ဘ ဝ ပါ ပျက် နိုင် တဲ့ ကိစ္စကြီးမို့ သည်းမခံနိုင် တော့ တဲ့အဆုံး ဖွင့် ချ ပြော ပြ လာ တဲ့ သရုပ်ဆောင် နန်းစန္ဒာလှထွန်း

ချစ်စရာကောင်းလွန်းလှတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး cးကတော့

သရုပ်ဆောင်ကောင်းရုံ သာမက အနေအထိုင် အေးဆေးပြီး တည်ငြိမ်လွန်း တာကြောင့် ပရိသတ်တွေ အချစ်ပိုနေရ သူလေး တစ်ယောက်ပါပဲ နော်။

ပရိသတ်တွေရဲ့ အချစ်တွေအများကြီးပိုင်ဆိုင်ထားတဲ့ နန်းစန္ဒာလှထွန်းလေး ကတော့ Miss World Myanmar

2015 ရဲ့ 2nd Runner up ဆုကိုလည်း ရရှိခဲ့သူလေး ဖြစ်ပါတယ်နော်။ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲကနေ

ရေဝတီ ဆိုတဲ့ဇာတ်ရုပ်လေး ကနေ စတင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီးဇာတ်လမ်း တွဲတွေ တောက်လျှောက်

ရိုက်ကူးလာရတဲ့နန်းစန္ဒာလှထွန်းက “အရိပ်”၊ “ကျွန်တော်အမုန်းဆုံးကျွန်တော်” “ဝင်္ကပါရှင်းတမ်း” စတဲ့ဇာတ်လမ်းတွဲတွေကလည်း

သူမကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိုပြီး အောင်မြင်လာစေခဲ့တာ ဖြစ်သလို လတ်တလောမှာ ပြသပြီးစီးခဲ့တဲ့ ”ဒေါင်းယာဉ်ပျံ

ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာလည်း ဇာတ်လမ်းတွဲ အပိုင်းတိုင်းမှာ သက်သက်ရဲ့ဇာတ် ကောင် စရိုက်လေးကို ပီပြင်စွာ သရုပ်ဖော်နိုင်ခဲ့သည့်အပြင်

ဇာတ်သိမ်းခန်းမှာတော့အကောင်းဆုံး အပီပြင်ဆုံးဖြစ်အောင် အကယ်ဒမီရှော့လို့ ဆိုရနိုင်လောက်တဲ့

အကြည့်များ အမူအယာ ခံစားသက်ဝင်မှုများကို ပိုင်နိုင်စွာနဲ့ ဖော်ကျူးပြနိုင်ခဲ့ပုံဟာ တကယ့်ကို

အပြင်မှာ ဖြစ်နေသည့်အလား ပီပြင်လွန်းလှသည့်အတွက် ပရိသတ်တွေ သည်းသည်းလှုပ်အားပေးကာ နှစ်ခြိုက်သဘောကျ ခဲ့ကြရတာလည်း ဖြစ်ပါတယ်နော်။

ပရိသတ်အချစ်တော် မင်းသမီးလေး ပီသစွာ နန်းစန္ဒာလှထွန်းဟာ ဇာတ်လမ်းတွဲ တစ်ခုပြီးတိုင်း ပြီးတိုင်းမှာ

ပရိသတ်တွေ ရင်ထဲ ဇာတ်ကောင် နာမည်နဲ့ တွဲရက် ကျန်ရစ်စွဲထင်နေစေနိုင်တဲ့ သူလေး ဖြစ်ပါတယ်။

ဒီလို အောင်မြင်မှုတွေ ပရိသတ်လက်ခံ အားပေးမှုတွေ ရှိလာသည့်နောက်မှာတော့ တချို့သောသူများက သူမရဲ့

နာမည်နဲ့အတူ ဇာတ်ကောင် နာမည်တွေကိုပါ တွဲဖက် အသုံးချကာပေ့ခ်ျ အတုတွေ ဖွင့်ပြီး လောင်းကစားကြော်ငြာများကို လုပ်ကိုင်လျှက် ရှိလာနေတာပဲ ဖြစ်ပါတယ်။

ယခုလို အချိန်ကာလကြီးမှာ ပေ့ခ်ျအတုဖွင့်ခံရကာ ကိုယ့်အမည်နဲ့ လောင်းကစား ကြော်ငြာများ ကြော်ငြာခံနေရသည့်က

ပရိသတ်ပြည်သူများ အထင်အမြင် လွဲမှားစရာ ဖြစ်နေသည့်အတွက် ယနေ့မှာတော့ နန်းစန္ဒာလှထွန်း

ကသူမရဲ့အမည်ကို အသုံးချပြီး ပေ့ခ်ျဖွင့်ကာ လောင်းကစား ကြော်ငြာတွေ လုပ်စားနေသူများကို ယခုလိုပဲ ပြတ်ပြတ်သားသား ပြောဆို လာခဲ့တာပဲ ဖြစ်ပါတယ် နော်။

နန်းစန္ဒာလှထွန်း က“လူတွေ လည်း လုပ်စားရင် တော်ယုံ တန်ယုံ လုပ်စား ကြပေါ့

၊ ကိုယ့်နာမည်နဲ့ like တွေ follower တွေရအောင် လုပ်ပြီး ဒီလိုလုပ် နေတာတော့ တော်တော် တရားလွန် တယ်နော်!

ကြည့်ကြပ် ပြီးတော့လည်း ယုံကြ ပါနော် follower တွေ blue mark တွေ စစ်ပေးပါ။ ဒီလို ethics မရှိ

လုပ်စားနေတာကို ဝိုင်းပြီး ရီပို့စ်ထု ပေးကြ ပါအုံး plz !”ဆိုတဲ့ စာလေးနဲ့ အတူသူမရဲ့နာမည်ကို ယူသုံးကာ

လောင်းကစား ပိုစ့်တွေ ကြေ ညာ ပေးနေတာဟာ သူမ မဟုတ်ကြောင်း အသိပေး ရှင်းလင်းရင်း ပေါက်ကွဲစွာ ပြောလာတာပဲဖြစ် ပါတယ်နော်။
Credit

Leave a Reply

Your email address will not be published. Required fields are marked *