က People’s Spring သို့ပြောသည်။
(ဗိုလ်ရှုသဘင်အတွက် အာဏာသိမ်းခေါင်းဆောင်ကိုချီတက်အလေးပြုရန် ဒီဇင်ဘာလဒုတိယပါတ်တွင် နေပြည်တော်၌ နေပူအောက်တွင်လေ့ကျင့်နေသော စစ်ကောင်စီဝန်ထမ်းများ။ ။ဓါတ်ပုံ-CJ)

crd